Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်ဝမ်ကို သတိပေးခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ထိုင်ဝမ်ရေလက်ကြားကို တရုတ်တိုက်လေယာဥ်များ ဖြတ်ကျော်ဝင်ရောက်ခဲ့ဟုဆို

Pika (NP News) - ဧပြီ ၁


တရုတ်နှင့်ထိုင်ဝမ်ကြား တင်းမာမှုများရှိနေချိန်တွင် ဧပြီလ(၁)ရက်က တရုတ်တိုက်လေယာဥ်(၉)စင်းနှင့် စစ်ဘက်သုံးဒရုန်းတစ်စင်းတို့သည် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။


ဧပြီလ(၁)ရက်၊ နံနက်(၆)နာရီခန့်တွင် တရုတ်တိုက်လေယာဥ်(၉)စင်းနှင့် စစ်ဘက်သုံးဒရုန်းတစ်စင်းတို့သည် ထိုင်ဝမ်နယ်နမိတ်မျဥ်းကို ချိုးဖောက်ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်ကာ ကွယ်ရေးဝန်ကြီးဌာန၏ နေ့စဥ်စစ်ရေးလှုပ်ရှားမှု အစီရင်ခံစာတွင်ဖော်ပြထားသည်။ ထိုင်ဝမ်နယ်နမိတ်အတွင်းသို့ဝင်ရောက်လာသော တရုတ်တိုက်လေယာဥ်များကို သတိပေးသည့်အနေဖြင့် ထိုင်ဝမ်စစ်တပ်သည် တိုက်လေယာဥ်များကို ဝေဟင်သို့စေလွှတ်ခဲ့ပြီး လေ ကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် စောင့်ကြည့်နေခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။ 


မကြာသေးမီနှစ်များအတွင်း တရုတ်စစ်တပ်သည် ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလေ့ကျင့်မှုများ တိုးမြှင့်လုပ်ဆောင်လာခြင်းနှင့်ပတ်သက်ပြီး ထိုင်ဝမ်ကပြစ်တင်ရှုတ်ချခဲ့ကြောင်းလည်းသိရသည်။ ထို့ပြင် ထိုင်ဝမ်သမ္မတဆိုင်အမ်ဝမ်သည် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Kevin McCarthy နှင့် တွေ့ဆုံမည်ဆိုပါက လက်တုံ့ပြန်မှုများလုပ်ဆောင်သွားမည်ဖြစ် ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းတွင် တရုတ်ဘက်ကခြိမ်းခြောက်ပြောဆိုခဲ့သည်။


တရုတ်ဘက်က သတိပေးမှုများပြုလုပ်ပြီးနောက် ရက်ပိုင်းအကြာတွင် တရုတ်တိုက်လေယာဥ်များ ထိုင်ဝမ်ရေလက်ကြားနယ်နမိတ်စည်းမျဥ်းကို ကျော်ဖြတ်ဝင်ရောက်လာခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ ထိုင်ဝမ်သမ္မတဆိုင်အမ်ဝမ်သည် အမေရိကအလယ်ပိုင်းမှ ထိုင်ဝမ်သို့ပြန်လာသည့်လမ်းတွင် လော့စ်အိန်ဂျလီမြို့၌ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင်မက်ကာသီ နှင့် တွေ့ဆုံနိုင်ရန် မျှော်လင့်ထားကြောင်းသိရသည်။


ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီ ထိုင်ဝမ်သို့လာရောက်လည်ပတ်ခြင်းနှင့်ပတ်သက်ပြီး တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလေ့ကျင့်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်လာခဲ့ကြောင်းသိရသည်။ ထို့ပြင် တရုတ်၏တိုက်လေယာဥ်(၉)စင်းနှင့် စစ်ဘက်သုံးဒရုန်းတစ်စင်းတို့ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ဝင်ရောက်လာခြင်းသည် တင်းမာမှုများကို ပိုမိုမြင့်တက်စေသကဲ့သို့ ထိုင်ဝမ်၏ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ထိခိုက်စေကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

zawgyi version

ထိုင္ဝမ္ကို သတိေပးခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာတြင္ ထိုင္ဝမ္ေရလက္ၾကားကို တ႐ုတ္တိုက္ေလယာဥ္မ်ား ျဖတ္ေက်ာ္ဝင္ေရာက္ခဲ့ဟုဆို

Pika (NP News) - ဧၿပီ ၁


တ႐ုတ္ႏွင့္ထိုင္ဝမ္ၾကား တင္းမာမႈမ်ားရွိေနခ်ိန္တြင္ ဧၿပီလ(၁)ရက္က တ႐ုတ္တိုက္ေလယာဥ္(၉)စင္းႏွင့္ စစ္ဘက္သုံးဒ႐ုန္းတစ္စင္းတို႔သည္ ထိုင္ဝမ္ေရလက္ၾကားကို ျဖတ္ေက်ာ္ဝင္ေရာက္လာခဲ့ေၾကာင္း ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။


ဧၿပီလ(၁)ရက္၊ နံနက္(၆)နာရီခန႔္တြင္ တ႐ုတ္တိုက္ေလယာဥ္(၉)စင္းႏွင့္ စစ္ဘက္သုံးဒ႐ုန္းတစ္စင္းတို႔သည္ ထိုင္ဝမ္နယ္နမိတ္မ်ဥ္းကို ခ်ိဳးေဖာက္ဝင္ေရာက္ခဲ့ေၾကာင္း ထိုင္ဝမ္ကာ ကြယ္ေရးဝန္ႀကီးဌာန၏ ေန႔စဥ္စစ္ေရးလႈပ္ရွားမႈ အစီရင္ခံစာတြင္ေဖာ္ျပထားသည္။ ထိုင္ဝမ္နယ္နမိတ္အတြင္းသို႔ဝင္ေရာက္လာေသာ တ႐ုတ္တိုက္ေလယာဥ္မ်ားကို သတိေပးသည့္အေနျဖင့္ ထိုင္ဝမ္စစ္တပ္သည္ တိုက္ေလယာဥ္မ်ားကို ေဝဟင္သို႔ေစလႊတ္ခဲ့ၿပီး ေလ ေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ားျဖင့္ ေစာင့္ၾကည့္ေနခဲ့ေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာနကေျပာၾကားခဲ့သည္။ 


မၾကာေသးမီႏွစ္မ်ားအတြင္း တ႐ုတ္စစ္တပ္သည္ ထိုင္ဝမ္ကြၽန္းအနီးတြင္ စစ္ေရးေလ့က်င့္မႈမ်ား တိုးျမႇင့္လုပ္ေဆာင္လာျခင္းႏွင့္ပတ္သက္ၿပီး ထိုင္ဝမ္ကျပစ္တင္ရႈတ္ခ်ခဲ့ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ ထိုင္ဝမ္သမၼတဆိုင္အမ္ဝမ္သည္ အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ Kevin McCarthy ႏွင့္ ေတြ႕ဆုံမည္ဆိုပါက လက္တုံ႔ျပန္မႈမ်ားလုပ္ေဆာင္သြားမည္ျဖစ္ ေၾကာင္း ၿပီးခဲ့သည့္ရက္ပိုင္းတြင္ တ႐ုတ္ဘက္ကၿခိမ္းေျခာက္ေျပာဆိုခဲ့သည္။


တ႐ုတ္ဘက္က သတိေပးမႈမ်ားျပဳလုပ္ၿပီးေနာက္ ရက္ပိုင္းအၾကာတြင္ တ႐ုတ္တိုက္ေလယာဥ္မ်ား ထိုင္ဝမ္ေရလက္ၾကားနယ္နမိတ္စည္းမ်ဥ္းကို ေက်ာ္ျဖတ္ဝင္ေရာက္လာခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။ ထိုင္ဝမ္သမၼတဆိုင္အမ္ဝမ္သည္ အေမရိကအလယ္ပိုင္းမွ ထိုင္ဝမ္သို႔ျပန္လာသည့္လမ္းတြင္ ေလာ့စ္အိန္ဂ်လီၿမိဳ႕၌ အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ ကီဗင္မက္ကာသီ ႏွင့္ ေတြ႕ဆုံႏိုင္ရန္ ေမွ်ာ္လင့္ထားေၾကာင္းသိရသည္။


ၿပီးခဲ့သည့္ႏွစ္ ဩဂုတ္လတြင္ အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ နန္စီပီလိုစီ ထိုင္ဝမ္သို႔လာေရာက္လည္ပတ္ျခင္းႏွင့္ပတ္သက္ၿပီး တ႐ုတ္သည္ ထိုင္ဝမ္ကြၽန္းအနီးတြင္ စစ္ေရးေလ့က်င့္မႈမ်ားကို ပိုမိုတိုးျမႇင့္လုပ္ေဆာင္လာခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ တ႐ုတ္၏တိုက္ေလယာဥ္(၉)စင္းႏွင့္ စစ္ဘက္သုံးဒ႐ုန္းတစ္စင္းတို႔ ထိုင္ဝမ္ေရလက္ၾကားကို ျဖတ္ေက်ာ္ဝင္ေရာက္လာျခင္းသည္ တင္းမာမႈမ်ားကို ပိုမိုျမင့္တက္ေစသကဲ့သို႔ ထိုင္ဝမ္၏ၿငိမ္းခ်မ္းေရးႏွင့္တည္ၿငိမ္ေရးကို ထိခိုက္ေစေၾကာင္း ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနကေျပာၾကားခဲ့သည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံသားများအပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူ(၁၂ဝဝဝ)ကျော်ကို မိခင်နိုင်ငံသို့ ပြန်ပို့ခဲ့ဟု မလေးရှားအစိုးရဆို

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved