ကမ်းခြေစောင့်တပ်ဖွဲ့များအပေါ်ခွင့်ပြုခဲ့သော တရုတ်အစိုးရ၏စည်းကမ်းဥပဒေအသစ်များက ရန်စမှုဖြစ်ကြောင်း ဖိလစ်ပိုင်စစ်ဘက်ပြော
ဂျန်ဇက် (NSS) - မေ ၂၄
ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက တောင်တရုတ်ပင်လယ်အတွင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့များနှင့်ပတ်သက်ပြီး သတ်မှတ်လိုက်သော တရုတ်အစိုးရ၏ စည်းကမ်းဥပဒေများသည် ရန်စမှုတစ်ခုဖြစ်ကြောင်း ဝေဖန်ပြစ်တင်လိုက်သည်။
ဖိလစ်ပိုင်နိုင်ငံ နှင့် တရုတ်နိုင်ငံတို့သည် တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေအငြင်းပွားမှုများနှင့်ပတ်သက်ပြီး မကြာသေးမီက ထိပ်တိုက်တွေ့ဆုံမှုများဖြစ်လာခဲ့ကြောင်း သိရသည်။ တရုတ်အစိုးရသည် ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့များကို နိုင်ငံခြားသင်္ဘောများအား ပစ်ခတ်ခွင့်ပေးမည့်ဥပဒေကို ခွင့်ပြုပေးလိုက်ကြောင်းသိရသည်။ တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ် အရေးနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံအပါအဝင် အာဆီယံဒေသအတွင်းရှိ နိုင်ငံများနှင့်ပိုင်နက် နယ်မြေအငြင်းပွားနေပြီး တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်နက်နယ်မြေအားလုံး၏ ၉၀ ရာခိုင်နှုန်းနီးပါးကို ၎င်းတို့ပိုင်နက်ဖြစ်ကြောင်း ပြောဆိုထားသည်။
ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတို သီယိုဒိုရိုက "ကမ်းခြေစောင့် တပ်ဖွဲ့တွေကို ခွင့်ပြုပေးလိုက်တဲ့ တရုတ်အစိုးရရဲ့ဥပဒေဟာ ကုလသမဂ္ဂ ကြေညာစာတမ်းကို ချိုးဖောက်လိုက်တာဖြစ်တယ်။ အင်အားသုံးဖြေရှင်းတာ၊ ရန်စမှုတွေမလုပ်ဖို့ သတ်မှတ်ထားတဲ့ နိုင်ငံတကာစည်းကမ်းတွေကိုချိုးဖောက်လိုက်တာဖြစ်တယ်။ တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ ရေကြောင်းပိုင်နက်အငြင်းပွားမှုတွေရှိနေတယ်။ တောင်တရုတ်ပင်လယ်အတွင်း ကမ်းခြေစောင့်တပ်ဖွဲ့တွေအတွက် စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး တရုတ်အစိုးရရဲ့စည်းကမ်းတွေဟာ ကျွန်တော့်အမြင်တော့ ရန်စမှုတစ်ခုဖြစ်ပါတယ်။"ဟုပြောသည်။
တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သည် ပြီးခဲ့သောလများအတွင်း တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်နက်နယ်မြေအငြင်းပွားနေသည့်နေရာများတွင် ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောများကို မီးသတ်ပိုက်ဖြင့်ထိုးခြင်းများ၊ သင်္ဘောကို ဝင်တိုက်ခြင်းများလုပ်ဆောင်ခဲ့ရာ ဖိလစ်ပိုင်သင်္ဘောများထိခိုက်ပြီး သင်္ဘောသားများဒဏ်ရာရခဲ့ဖူးကြောင်း သိရသည်။ တရုတ်အစိုးရက အသစ်ထုတ်ပြန်လိုက်သော စည်းကမ်းသည် ဖိလစ်ပိုင်နိုင်ငံ၏ ရေကြောင်းပိုင်နက်မျာကို ကာကွယ်ရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ တောင်တရုတ်ပင်လယ်အတွင်းရှိ တရုတ်နိုင်ငံ ပိုင်နက်များအတွင်း တရားမဝင်သောလုပ်ရပ်များလုပ်ကိုင်မှုမရှိဘူးဆိုလျှင် စည်းကမ်းဥပဒေအသစ်အပေါ် စိုးရိမ်စရာမလိုကြောင်းတုံ့ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်းဝခေတ်က စာဆို ရှင်မဟာရဋ္ဌသာရ၏ ဂူဗိမာန်ကို ပြန်လည်ထိန်းသိမ်းစောင့်ရှောက်ရာတွင် ပြီးစီးလုနီးပါး အခြေအနေဖြစ်နေ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း