တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ အမေရိကန်နဲ့ ဖိလစ်ပိုင်တို့က နှစ်စဉ် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ စတင်ပြုလုပ်
Pika (NSS) – ဧပြီ ၂၂
ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့အင်အားကြီးထွားလာမှုတွေကြောင့် ပဋိပက္ခဖြစ်ပွားလာမှာကို စိုးရိမ်မှုတွေ မြင့်တက် လာမှုနဲ့အတူ ဧပြီလ(၂၂)ရက်မှာ အမေရိကန်နဲ့ ဖိလစ်ပိုင်တပ်ဖွဲ့ဝင် ထောင်ချီဟာ ဖိလစ်ပိုင်နိုင်ငံမှာ ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေကို စတင်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ Balikatan ဒါမှမဟုတ် "shoulder to shoulder" လို့ အမည်ပေးထားတဲ့နှစ်စဉ်စစ်ရေးလေ့ကျင့်မှုကို ဖိလစ်ပိုင်နိုင်ငံ အနောက်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ပစိဖိတ်သမုဒ္ဒရာမှာရှိတဲ့ အမေရိကန်ရေတပ် မရိန်းတပ်ဖွဲ့ရဲ့ တပ်မှူး ဒုဗိုလ်ချုပ်ကြီး ဝီလျံဂျာနေးက “ကျွန်တော်တို့ ပိုအားကောင်းလာတာကို ဖိလစ်ပိုင်ပြည်သူတွေနဲ့ ကမ္ဘာကိုပြသသွားမှာပါ။ ပြီးတော့ ဒီလိုမျိုးလုပ်ဆောင်တာတွေကို ကျွန်တော်တို့ ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပိုအားကောင်းလာမယ်ဆိုရင် ဖိလစ်ပိုင်လည်း ပိုမိုအင်အားတောင့်တင်းလာပြီး လုံခြုံသွားမှာပါ” လို့ ပြောခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ဩဇာအာဏာ ကြီးထွားလာမှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ဟာ ဖိလစ်ပိုင် အပါအဝင် အာရှ-ပစိဖိတ်ဒေသတွင်းမှာရှိတဲ့နိုင်ငံတွေနဲ့ မိတ်ဖွဲ့မှုတွေကို ပိုမိုအားကောင်းအောင် လုပ်ဆောင်လာခဲ့ပါတယ်။ ၂ဝ၂၂ ခုနှစ်မှာ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်းကတည်းက အမေရိကန် နဲ့ ဖိလစ်ပိုင်တို့ဟာ ၎င်းတို့ရဲ့ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုအားကောင်းလာ အောင် လုပ်ဆောင်လာခဲ့တာလည်းဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်မြို့တွင် အမျိုးသားတစ်ဦး တရုတ်နှီးဖြင့် ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွား
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း