Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အီရန်သမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီးတို့ လိုက်ပါသွားသည့် ရဟတ်ယာဉ် ပျက်ကျ

Htay Oung (NSS) - မေ ၂ဝ 

အီရန်သမ္မတ အီဗရာဟင်ရိုင်စီနဲ့ ၎င်းရဲ့နိုင်ငံခြားရေးဝန်ကြီးတို့ လိုက်ပါသွားတဲ့ ရဟတ်ယာဉ်ဟာ နိုင်ငံအရှေ့ပိုင်း အဇာဘိုင်ဂျန်ပြည်နယ် ဝေးလံခေါင် ဖျားဒေသမှာ ပျက်ကျခဲ့ကြောင်း၊ ရာသီဥတုဆိုးရွားမှုကြောင့် ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းများမှာ အဟန့်အတားဖြစ်နေရတယ်လို့ အယ်လ်ဂျားဇီးယား သတင်းအေဂျင်စီက ယနေ့ (မေလ ၂ဝ ရက်)မှာ အရေးကြီး ကြားဖြတ်သတင်းအဖြစ် ဖော်ပြပါတယ်။


အီရန်ရှာဖွေကယ်ဆယ်ရေး အရေးပေါ် တပ်ဖွဲ့ဝင်များရဲ့လှုပ်ရှားမှုကို တစ်ကမ္ဘာလုံးက စိတ်ပါဝင်စားစွာ စောင့်ကြည့်နေကြပါတယ်။ အီရန်နဲ့ အိမ်နီးချင်း အဇာဘိုင်ဂျန်နိုင်ငံတို့အကြား နွေးထွေးတဲ့ ချစ်ကြည်ရေး လတ်တလော သင်္ကေတအဖြစ် နှစ်နိုင်ငံ ပူးတွဲအကောင်အထည်ဖော်တဲ့ ရေကာတာစီမံကိန်း ဖွင့်ပွဲအခန်းအနားမှအပြန် ယခုလို ဖြစ်ပွားခဲ့ကြောင်း၊ ရဟတ်ယာဉ်ပျက်ကျရာ ဒေသသို့ ကယ်ဆယ်ရေး အဖွဲ့ပေါင်း၂၀ နဲ့ ဒရုန်းများကို စေလွှတ်ထားကြောင်း သတင်းရရှိပါတယ်။

အခင်းဖြစ်ရပ်နဲ့ပတ်သက်ပြီး အီရန်အစိုးရရဲ့ သတင်းထုတ်ပြန်ချက်များမှာ အလွန်နှေးကွေးပေမယ့် သမ္မတရိုင်စီအဖွဲ့ ရဟတ်ယာဉ်ပျက်ကျကြောင်း သတင်းကတော့ လူမှုကွန်ရက်မှာ ပထမဆုံး ပျံ့နှံ့ခဲ့ပြီး ဒေသတွင်း မီဒီယာတွေက ကိုးကားဖော်ပြခြင်းကြောင့် ကမ္ဘာက သိရှိသွားခြင်းဖြစ်ပါတယ်။ နှင်းမြူများ သိပ်သည်းစွာ ကျဆင်းနေတဲ့ ရာသီဥတုအခြေအနေကြောင့် သမ္မတရိုင်စီဟာ နိုင်ငံအနောက် မြောက်ပိုင်း အရှေ့အဇာဘိုင်ဂျန်ပြည်နယ် တာဘရစ်ဇ်မြို့ကို မော်တော်ယာဉ်များနဲ့ ထွက်ခွာလာကြောင်း၊ သမ္မတဖြစ်သူဟာ ဘေးကင်းစွာ ရှိနေတယ်လို့ အီရန်နိုင်ငံပိုင် သတင်းဌာနက ကနဦး ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ ပျောက်ဆုံးနေတဲ့ ရဟတ်ယာဉ်မှာ သမ္မတရိုင်စီနဲ့ အခြားတာဝန်ရှိသူများ လိုက်ပါသွားကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားက အတည်ပြုပြီးနောက် စောစောပိုင်းသတင်းကို ဖြုတ်ချလိုက်ကြောင်း တွေ့ရှိရပါတယ်။ ရဟတ်ယာဉ်ဟာ ခဲခဲယဉ်းယဉ်း ဆင်းသက်ခဲ့ရကြောင်း ရုပ်သံသတင်းမှာ ပါရှိပါတယ်။ ရေကာတာဖွင့်ပွဲအခန်းအနားကို အီရန် သမ္မတ ရိုင်စီနဲ့အတူ နိုင်ငံခြားရေးဝန်ကြီး ဟိုစိန်_အေမီယာ_အဗ္ဗဒူလာဟိန်၊ နိုင်ငံ့ဥသျှောင် အလီ_ခါမေနီနဲ့ ကိုယ်စားလှယ် အယာတိုလာ_မိုဟာမက်_အလီ_အယ်လေး_ဟာရှင်၊ အီရန်နိုင်ငံ အရှေ့အဇာဘိုင်ဂျန်ပြည်နယ် အုပ်ချုပ်ရေးမှူးတို့လည်း အတူတက်ရောက်ကြောင်း နိုင်ငံပိုင်မီဒီယာက စောစောပိုင်း ဖော်ပြခဲ့ပါတယ်။ 

သမ္မတအဖွဲ့ ရဟတ်ယာဉ်အုပ်စုမှာ (၃)စီးပါရှိပြီး (၂)စီးကတော့ တာဘရစ်ဇ်မြို့ကို ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာကြောင်း၊ စွမ်းအင်ဝန်ကြီး၊ အိမ်ရာနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးတို့ဟာ ဘေးကင်းစွာ ပြန်လာနိုင်တဲ့ ရဟတ်ယာဉ်များမှာ လိုက်လာကြောင်း သိရှိရပါတယ်။ ကယ်ဆယ်ရေးသမားများဟာ အခင်းဖြစ်ပွားရာနေရာသို့ အမြန်ရောက်ရှိရန် ကြိုးပမ်းနေကြောင်း၊ ၎င်းတို့အပြင် အဲ့ဒီ ဧရိယာကို လူနာတင်ယာဉ်နဲ့ ဒရုန်းအတော်များများကိုလည်း ဖြန့်ကျက်ချထားကြောင်း၊ ဒါပေမယ့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းများတိုက်ခတ်ခြင်းအပြင် မြူခိုးများနဲ့အတူ ရာသီဥတုဆိုးရွားမှုကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများမှာ အနှောင့်အယှက်ဖြစ်နေရတယ်လို့ အစိုးရရုပ်သံက ပြောပါတယ်။ သတင်းအေဂျင်စီ IRNA ကတော့ အခင်းဖြစ်ပွားရာ ဧရိယာဟာ ဝင်ရောက်သွားလာရန် နက်ခဲတဲ့ သစ်တော ဖြစ်တယ်လို့ ဆိုပါတယ်။ ရိုင်စီရဲ့ ရဟတ်ယာဉ် ပျောက်ဆုံးနေကြောင်း သတင်းကို အတည်ပြုပြီးနောက် သမ္မတနဲ့အ တူ ရဟတ်ယာဉ်ပေါ် လိုက်ပါသွားသူအားလုံး ဘေးရန်ကင်းရေးအတွက် အီရန်နိုင်ငံသားများက ဆုတောင်းပေးကြပါရန်ကိုလည်း တောင်းဆိုခဲ့ပါတယ်။ ရှင်းရှင်းလင်းလင်း မသိရသေးတဲ့ အသေးစိတ်အချက်အလက် အတော်များများ ကျန်ရှိနေသေးပြီး အီရန်အစိုးရရဲ့ သတင်းထုတ်ပြန်ချက်များလည်း တိုတိုတုတ်တုတ်သာ ဖြစ်နေပါတယ်။

သမ္မတနဲ့ ဝန်ကြီးများကို သယ်ဆောင်လာတဲ့ ရဟတ်ယာဉ် အမျိုးအစားနဲ့ ပတ်သက်ပြီး အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ စစ်တပ်ပိုင် သို့မဟုတ် အီရန်လခြမ်းနီအသင်းပိုင် ရဟတ်ယာဉ်များလည်း ဖြစ်နိုင်သည်။ အီရန် ပိုင်ဆိုင်တဲ့ ရဟတ်ယာဉ်အရေအတွက်ဟာ အတော်များပေမယ့် အများအပြားကတော့ နိုင်ငံရဲ့ ၁၉၇၉ ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေး မတိုင်မီကပင် အသုံးပြုနေတာဖြစ်ပါတယ်။ အီရန်ဟာ ပိတ်ဆို့အရေးယူမှုများနဲ့ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချက်များကြောင့် အပိုပစ္စည်းများဝယ်ယူရာမှာ အခက်အခဲရှိခဲ့ပြီး ဒီကိစ္စဟာ ပြုပြင်ထိန်းသိမ်းရေးအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။ အီဗရာဟင်ရိုင်စီ (အသက် ၆၄-နှစ်) ဟာ အီရန်ဘာသာရေးခေါင်းဆောင် မိသားစုမှ ဆင်းသက်လာသူ ဖြစ် ပြီး နိုင်ငံရဲ့ အစဉ်အလာအရ ရှေ့နေချုပ်၊ တရားသူကြီးချုပ်နဲ့ ဥပဒေအရာရှိချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ ပြီး ၂၀၂၁-ခုနှစ် သမ္မတရာထူးဝင်ရောက်ယှဉ်ပြိုင်ရာမှာ အနိုင်ရရှိခဲ့ပါတယ်။ ရိုင်စီပျောက်ဆုံး နေခိုက် ဒုတိယသမ္မတဖြစ်သူ မိုဟာမက်မူခါဘာက လိုအပ်လျှင် တာဝန်ယူပါလိမ့်မယ်။

အသက် ၆၉-နှစ်အရွယ် မူခါဘာဟာ နိုင်ငံ့ဥသျှောင် အယာတိုလာ ခါမေနီရဲ့ အမိန့်အရ ကွပ်မျက်မှုတွေကို ကြီးကြပ်ရဲ့ ဂေါပကအဖွဲ့ခေါင်းဆောင်ဖြစ်ပြီး နိုင်ငံတကာဥပဒေဘာသာရပ် ဘွဲ့လွန်ပါရဂူအပြင် စီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့ကို လည်း ရရှိထားပါတယ်။ ၂၀၁၀-ခုနှစ် ဥရောပကောင်စီက မူခါဘာကို အီရန် နျုကလီယာ သို့မဟုတ် ပဲ့ထိန်းဒုံးကျည် ပရောဂျက်များမှာ ပါဝင်ပတ်သက်မှုနဲ့ ဒဏ်ခတ်ပိတ်ဆို့ခံရသူများ စာရင်းမှာ ထည့် သွင်းခဲ့ပြီး ၂-နှစ်အကြာမှာပြန်လည် ဖျက်သိမ်းပေးခဲ့ပါတယ်။ 

(Al Jazeera., 20 May 2024,” What we know about Iranian President Raisi’s helicopter crash” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ဆီဘောက်ဆာကားနှင့် Alphard ကားတို့ တိုက်မိခဲ့ရာ တစ်ဦးပွဲချင်းပြီးသေဆုံး

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved