သူလျှိူလုပ်မှုစွပ်စွဲချက်နှင့်ပတ်သက်ပြီး ဗြိတိန်နိုင်ငံဆိုင်ရာသံအမတ်ကြီးကို ဗြိတိန်အစိုးရဆင့်ခေါ်
Pika (NSS) - မေ ၁၅
သူလျှိူလုပ်မှု စွပ်စွဲချက်နှင့်ပတ်သက်ပြီး ဆင့်ခေါ်မှုဟာ တရုတ်နဲ့ဗြိတိန်နိုင်ငံကြား ဆက်ဆံရေးကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Zheng Zeguang က မေလ(၁၄)ရက်နေ့မှာ သတိပေးပြောဆိုခဲ့ပါတယ်။
ဟောင်ကောင်ထောက်လှမ်းရေးဝန်ဆောင်မှုတွေကို ကူညီမှုနဲ့ လူသုံးဦးကိုစွဲချက်တင်ပြီးနောက် တစ်ရက်အကြာမှာ ဗြိတိန်နိုင်ငံခြား ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်မှုရုံးက Zheng Zeguang ကို ဆင့်ခေါ်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဗြိတိန်နိုင်ငံခြား ဓနသဟာယနှင့် ဖွံ့ဖြိုးတိုး တက်မှုရုံး ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "ဆိုက်ဘာတိုက်ခိုက်မှုတွေ၊ သူလျှိူလုပ်ငန်းအစီရင်ခံစာတွေနဲ့ ဆုကြေးငွေထုတ်ပေးတာတွေအပါအဝင် ဗြိတိန်နိုင်ငံကို ဆန့်ကျင်တဲ့ တရုတ်နိုင်ငံရဲ့ မကြာသေးမီကလုပ်ရပ်တွေဟာ လက်ခံနိုင်စရာမရှိဘူးလို့ Zheng Zeguang ကို ပြောကြားခဲ့ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
ဆင့်ခေါ်မှုအတွင်း ဟောင်ကောင်အပေါ် ခိုင်လုံမှုမရှိတဲ့ စွပ်စွဲချက်တွေနဲ့ တရုတ်နိုင်ငံအပေါ် အခြေအမြစ်မရှိတဲ့ စွပ်စွဲပြောဆိုချက်တွေ ပါဝင်တယ်လို့ Zheng Zeguangကပြောဆိုခဲ့ပါတယ်။ ၎င်းက 'ဗြိတိန်ဟာ တရုတ်ဆန့်ကျင်ရေး နိုင်ငံရေးလှုပ်ရှားမှုတွေကို ရပ်တန့်ပြီး တရုတ်-ဗြိတိန်ဆက်ဆံရေးကို ထိခိုက်စေမယ့် အန္တရာယ်ရှိတဲ့လမ်းကြောင်းကို ဆက်မသွားဖို့ လိုအပ်ပါတယ်။ ဟောင်ကောင်က ဟောင်ကောင်၊ တရုတ်က တရုတ်ပါ။ ဟောင်ကောင်အရေးနဲ့ပတ်သက်ပြီး ဗြိတိန်က ဝင်ရောက်စွက်ဖက်ဖို့ အနေအထားနဲ့ အခွင့်အရေးတွေ မရှိပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ဗြိတိန်နိုင်ငံရဲ့စွပ်စွဲပြောဆိုချက်တွေကို ပြင်းပြင်းထန်ထန် လက်တုံ့ ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ ဟောင်ကောင်မှာရှိတဲ့ တရုတ်နိုင်ငံခြား ရေးကော်မရှင်နာက ပြောကြားခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တိုင်းဒေသကြီး (၃)ခုရှိ ဆန်စက်များတွင် (၄)နာရီဆက်တိုက် မီးပေးနိုင်ရေး စတင်လုပ်ဆောင်နေပြီး ဆန်ဈေးကျနိုင်မည့် အလားအလာရှိဟုဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ