အစ္စရေးအတွက် အလုံးစုံအောင်ပွဲက မဖြစ်နိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြော
Pika (NSS) - မေ ၁၄
ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့အပေါ် အစ္စရေးက ပြတ်ပြတ်သားသားအနိုင်ယူနိုင်မယ်ဆိုတာကို အမေရိကန်အစိုးရက မယုံကြည်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဒုဝန်ကြီး ကာ့တ်ကမ့်ဘဲလ်က ပြောကြားခဲ့ပါတယ်။
အစ္စရေး-ဟားမက်စစ်ပွဲဖြစ်ပွားတာ (၈)လကျော်လာတဲ့အချိန်မှာ ကာ့တ်ကမ့်ဘဲလ်ရဲ့ မှတ်ချက်တွေ ထွက်ပေါ်လာ တာဖြစ်ပါတယ်။ ကာ့တ်ကမ့်ဘဲလ်က “အောင်ပွဲဆိုတဲ့သီအိုရီနဲ့ပတ်သက်ပြီး အခက်အခဲတွေရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ အစ္စရေးခေါင်းဆောင်တွေရဲ့စကားအချို့ကို နားထောင်လိုက်တဲ့အချိန်တိုင်း စစ်မြေပြင်မှာ အောင်ပွဲ ရစေမယ့်အတွေးအခေါ်မျိုးကိုပဲ အများစုကပြောကြပါတယ်။ ဒါပေမယ့် အဲဒီလိုအောင်ပွဲမျိုးက ဖြစ်နိုင်ခြေရှိတယ် ဒါမှမဟုတ် ဖြစ်လာနိုင်တယ်ဆိုတာကို ကျွန်တော်တို့ မယုံပါဘူး” လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ရာဖဲလ်မြို့ကို ထိုးစစ်ဆင်မှုနဲ့ပတ်သက်ပြီး အစ္စရေးနဲ့ အမေရိကန်ကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ တယ်လို့ ကာ့တ်ကမ့်ဘဲလ်က ပြောဆိုခဲ့ပါတယ်။ ရာဖဲလ်မြို့ကို ထိုးစစ်ဆင်တာဟာ အရပ်သားအများအပြားကို သေဆုံးစေပြီး ဒုက္ခသည်တွေကို ပိုများလာစေနိုင်တယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ယုံကြည်နေတယ်လို့ ကာ့တ်ကမ့်ဘဲလ်က ပြောကြားခဲ့ပါတယ်။
၎င်းက “ဒီထိုးစစ်ဆင်မှုကို ဂျိုးဘိုင်ဒန်က အားမပေးဘူးဆိုတာ ရှင်းရှင်းလင်းလင်းကို သိသာပါတယ်” လို့ ပြောခဲ့ပါတယ်။ အစ္စရေး-ဟားမက်စစ်ပွဲ စတင်ဖြစ်ပွားပြီးနောက်ပိုင်းတည်းက ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက အကြိမ်ကြိမ် ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ရာဖဲလ်မြို့မှာနေထိုင်တဲ့ပါလက်စတိုင်းဒုက္ခသည် (၃)သိန်းဝန်းကျင်ကို ဂါဇာ ဒေသတောင်ပိုင်းမှာရှိတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာသတ်မှတ်နယ်မြေကို ရွှေ့ပြောင်းပေးပြီးပြီလို့ လည်း အစ္စရေးစစ်တပ်က ပြောထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
MIC က (၄)လအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် (၃၀)နီးပါး ခွင့်ပြုထား
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ