အမေရိကန်နိုင်ငံထုတ် ရဟတ်ယာဉ်ပျက်ကျမှုကြောင့် အီရန်သမ္မတ အပါအဝင် ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါသူအားလုံး သေဆုံး
ဂျန်ဇက် (NSS) - မေ ၂ဝ
အီရန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ရဟတ်ယာဉ်ပျက်မှုကြောင့် အီရန်သမ္မတ အီဗရာဟင်ရိုင်စီ အပါအဝင် ရဟတ်ယာဉ်ပေါ် မှာ လိုက်ပါသွားသူအားလုံး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။
အီရန်သမ္မတအီဗရာဟင်ရိုင်စီနဲ့အတူ ၎င်းရဲ့နိုင်ငံခြားရေးဝန်ကြီးတို့ဟာ အီရန်နိုင်ငံအရှေ့ဘက်ပိုင်း အဇာဘိုင်ဂျန် ပြည်နယ်ကို သွားရောက်ချိန်အတွင်းစီးနင်းသွားခဲ့တဲ့ Bell 212 အမျိုးအစားရဟတ် ပျက်ကျသွားခဲ့တာဖြစ်ပါတယ်။
အဆိုပါရဟတ်ယာဉ်ပေါ်မှာ အီရန်သမ္မတ၊ လေယာဉ်မှူး နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးတို့ အပါအဝင် လူပေါင်း ၁၅ ဦး လိုက်ပါစီးနင်းသွားခဲ့ကြောင်း သိရပါတယ်။ အီရန်ကြက်ခြေနီအဖွဲ့က အီရန်ကယ်ဆယ်ရေးအဖွဲ့တွေဟာ ပျက်ကျသွားခဲ့တဲ့ရဟတ်ယာဉ်ကို ရှာဖွေနိုင်ဖို့ တူရကီနိုင်ငံထုတ် ဒရုန်းများ အသုံးပြုကာ ရှာဖွေနေပြီး လက်ရှိ အချိန်မှာ ရဟတ်ယာဉ်အပိုင်းအစများကို ပြန်လည်ရှာဖွေတွေ့ရှိထားကာ အီရန်သမ္မတ အီဗရာဟင်ရိုင်စီ အပါအဝင် အသက်ရှင်ကျန်ရစ်သူတစ်ဦးမှ မရှိကြောင်း အတည်ပြုပါတယ်။
အီရန်သမ္မတဟာ နိုင်ငံအတွင်းရှိ ပြည်နယ် ပေါင်း ၃ဝ ကျော်ကို အနည်းဆုံးတစ်နှစ်တစ်ကြိမ် သွားရောက်မယ်လို့ ကတိပြုထားတဲ့အတိုင်း အဇာဘိုင်ဂျန်ပြည်နယ်ဒေသကို သွားရောက်စစ်ဆေးချိန်အတွင်း ရဟတ်ယာဉ်ပျက်ကျရမှု နဲ့ရင်ဆိုင်ရတာဖြစ်ပါတယ်။
အီရန် ဒုတိယသမ္မတ တစ်ဦးဖြစ်တဲ့ Mohammad Mokhber ဟာ အီရန်နိုင်ငံရဲ့ယာယီသမ္မတအဖြစ် တာဝန်ယူ ဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်နေပါတယ်။ အီရန်သမ္မတ အီဘရာဟင်ရိုင်စီဟာ အီရန်သမ္မတအဖြစ် ၂ဝ၂၁ ခုနှစ်မှာ တာဝန်ယူခဲ့ပြီး အီရန်တရားရေးဌာနမှာ နှစ်ပေါင်းများစွာကြာတာဝန်ယူခဲ့သူဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လေးလအတွင်း ဒေါ်လာသန်း(၆၀)ကျော်ဖိုးအထိ ဟွန်ဒီမှတစ်ဆင့် နိုင်ငံ ခြားငွေယိုစီးနေသော ဘန်ကောက်တွင် အိမ်ဝယ်ယူမှုမြင့်တက်နေသည့်ကိစ္စ နစက ထိန်းကျောင်းရန်လို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ