အနောက်အုပ်စုနိုင်ငံများနှင့် သံတမန်ဆက်ဆံရေးက အကျပ်အတည်းစီမံခန့်ခွဲမှုပုံစံတွင်ရှိနေကြောင်း ရုရှားအစိုးရပြော
Pika (NSS) - မေ ၁၈
ရုရှားနှင့်အနောက်အုပ်စုနိုင်ငံများ၏ သံတမန်ဆက်ဆံရေးသည် အကျပ် အတည်းစီမံခန့်ခွဲမှုပုံစံတွင်ရှိနေပြီး တင်းမာမှုများကို ကြီးမားသော ပဋိပက္ခအဖြစ်သို့ ပြောင်းလဲမသွားစေရန်အတွက် သေချာအာရုံစိုက်လုပ်ဆောင်နေကြောင်း ရုရှားနိုင်ငံခြားရေးဒုဝန်ကြီး Sergei Ryabkov ၏ ပြောဆိုချက်ကို ကိုးကားပြီး TASS သတင်းအေဂျင်စီက မေလ(၁၇)ရက်နေ့တွင် ရေးသားဖော်ပြခဲ့သည်။
ထို့ပြင် ရုရှားနိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် အနောက်အုပ်စုနိုင်ငံများနှင့် ဆွေးနွေးခဲ့သည့် လုံခြုံရေးအာမခံချက်များနှင့် သက်ဆိုင်တော့မည်မဟုတ်ကြောင်းနှင့် နေတိုးအဖွဲ့အပေါ် ယုံကြည်မှုမရှိတော့ကြောင်း Sergei Ryabkov ကပြောဆိုခဲ့သည်။ Sergei Ryabkov က 'ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်လုံခြုံရေးကို သေချာအောင်လုပ်ဆောင်ဖို့နဲ့ ဒီကြိုးပမ်းမှုတွေအတွက် တည်ငြိမ်တဲ့မူဘောင်တစ်ခု ဖန်တီးခြင်းအပါအဝင် ကျွန်တော်တို့ရဲ ဦးစားပေးလုပ်ငန်းတွေဟာ ၂၀၂၁ ခုနှစ်ကတည်းက လုံးဝပြောင်းလဲသွားပါပြီ။ ရုရှားနဲ့ အနောက်အုပ်စုတွေရဲ့ သံတမန်ဆက်ဆံရေးက အကျပ်အတည်းစီမံခန့်ခွဲမှုပုံစံမှာရှိနေတာပါ။ ပြီးတော့ ဒီတင်းမာမှုတွေကို ကြီးမားတဲ့ပဋိပက္ခဖြစ်မလာစေဖို့ ကျွန်တော်တို့ တားဆီးသွားမှာပါ။”ဟု ပြောဆိုခဲ့သည်။
ရုရှား-ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားပြီးနောက် ရုရှားနှင့် အနောက်အုပ်စုနောက်ခံနိုင်ငံများကြား တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် အနောက်အုပ်စုနိုင်ငံများက ယူကရိန်းကို စစ်လက်နက် ပစ္စည်းများ ကူညီပံ့ပိုးပေးနေခြင်းသည် ပဋိပက္ခကို ပိုမိုရှည်ကြာစေရုံသာမက သွေးထွက်သံယိုမှုများကိုသာ ပိုမိုဖြစ်ပွားလာစေနိုင်ကြောင်း ရုရှားဖက်က အကြိမ်ကြိမ်သတိပေးပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အရောင်းအဝယ်မရှိသော ရွှေဈေးနှုန်းများကို ထုတ်လွှင့်မှုရှိနေပြီး အရောင်း အဝယ်ပြုလုပ်သူများကို ဌာနဆိုင်ရာမှ အရေးယူမှုများရှိနေ
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း