ရုရှားနဲ့နယ်နမိတ်ချင်းထိစပ်နေတဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ဒရုန်းတံတိုင်းတစ်ခုတည်ဆောက်ဖို့ သဘောတူ
Pika (NSS) - မေ ၂၅
လစ်သူယေးနီးယားနိုင်ငံ၊ ရုရှားနဲ့နယ်နမိတ်ချင်းထိစပ်နေတဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံ(၅)နိုင်ငံဟာ ၎င်းတို့ရဲ့နယ်စပ်တွေကို ကျူးကျော်ရန်စမှုတွေကနေ ကာကွယ်ဖို့အတွက် ဒရုန်းတံတိုင်းတစ်ခုတည်ဆောက်ဖို့ သဘောတူညီခဲ့တယ်လို့ လစ်သူယေးနီးယားအစိုးရက မေလ(၂၄)ရက်နေ့မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ဒေသတွင်းမှာ လုံခြုံရေးစိုးရိမ်မှုတွေမြင့်တက်လာတာကြောင့် ဒရုန်းတွေကို ကာကွယ်ရေးအတွက် အသုံးပြုဖို့ အစီ အစဉ်ကို သဘောတူခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ လစ်သူယေးနီးယားပြည်ထဲရေးဝန်ကြီး Agne Bilotaite ဟာ ဘော်လ်တစ်နိုင်ငံတွေဖြစ်တဲ့ အက်စတိုးနီးယား၊ လတ်ဗီးယားအပြင် ဖင်လန်၊ နော်ဝေး၊ ပိုလန်နိုင်ငံတို့ရဲ့ ပြည်ထဲရေးဝန်ကြီးတွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ပြီးတဲ့နောက်မှာ အဲဒီအစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ Agne Bilotaite က'ဒီအစီအစဉ်က လုံးဝအသစ်အဆန်းတစ်ခုဖြစ်ပါတယ်။ နော်ဝေးနိုင်ငံကနေ ပိုလန်နိုင်ငံအထိ ရှည်တဲ့ဒရုန်းတံတိုင်းရဲ့ရည်ရွယ်ချက်ကတော့ ကျွန်မတို့ရဲ့နယ်စပ်တွေကို ကာကွယ်ဖို့အတွက် ဒရုန်းတွေနဲ့ အခြားနည်းပညာတွေကို အသုံးပြုသွားဖို့ပဲဖြစ်ပါတယ်။ အခြေခံအဆောက်အအုံတွေ၊ ထောက်လှမ်း ရေးစနစ်တွေသာမက ဒရုန်းတွေ၊ အခြားနည်းပညာတွေနဲ့အတူ ဖော်ရွေမှုမရှိတဲ့နိုင်ငံတွေရဲ့ ရန်စမှုတွေနဲ့ မှောင်ခိုကူးသန်းရောင်းဝယ်မှုတွေကို တားဆီးကာကွယ်နိုင်တော့မှာပါ”လို့ ပြောဆိုခဲ့ပါတယ်။
ဒီသဘောတူညီချက်မှာ ပါဝင်တဲ့နိုင်ငံတွေဟာ နယ်စပ်တွေကို စောင့်ကြည့်ဖို့အတွက် ဒရုန်းတွေကိုဖြန့်ကျက်ချထားမယ့်အပြင် ရန်သူတွေရဲ့ဒရုန်းတွေကို ရပ်တန့်နိုင်ဖို့အတွက် ဒရုန်းဖျက်ဆီးရေးစနစ်တွေကိုလည်း အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း အဲဒီအစီအစဉ်အတွက် အချိန်အတိအကျကို Agne Bilotaite က ထုတ်ဖော်ပြောဆိုခဲ့တာမျိုးမရှိဘူးလို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒေသတည်ငြိမ်အေးချမ်းရေးဆောင်ရွက်ရာတွင် အာဃာတ နှင့် အငြိုးအတေးများ မကျန်စေရေး၊ ထိခိုက်မှုအနည်းဆုံးဖြစ်ရန် ဆောင်ရွက်နေဟု တပ်ချုပ်ပြော
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း