ဒေါ်နယ်ထရမ့်ရဲ့ အသက်(၁၈)နှစ်အရွယ် သားဖြစ်သူက ရီပတ်ဗလီကန် ကွန်ဗင်းရှင်း ကိုယ်စားလှယ်တစ်ဦးဖြစ်လာ
Pika (NSS) - မေ ၁၄
အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်၏ သားအငယ်ဆုံး အထက်တန်းကျောင်းသား ဘာရွန်ထရမ့်သည် ရီပတ်ဗလီကန်ပါတီ ကွန်ဗင်းရှင်းတွင် ကိုယ်စားလှယ်အဖြစ် လာမည့်ဇူလိုင်လတွင် နိုင်ငံရေးဇာတ်ခုံ၌ ပွဲဦးထွက်ပါဝင်လာမည်ဖြစ်ကြောင်းသိရသည်။
အသက်(၁၈)နှစ်အရွယ် ဘာရွန်ထရမ့်သည် Milawukee မြို့တွင်ပြုလုပ်မည့် ရီပတ်ဘလစ်ကန် ကွန်ဗင်းရှင်းတွင် ဖလော်ရီဒါပြည်နယ် ကိုယ်စားပြုအဖြစ် ၎င်း၏မွေးချင်းများနှင့်အတူ ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘာရွန်ထရမ့်သည် ဖလော်ရီဒါပြည်နယ် ကိုယ်စားလှယ်အဖွဲ့၏ တစ်စိတ် တစ်ပိုင်းအဖြစ် ဒေါ်နယ်ထရမ့် ဂျူနီယာ၊ အဲရစ်ထရမ့်၊ တစ်ဖနီထရမ့်တို့နှင့် အတူရှိနေလိမ့်မည် ဖြစ်ကြောင်း ဖလော်ရီဒါပြည်နယ်ရီပတ်ဘလစ်ကန်ပါတီက ပြောကြားခဲ့သည်။ ရီပတ်ဘလစ်ကန် ကမ်းပိန်း အရာရှိတစ်ဦးက ‘ဘာရွန်ထရမ့်ဟာ ကိုယ်စားလှယ်စာရင်းမှာပါ ဝင်နေပါတယ်။ သူကိုယ်တိုင်ကလည်း အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးလောကကို စိတ်ဝင်စားပါတယ်’ ဟု ပြောဆိုခဲ့သည်။
ဖလော်ရီဒါပြည်နယ် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခြင်းမရှိသော ဒေါ်နယ်ထရမ့်၏ တစ်ဦးတည်းသော ကလေးမှာ ၎င်း၏ပထမသမ္မတ သက်တမ်းအတွင်း အကြီးတန်းအကြံပေးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော အိုင်ဗန်ကာထရမ့်ဖြစ်ကြောင်းသိရသည်။ လာမည့်သီတင်းပတ်တွင် ဘာရွန်ထရမ့်၏ အထက်တန်းကျောင်းဆင်းပွဲကို တက်ရောက်ရန်အတွက် နယူးယောက်မြို့ရှိ တရားရုံးက ဒေါ်နယ်ထရမ့်ကို ပိတ်ရက်တစ်ရက်ခွင့်ပြုပေးထားကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယက ပြည်ပတင်ပို့မှု တားမြစ်ချက်ကို ရုတ်သိမ်းလိုက်ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ် ကြက်သွန်နီ တင်သွင်းမှု ပြန်လည်စတင်
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း