Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်ဝမ်သမ္မတသစ်တက်လာပြီး ရက်ပိုင်းအကြာမှာ တရုတ်စစ်တပ်က ကျွန်းအနီးမှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ စတင်ပြုလုပ်

Pika (NSS) -  မေ ၂၃

ထိုင်ဝမ်သမ္မတသစ်လိုင်ချန်တေးတက်လာပြီး ရက်ပိုင်းအကြာ မေလ (၂၃) ရက်နေ့မှာ တရုတ်စစ်တပ်ဟာ ထိုင်ဝမ်ကျွန်းအနီးမှာ ပြစ်ဒဏ်လို့အမည်ပေးထားတဲ့ နှစ်ရက်ကြာစစ်ရေးလေ့ကျင့်ခန်းကို စတင်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ 


တရုတ်အစိုးရက လိုင်ချန်တေးဟာ ခွဲထွက်ရေးသမားတစ်ဦးဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး မေလ(၂၀)ရက်နေ့မှာလုပ်ဆောင်ခဲ့တဲ့ ၎င်းရဲ့ကျမ်းသစ္စာကျိန်ဆိုပွဲကို ပြစ်တင်ရှုတ်ချတယ်လို့လည်း သိရပါတယ်။ လိုင်ချန်တေးဟာ တရုတ်ရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်ပြောဆိုချက်တွေကို ငြင်းဆန်ပယ်ချထားပြီး ထိုင်ဝမ်ကျွန်းပြည်သူတွေသာ ၎င်းတို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်နိုင်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်စစ်တပ်ရဲ့ ကြည်းတပ်၊ ရေတပ်၊ လေတပ်နဲ့ဒုံးကျည်တပ်ဖွဲ့တို့ပါဝင်တဲ့ စစ်ရေးလေ့ကျင်မှုကို မေလ(၂၃)ရက်နေ့၊ နံနက်(၇)နာရီ(၄၅)မိနစ်မှာ စတင်လုပ်ဆောင်ခဲ့တယ်လို့ အရှေ့ပိုင်းစစ်ကွပ်ကဲမှုဌာနချုပ်က ပြောကြားခဲ့ပါတယ်။ စစ်ရေးလေ့ကျင့်မှုတွေကို ထိုင်ဝမ်ထိန်းချုပ်ထားတဲ့ Kinmen၊ Matsu၊ Wuqiu ၊ Dongyin ကျွန်းတွေအပြင် ကျွန်းရဲ့ အရှေ့ဖက်၊ တောင်ဖက်၊ မြောက်ဘက်နဲ့ ထိုင်ဝမ်ရေလက်ကြားမှာ ပြုလုပ်နေတယ်လို့ တရုတ်စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။ စစ်ရေးလေ့ကျင့်မှုတွေအတွင်း ပူးတွဲပင်လယ်-လေကြောင်းတိုက်ခိုက်ရေးအတွက် အဆင်သင့်ပြင်ထားတဲ့ ကင်းလှည့်မှုတွေ၊ အဓိကပစ်မှတ်တွေကို တိတိကျကျ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ပူးတွဲတိုက်ခိုက်ရေးစွမ်းရည်တွေကို စမ်းသပ်ဖို့အတွက် ပေါင်းစပ်စစ်ဆင်ရေးတွေကို အဓိကထားလုပ်ဆောင်သွားမယ်လို့ တရုတ်စစ်တပ်ကပြောကြားခဲ့ပါတယ်။

ထုတ်ပြန်ချက်မှာ 'ဒါဟာ ထိုင်ဝမ်ရဲ့ ခွဲထွက်ရေးလုပ်ရပ်တွေအတွက် ပြင်း ထန်တဲ့ပြစ်ဒဏ်တစ်ခုဖြစ်သလို ပြင်ပအင်အားစုတွေရဲ့ ရန်စမှုတွေကို ဆန့် ကျင်တဲ့ ပြင်းထန်တဲ့ သတိပေးချက်လည်း ဖြစ်ပါတယ်'လို့ ရေးသားဖော်ပြထားပါတယ်။ တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်မှုတွေကို စတင်ပြီးနောက် ထိုင်ဝမ်ကျွန်းရဲ့ အချုပ်အခြာအာဏာကိုကာကွယ်ဖို့အတွက် တပ်ဖွဲ့ဝင်တွေစေလွှတ်ခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက မေလ(၂၃)ရက်နေ့မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ထိုင်ဝမ်အစိုးရဟာ တရုတ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ပြစ်တင်ရှုတ်ချပြီး ကျွန်းရဲ့အမျိုးသားလုံခြုံရေးကို ပြတ် ပြတ်သားသားကာကွယ်သွားမှာဖြစ်တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဌာနက ထပ်မံပြောဆိုခဲ့ပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

MNL ကစားသမားများအနေဖြင့် လုပ်ပွဲကစားပါက ရာသက်ပန်ထုတ်ပယ် သည်အထိအရေးယူခံမည့်အပြင် လောင်းကစားဥပဒေဖြင့်ပါ အရေးယူခံရမည်

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved