တောင်းဆိုချက်တွေကို ခွင့်မပြုဘူးဆိုရင် အစိုးရအဖွဲ့က နုတ်ထွက်မယ်လို့ အစ္စရေးဝန်ကြီးဖြစ်သူ ဘန်နီဂန့်ဇ် ခြိမ်းခြောက်
ဂျန်ဇက် (NSS) - မေ ၂ဝ
အစ္စရေးအစိုးရအဖွဲ့ရဲ့ထိပ်တန်းဝန်ကြီးတစ်ဦးဖြစ်သူ ဘန်နီဂန့်ဇ်က အစ္စရေးအစိုးရအဖွဲ့အနေနဲ့ ဂါဇာစစ်ပွဲ ပတ်သက်ပြီး အစီအစဉ်အသစ်တွေကို ကတိပြုလက်ခံခြင်းမရှိဘူးဆိုရင် အစိုးရအဖွဲ့အတွင်းက နုတ်ထွက်သွား မယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဂါဇာဒေသအရေးနဲ့ပတ်သက်တဲ့အစီအစဉ်အသစ်ထဲမှာ ဟားမက်စ်အုပ်စုကို အုပ်ချုပ်ခွင့်ပေးမှုတွေကို အဆုံးသတ်ဖို့ အချက်တွေ အပါအဝင် အခြားအချက်တွေလည်း ပါဝင်နေပါတယ်။ ဒါပေမယ့် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုဟာ ဝန်ကြီး ဘန်နီဂန့်ဇ်ရဲ့တင်ပြတောင်းဆိုချက်တွေကို ငြင်းဆန်ပယ်ချခဲ့ရာ အစ္စရေးအစိုးရအဖွဲ့အတွင်း သဘောထား ကွဲလွဲမှုများဖြစ်လာခဲ့ကြောင်း သိရပါတယ်။
အစ္စရေးနိုင်ငံကို ဟားမက်စ်လက်နက်ကိုင်အဖွဲ့က ရုတ်တရက်တိုက်ခိုက်လာခဲ့ပြီးနောက်ပိုင်း အဓိကနိုင်ငံရေးပါတီ တွေ ပူးပေါင်းပါဝင်မယ့် အစ္စရေးအစိုးရအဖွဲ့ကို အရေးပေါ်ဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။ ဂန့်ဇ်ဟာ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုရဲ့နိုင်ငံရေးပြိုင်ဘက်တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
ဝန်ကြီးဖြစ်သူ ဂန့်ဇ်က "ဂါဇာအရေးနဲ့ပတ်သက်ပြီး မဟာဗျူဟာမြောက်ရည်မှန်းချက်တွေ ပါဝင်တဲ့အချက် ခြောက် ချက်ကို အစ္စရေးအစိုးရ ခွင့်ပြုပေးရမယ်။ အဲဒီအချက်တွေထဲမှာ ဟားမက်စ်အုပ်ချုပ်မှုကို ဖြတ်ချဖို့၊ ပြန်ပေးဆွဲ ခံရ သူတွေကို မိခင်အိမ်ကို ပြန်ခေါ်ယူဖို့အချက်တွေလည်း ပါဝင်နေပါတယ်။ ဝန်ကြီးချုပ်နေတန်ရာဟုဟာ အဲဒီ အချက်ခြောက်ချက်ကို ခွင့်မပြုဘူးဆိုရင်တော့ အစိုးရအဖွဲ့အတွင်းက နုတ်ထွက်သွားမယ်" လို့ ပြောပါတယ်။
ဂန့်ဇ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အစ္စရေးကာကွယ်ရေးဝန်ကြီးနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အခုလိုမျိုးတောင်းဆို လာခြင်းဖြစ်ကြောင်း သိရပါတယ်။ အစ္စရေးဝန်ကြီး ဘန်နီဂန့်ဇ်၊ ဝန်ကြီးချုပ်နေတန်ရာဟုနဲ့ ကာကွယ်ရေးဝန်ကြီး တို့ကို လက်ရှိအချိန်မှာ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး three-person war cabinet လို့ တင်းစားပြောဆိုခံနေရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပူတာအိုမြို့၊ ခလရ(၄၆)အနီးရှိ အရပ်သားနေအိမ်များကို မေလ(၂၅)ရက်နေ့ နောက်ဆုံးထားဖယ်ပေးရန် KIA က ခြိမ်းခြောက်နေဟုဆို
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ