Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူကရိန်းနှင့် အစ္စရေးတို့အတွက် အမေရိကန်ဒေါ်လာ(၉၅)ဘီလျံ ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော် အတည်ပြု

Pika (NSS) - ဧပြီ ၂၁ 

အမေရိကန်အောက်လွှတ်တော်ဟာ ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ်တို့အတွက် အကူအညီပေးရေးအစီအစဉ်အသစ် အမေရိကန်ဒေါ်လာ(၉၅)ဘီလျံ ဥပဒေမူကြမ်းကို ဧပြီလ(၂၀)ရက်မှာ အတည်ပြုပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီဥပဒေမူကြမ်းဟာ လက်ရှိအချိန်မှာ ဒီမိုကရက်တစ်တွေ ကြီးစိုးတဲ့အထက်လွှတ်တော်ကို ရောက်ရှိနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။ 

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ အထက်လွှတ်တော် ရီပတ်ဘလစ်ကန်အမတ် Mitch McConnell တို့ဟာ အဲဒီ အကူအညီပေးရေးအစီအစဉ်အသစ်ကို မဲခွဲဆုံးဖြတ်ဖို့ အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ခ်ဂျွန်ဆင် ကို တိုက်တွန်းခဲ့တာလို့လည်း သိရပါတယ်။


အထက်လွှတ်တော်ဟာ အောက်လွှတ်တော်ကအတည်ပြုထားတဲ့ဥပဒေမူကြမ်းကို လာမယ့်ဧပြီ(၂၃)ရက်မှာ စတင် စဉ်းစားသွားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ အဲဒီ ဥပဒေမူကြမ်းအတွက် နောက်ဆုံးအတည်ပြုမှုဟာ လာမယ့်သီတင်းပတ်အတွင်းမှာ ဖြစ်လာနိုင်ဖွယ်ရှိနေပြီး သမ္မတဂျိုးဘိုင်ဒန်က အတည်ပြုလက်မှတ်ရေးထိုး သွားနိုင်ဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။

ဒါ့ပြင် အဲဒီဥပဒေမူကြမ်းထဲမှာ အမေရိကန်စစ်လက်နက်ပစ္စည်းတွေ၊ သိုလှောင်မှုတွေကို ပြန်လည်ဖြည့်တင်းဖို့ အမေရိကန်ဒေါ်လာ(၂၃)ဘီလျံ အပါအဝင် ယူကရိန်းပဋိပက္ခကိုဖြေရှင်းဖို့အတွက် အမေရိကန်ဒေါ်လာ (၆ဝ ဒသမ ၈၄) ဘီလျံ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်တွေအတွက် အမေရိကန်ဒေါ်လာ (၉ ဒသမ ၁) ဘီလျံ အပါအဝင် အစ္စရေးအတွက် အမေရိကန်ဒေါ်လာ(၂၆)ဘီလျံ နဲ့ ထိုင်ဝမ် အပါအဝင် အင်ဒို-ပစိဖိတ်ဒေသ အတွက် အမေရိကန်ဒေါ်လာ(၈ ဒသမ ၁၂) ဘီလျံ ပါဝင်တယ်လို့လည်း သိရပါတယ်။ 

အမေရိကန်လွှတ်တော်အမတ်တွေဟာ မှန်ကန်တဲ့သမိုင်းလမ်းကြောင်းကို ဆက်လက်ထိန်းသိမ်းထားတဲ့အတွက် ကျေးဇူးတင်မိတယ်လို့လည်း ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောခဲ့ပါတယ်။ 

ဇီလန်စကီးက “အောက်လွှတ်တော်က အတည်ပြုပေးလိုက်တဲ့ဥပဒေမူကြမ်းဟာ ပြည်သူထောင်ပေါင်းများစွာရဲ့ အသက်တွေကို ကယ်တင်ပြီး ကျွန်တော်တို့နိုင်ငံကို ပိုမိုအားကောင်းလာအောင် လုပ်ဆောင်ပေးပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်လွှတ်တော်ရဲ့ခွင့်ပြုငွေကို အမေရိကန်အစိုးနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ ထိုင်ဝမ်အစိုးရပြော

RELATED POSTS
RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved