သမ္မတလိုင် ရာထူးစတင်ချိန်မှာပင် ထိုင်ဝမ်ပါလီမန်၌ ငြင်းခုံမှုဖြစ်ပွား
ALynn (NSS) - မေ ၂၂
ထိုင်ဝမ်လွှတ်တော်အမတ်များသည် အင်္ဂါနေ့ (မေလ ၂၁ ရက်) တွင် ပါလီမန်အစည်းအဝေးတစ်ခုအတွင်း အချင်းချင်းအော်ဟစ်ငြင်းခုံမှုများဖြစ်ပွားခဲ့ပြီး ယင်းမှာ အသစ်ခန့်အပ်ခံရသော သမ္မတ လိုင်ချန်တဲ ရှေ့ဆက်ရမည့်အခက် အခဲများကို ဖော်ပြသလိုဖြစ်နေသည်။
သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး တစ်ရက်အကြာတွင် နှစ်ဖက်စလုံးမှ နိုင်ငံ ရေးသမားများက ကန့်ကွက်သည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆူပူငြင်းခုံမှုများ ပြုလုပ်ခဲ့ကြသည်။ "ဒီနေ့ (သမ္မတလိုင်)ရဲ့ ဒုတိယမြောက်နေ့ပဲ ဖြစ်ပါတယ်။ ပါလီမန်မှာ နောက်ထပ်ခုလိုပဋိပက္ခတွေထပ်ဖြစ်ရင် ဘယ်လိုဖြေရှင်းမလဲ”ဟု အတိုက်အခံ ကူမင်တန်(KMT)ပါတီမှ ပါလီမန်ဥက္ကဋ္ဌ ဟန်ကူးယူက ပြောခဲ့သည်။
လိုင်၏ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP)သည် ဇန်နဝါရီ ရွေး ကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း ပါလီမန်အမတ်နေရာအများစုကိုမူ ရယူနိုင်ခဲ့ခြင်း မရှိပါ။ ယခုအခါ DPP ပါတီသည် ပါလီမန်တွင် ထိုင်ဝမ်ကို ၎င်း၏ပိုင်နက်အဖြစ် သတ်မှတ်ထားသော တရုတ်နှင့် နီးစပ်သည်ဟု ယူဆရသော သမိုင်းဝင် ကူမင်တန်ပါတီဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့နှင့် ရင်ဆိုင်နေရသည်။ အတိုက်အခံ မဟာမိတ်အဖွဲ့သည် ဥပဒေပြုလွှတ်တော်၏ အာဏာများကို ချဲ့ထွင်ရန် ဥပဒေကြမ်းများတင်သွင်းထားပြီး ၎င်းတို့သည် သင့်လျော်သော ညှိနှိုင်းစေ့စပ်မှုမျိုးမရှိဘဲ ဖိအားပေးနေခြင်းသာဖြစ်သည်ဟု DPP က ဖော်ပြထားသည်။ ပါလီမန်တွင် သောကြာနေ့က လွှတ်တော်အမတ်များအကြား ခိုက်ရန်ဖြစ်ပွားပြီးနောက် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး DPP အဖွဲ့ဝင်များက "အာဏာချဲ့ထွင်ခြင်းမပြုရန်" ဆိုင်းဘုတ်ကြီးကို ကိုင်ဆောင်ပြီး အင်္ဂါနေ့ အစည်းအဝေးတွင် ထပ်မံဆူဆူပူပူဖြစ်ခဲ့ကြခြင်းဖြစ် သည်။
အတိုက်အခံများ တင်သွင်းထားသည့် ဥပဒေကြမ်းငါးခုအနက် အငြင်းပွားဖွယ်ရာမှာ ပါလီမန်ကို မထီမဲ့မြင်ပြုသည့် ပြစ်မှုဖြစ်ပြီး ယင်းတွင် ဥပဒေပြုရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများတွင် ပူးပေါင်းဆောင်ရွက်လိုခြင်းမရှိသော အရာရှိများအား ရာဇ၀တ်မှုမြောက်ကြောင်း သတ်မှတ်လိုခြင်းဖြစ်သည်။ ဝေဖန်သူများကမူ ၎င်းဥပဒေကြမ်းမှာ ပုဂ္ဂလိကနိုင်ငံရေး ခံစားချက်များအပေါ် အခြေခံ ထားကြောင်း သုံးသပ်ထားသည်။ သောကြာနေ့က ပါလီမန်အတွင်း ခိုက်ရန်ဖြစ်ပွားမှုအပြီးတွင် DPP ပါတီထောက်ခံသူများသည် ပါလီမန်ရှေ့တွင် စုရုံးကာ ၎င်းဥပဒေကြမ်းကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ကိုင်း၌အခွန်ရုံးဝန်ထမ်းအချို့နှင့် လဝကဝန်ထမ်းမိသားစုကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်စဉ် လုံခြုံရေးအဖွဲ့နှင့်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဝန်ထမ်း(၂)ဦးအပါအဝင်(၅)ဦးသေဆုံးခဲ့
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း