ယူကရိန်းလေယာဉ်မှူးများက F-16 တိုက်လေယာဉ်နှင့်လေ့ကျင့်မှု ပြီးဆုံးသွားပြီဖြစ်ကြောင်း အမေရိကန်စစ်ဘက် သတင်းထုတ်ပြန်
Pika (NSS) - မေ ၂၄
ယူကရိန်းလေယာဉ်မှူးပထမအသုတ်သည် အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်တွင် F-16 တိုက်လေယာဉ်များနှင့်လေကျင့်မှုများ ပြီးဆုံးသွားပြီဖြစ်ကြောင်းသိရသည်။
အဆိုပါလေ့ကျင့်မှုပြီးဆုံးမှုနှင့်အတူ ယူကရိန်းသည် အမေရိကန်ထုတ် F-16 တိုက်လေယာဉ်များကို လက်ခံရရှိရန် ခြေတစ်လှမ်းပိုနီးလာပြီဖြစ်ကြောင်းလည်းသိရသည်။ အရေအတွက် ဖော်ပြထားခြင်းမျိုးမရှိသော ယူကရိန်းလေယာဉ်မှူးများသည် Tucson မြို့ရှိ Arizona Air National Guard Wing ဌာနတွင် F-16 တိုက်လေယာဉ်များနှင့်လေ့ကျင့်မှု ပြီးဆုံးသွားပြီဖြစ်ကြောင်း Politico သတင်းဌာနက မေလ(၂၃)ရက်နေ့တွင် ရေးသားဖော်ပြခဲ့သည်။ ထို့ပြင် ယူကရိန်းလေယာဉ်မှူးများ၏ သင်တန်းပြီးဆုံးမှုသည် အမေရိကန်ထုတ် F-16 တိုက်လေယာဉ်များကို ယူကရိန်းကလက်ခံရရှိရန်အတွက် အရေးကြီးသော ပထမခြေလှမ်းဖြစ်ကြောင်း Arizona Air National Guard Wing ဌာန ပြောရေးဆိုခွင့်ရှိသူအမျိုးသား အီရင်ဟန်နီဂန်က ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ယူကရိန်းလေယာဉ်မှူးများသည် နောက်ထပ်လေ့ကျင့် ခန်းများအတွက် ဥရောပသို့ဦးတည်သွားနေပြီဖြစ်ကြောင်း Politico ကဖော်ပြခဲ့သည်။ နော်ဝေး၊ ဒိန်းမတ်၊ ဘယ်လ်ဂျီယံ နှင့် နယ်သာလန်နိုင်ငံတို့သည် ယူကရိန်းကို F-16 တိုက်လေယာဉ် အစင်းရေ(၆၀)စင်း ပေါင်းစပ်ပေးမည်ဟု ကတိပြုထားကြသည်။ F-16 တိုက်လေယာဉ်များသည် ယူကရိန်း၏ စစ်ရေးစွမ်းရည်များကို မြှင့်တင်နိုင်ကြောင်း ယူကရိန်းအရာရှိအချို့က ပြောဆိုထားကြသော်လည်း အမေရိကန်လေတပ်အတွင်းရေးမှူး ဖရန့်ခ်ကန်ဒဲလ်က F-16 တိုက်လေယာဉ်များသည် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခတွင် ကြီးမားသောအပြောင်းအလဲများကို ဖြစ်စေမည်မဟုတ်ကြောင်း ပြီးခဲ့သည့်နှစ်တွင် သတိပေးပြောဆိုခဲ့သည်။ F-16 တိုက်လေယာဉ် (၅)စင်းသည် လာမည့်လများအတွင်း ယူကရိန်းသို့ စတင်ရောက်ရှိလာမည်ဖြစ်ကြောင်း ဒိန်းမတ်ဝန်ကြီးချုပ်မက်ဖရက်ဒဲရစ်ခ်ဆန်က ပြီးခဲ့သည့်သီတင်းပတ်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ်းခြေစောင့်တပ်ဖွဲ့များအပေါ်ခွင့်ပြုခဲ့သော တရုတ်အစိုးရ၏စည်းကမ်းဥပဒေအသစ်များက ရန်စမှုဖြစ်ကြောင်း ဖိလစ်ပိုင်စစ်ဘက်ပြော
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း