ရာဖယ်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမလုပ်ဖို့ အစ္စရေးကို နိုင်ငံတကာရာဇဝတ်တရားရုံးတောင်းဆို
ဂျန်ဇက် (NSS) - မေ ၂၅
နိုင်ငံတကာရာဇဝတ်တရားရုံးဟာ ဂါဇာဒေသရှိ ရာဖယ်မြို့ကိုတိုက်ခိုက်နေတဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို အဆုံးသတ်ဖို့ အမိန့်ပေးလိုက်ကြောင်းသိရပါတယ်။
အစ္စရေးနဲ့ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲ (၇)လကျော်လာချိန်မှာ နိုင်ငံတကာရာဇဝတ်တရားရုံးက ရာဖယ်မြို့မှာထိုးစစ်ဆင်မှုတွေကိုရပ်တန့်ဖို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။ နိုင်ငံတကာရာဇဝတ်တရားရုံးဟာ ဟားမက်စ်အဖွဲ့ကိုလည်း ဖမ်းဆီးထားသူအားလုံးပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။ ဒါ့ပြင် အီဂျစ်နဲ့ ဂါဇာဒေသကြား ဖြတ် သန်းသွားလို့ရတဲ့ ရာဖယ်မြို့ကို ပိတ်ဆို့ထားခြင်းကိုလည်း ပြန်လည်ဖွင့်လှစ်ပေးဖို့ နိုင်ငံတကာရာဇဝတ်တရားရုံးက တိုက်တွန်းတောင်းဆိုထားပါတယ်။နိုင်ငံတကာရာဇဝတ်တရားရုံးဟာ အမေရိကန်စီအိုင်အေ အကြီးအကဲ နဲ့ အစ္စရေးကိုယ်စားလှယ်များ၊ ပြင်သစ်သမ္မတနဲ့ အာရပ် အဓိကနိုင်ငံလေးနိုင်ငံရဲ့ကိုယ်စားလှယ်တွေ မတွေ့ဆုံခင် အခုလိုမျိုးတိုက်တွန်း တောင်းဆိုခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာရာဇဝတ်တရားရုံးဟာ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုအပါအဝင် အစ္စရေးအစိုးရအဖွဲ့ထိပ်တန်းတာဝန်ရှိသူတွေ နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ထိပ်သီးခေါင်းဆောင်သုံးဦးကို ဖမ်းဝရမ်းထုတ်ဖို့ စီစဉ်နေရာ တင်းမာမှုတွေဖြစ်ပွားနေကြောင်းသိရပါတယ်။
အစ္စရေးဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ နဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုမရခဲ့ပြီးနောက် မေလအစောပိုင်းမှာ ရာဖယ်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများလုပ်ဆောင်လာခဲ့ကြောင်း သိရပါတယ်။ ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေက ရာဖယ်မြို့ကို ထိုးစစ်ဆင်တိုက် ခိုက်ခြင်းမလုပ်ဖို့ တောင်းဆိုခဲ့ပေမယ့် အစ္စရေးက တောင်းဆိုချက်တွေကိုလက်မခံဘဲ ရာဖယ်မြို့ကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနဲ့နယ်နမိတ်ချင်းထိစပ်နေတဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ဒရုန်းတံတိုင်းတစ်ခုတည်ဆောက်ဖို့ သဘောတူ
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း