Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်လွှတ်တော်ရဲ့ခွင့်ပြုငွေကို အမေရိကန်အစိုးနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ ထိုင်ဝမ်အစိုးရပြော

ဂျန်ဇက် (NSS) - ဧပြီ ၂၁ 

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးက အမေရိကန်လွှတ်တော်က ခွင့်ပြုပေးခဲ့တဲ့ အကူအညီပေးမယ့် ငွေကြေးများကို ဘယ်လိုအသုံးပြုရမလဲဆိုတာကို အမေရိကန်အစိုးရနဲ့ ဆွေးနွေးသွားမှာဖြစ်ကြောင်း ပြောပါတယ်။

အမေရိကန်အောက်လွှတ်တော်ဟာ ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ်တို့ကို အမေရိကန်ဒေါ်လာ ၉၅ ဘီလျံအသုံးပြုခွင့်ပေးမယ့် ဥပဒေမူကြမ်းကို ဧပြီ ၂ဝ ရက်က ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံဟာ တရုတ်နိုင်ငံနဲ့အငြင်းပွားနေတဲ့ ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းများအပြင် နိုင်ငံတကာမျက်နှာစာမှာ ကူညီထောက်ပံ့ပေးနေကြောင်း သိရပါတယ်။ 

အမေရိကန်လွှတ်တော်ရဲ့ခွင့်ပြုပေးမှုတွေဟာ ထိုင်ဝမ်အတွက် အမေရိကန်နိုင်ငံရဲ့ကူညီထောက်ပံ့ပေးမှု ကျောက်ဆောင်လို့မျိုး ခိုင်မာနေတာကိုပြသလိုက်တာဖြစ်တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။


ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးက "ကျွန်တော်တို့ဟာ အမေရိကန်အစိုးရနဲ့ ဘတ်ဂျက်ကိစ္စတိုင်ပင်ဆွေးနွေးမယ်။ ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး နဲ့ အမျိုးသားလုံခြုံရေးကိစ္စတွေ ပိုမိုကောင်းမွန်စေဖို့ အမေရိကန်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ်" လို့ ပြောပါတယ်။

ထိုင်ဝမ်ကို အကူအညီပေးမယ့် အမေရိကန်အစိုးရရဲ့အစီအစဉ်တွေဟာ တရုတ်အစိုးရအတွက် စိတ်ဆိုးဒေါသဖြစ်စရာဖြစ်လာဖွယ်ရှိနေပါတယ်။ အမေရိကန်အောက်လွှတ်တော်က ခွင့်ပြုပေးခဲ့တဲ့ ဒေါ်လာ ၉၅ ဘီလျံကို ထိုင်ဝမ်၊ ယူကရိန်းနဲ့ အစ္စရေးနိုင်ငံတို့ခွဲဝေယူရမှဖြစ်ပြီး ထိုင်ဝမ်က အမေရိကန်ဒေါ်လာ ၁ဝ ဘီလျံကျော် ခွဲတမ်းရဖွယ်ရှိနေပါတယ်။ ထိုင်ဝမ်ဟာ လက်ရှိအချိန်မှာ တရုတ်နိုင်ငံရဲ့ဖိအားပေးမှုမျိုးစုံရင်ဆိုင်နေရပြီး အမေရိကန်နဲ့ မဟာမိတ်ဖြစ်မှုကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။

တရုတ်နိုင်ငံက ထိုင်ဝမ်ဟာ ၎င်းတို့ပိုင်နက်ဖြစ်တယ်လို့ ပြောဆိုထားပြီး ထိုင်ဝမ်ကလည်း တရုတ်လက်အောက်က ခွဲထွက်ကာလွတ်လပ်ရေးရယူဖို့ လိုလားနေပါတယ်။ ထိုင်ဝမ်မှာ သမ္မတအသစ်အဖြစ်တာဝန်ယူမယ့်သူဟာ တရုတ်ဆန့်ကျင်ရေးသဘောထားပြင်းထန်သူဖြစ်ရာ  ၎င်းလက်ထက်မှာ တင်းမာမှုအရှိန် ပိုမိုဖြစ်လာဖွယ်ရှိနေပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နောက်ပိုင်းစာပေဟောပြောပွဲများသည် နိုင်ငံရေးစင်မြင့်ဖြစ်လာခဲ့ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး ရှုထောင့်ဖြင့် လုပ်ဆောင်သင့်ဟု ပြည်သူ့ပါတီဥက္ကဋ္ဌပြော

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved