Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် အီရန်စစ်ဘက်အရာရှိသေဆုံးခဲ့ခြင်းအပေါ် လက်တုံ့ပြန်မှာဖြစ်ကြောင်း အီရန်စစ်ဘက်ပြော


ဂျန်ဇက် (NP News) - ဧပြီ ၁


ဆီးရီးယားနိုင်ငံ ဒမ္မစကတ်မြို့ကို အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုများအတွင်း အီရန် စစ်ဘက် အရာရှိတစ်ဦးသေဆုံးခဲ့ခြင်းအတွက် လက်တုံ့ပြန်သွားမှာဖြစ်တယ်လို့ အီရန်စစ်ဘက်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 


အစ္စရေးနိုင်ငံကတော့ အီရန်ရဲ့စွပ်စွဲချက်တင်များနဲ့ပတ်သက်ပြီး တစ်စုံတရာတုံ့ပြန်ပြောဆိုခြင်းမရှိသေးကြောင်း သိရပါတယ်။ အီရန်စစ်ဘက်က " ဒမ္မစကက်မြို့နားမှာရှိနေတဲ့ အီရန်စစ်ဘက်ရဲ့ စစ်ဘက်အကြံပေးအရာရှိတစ်ဦးဖြစ်တဲ့ မာလစ် ဟေးဒရီ သေဆုံးခဲ့တယ်" လို့ပြောပါတယ်။


အီရန်ဟာ ဆီးရီးယားပြည်တွင်းစစ် စတင်ခဲ့တဲ့ ၂ဝ၁၁ ခုနှစ်တည်းက ဆီးရီးယားသမ္မတ ဘာရှားအာဆက်ဒ်ကို ကူညီထောက်ပံ့ပေးနေရာ အစ္စရေးက ဆီးရီးယားနိုင်ငံအတွင်းရှိ အီရန် နဲ့ ဆက်နွယ်တဲ့ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုများ မကြာခဏလုပ်ဆောင်လျက်ရှိနေကြောင်းသိရပါတယ်။ အီရန်ဟာ လက်ဘနွန်စစ်သွေးကြွအုပ်စုများ၊ အီရတ်နိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့များအပေါ် ကူညီထောက်ပံ့ပေးနေပြီး အဲဒီအဖွဲ့တွေဟာ ဆီးရီးယား ဒမ္မစကက်မြို့အပြင် ဆီးရီးယားနိုင်ငံမြောက်ပိုင်း၊ အရှေ့ဘက်ပိုင်း၊ တောင်ပိုင်းဒေသတွေမှာအခြေကျလှုပ်ရှားနေကြောင်းသိရပါတယ်။ 


အစ္စရေးဟာ မတ်လ ၃၁ ရက် ညပိုင်းက ဆီးရီးယားနိုင်ငံကို ဒုံးကျည်များနဲ့ပစ်ခတ်ခဲ့ပြီး ဆီးရီးယားက ဒုံးကျည်များကို ပစ်ချနိုင်ခဲ့ကြောင်း ဆိုပါတယ်။ ဆီးရီးယားနဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးဟာ ဆီးရီးယားနိုင်ငံအပေါ် အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို ပြစ်တင်ရှုတ်ချခဲ့ကြောင်း သိရပါတယ်။ ဆီးရီးယားနိုင်ငံအတွင်းရှိ အီရန် နဲ့ ဆက်နွယ်တဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သားတွေနဲ့အမေရိကန် ကန်ထရိုက်တာ တစ်ဦးသေဆုံးပြီးနောက် အမေရိကန်ဘက်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဆီးရီးယားနိုင်ငံရှိ အီရန်စစ်ဘက်နဲ့ ဆက်နွယ်တဲ့အဆောက်အဦးများကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။

zawgyi version

အစၥေရးရဲ႕တိုက္ခိုက္မႈေၾကာင့္ အီရန္စစ္ဘက္အရာရွိေသဆုံးခဲ့ျခင္းအေပၚ လက္တုံ႔ျပန္မွာျဖစ္ေၾကာင္း အီရန္စစ္ဘက္ေျပာ

ဂ်န္ဇက္ (NP News) - ဧၿပီ ၁


ဆီးရီးယားႏိုင္ငံ ဒမၼစကတ္ၿမိဳ႕ကို အစၥေရးရဲ႕ေလေၾကာင္းတိုက္ခိုက္မႈမ်ားအတြင္း အီရန္ စစ္ဘက္ အရာရွိတစ္ဦးေသဆုံးခဲ့ျခင္းအတြက္ လက္တုံ႔ျပန္သြားမွာျဖစ္တယ္လို႔ အီရန္စစ္ဘက္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ 


အစၥေရးႏိုင္ငံကေတာ့ အီရန္ရဲ႕စြပ္စြဲခ်က္တင္မ်ားနဲ႔ပတ္သက္ၿပီး တစ္စုံတရာတုံ႔ျပန္ေျပာဆိုျခင္းမရွိေသးေၾကာင္း သိရပါတယ္။ အီရန္စစ္ဘက္က " ဒမၼစကက္ၿမိဳ႕နားမွာရွိေနတဲ့ အီရန္စစ္ဘက္ရဲ႕ စစ္ဘက္အႀကံေပးအရာရွိတစ္ဦးျဖစ္တဲ့ မာလစ္ ေဟးဒရီ ေသဆုံးခဲ့တယ္" လို႔ေျပာပါတယ္။


အီရန္ဟာ ဆီးရီးယားျပည္တြင္းစစ္ စတင္ခဲ့တဲ့ ၂ဝ၁၁ ခုႏွစ္တည္းက ဆီးရီးယားသမၼတ ဘာရွားအာဆက္ဒ္ကို ကူညီေထာက္ပံ့ေပးေနရာ အစၥေရးက ဆီးရီးယားႏိုင္ငံအတြင္းရွိ အီရန္ နဲ႔ ဆက္ႏြယ္တဲ့ပစ္မွတ္ေတြကို ေလေၾကာင္းတိုက္ခိုက္မႈမ်ား မၾကာခဏလုပ္ေဆာင္လ်က္ရွိေနေၾကာင္းသိရပါတယ္။ အီရန္ဟာ လက္ဘႏြန္စစ္ေသြးႂကြအုပ္စုမ်ား၊ အီရတ္ႏိုင္ငံအတြင္းရွိ လက္နက္ကိုင္အဖြဲ႕မ်ားအေပၚ ကူညီေထာက္ပံ့ေပးေနၿပီး အဲဒီအဖြဲ႕ေတြဟာ ဆီးရီးယား ဒမၼစကက္ၿမိဳ႕အျပင္ ဆီးရီးယားႏိုင္ငံေျမာက္ပိုင္း၊ အေရွ႕ဘက္ပိုင္း၊ ေတာင္ပိုင္းေဒသေတြမွာအေျခက်လႈပ္ရွားေနေၾကာင္းသိရပါတယ္။ 


အစၥေရးဟာ မတ္လ ၃၁ ရက္ ညပိုင္းက ဆီးရီးယားႏိုင္ငံကို ဒုံးက်ည္မ်ားနဲ႔ပစ္ခတ္ခဲ့ၿပီး ဆီးရီးယားက ဒုံးက်ည္မ်ားကို ပစ္ခ်ႏိုင္ခဲ့ေၾကာင္း ဆိုပါတယ္။ ဆီးရီးယားနဲ႔ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးဟာ ဆီးရီးယားႏိုင္ငံအေပၚ အစၥေရးရဲ႕တိုက္ခိုက္မႈေတြကို ျပစ္တင္ရႈတ္ခ်ခဲ့ေၾကာင္း သိရပါတယ္။ ဆီးရီးယားႏိုင္ငံအတြင္းရွိ အီရန္ နဲ႔ ဆက္ႏြယ္တဲ့ လက္နက္ကိုင္အဖြဲ႕ေတြရဲ႕တိုက္ခိုက္မႈေၾကာင့္ အေမရိကန္စစ္သားေတြနဲ႔အေမရိကန္ ကန္ထ႐ိုက္တာ တစ္ဦးေသဆုံးၿပီးေနာက္ အေမရိကန္ဘက္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ဆီးရီးယားႏိုင္ငံရွိ အီရန္စစ္ဘက္နဲ႔ ဆက္ႏြယ္တဲ့အေဆာက္အဦးမ်ားကို လက္တုံ႔ျပန္တိုက္ခိုက္ခဲ့ေၾကာင္းသိရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မေလမှစ၍ ဖောင်းကြွနံပါတ်ပြားပုံစံအသစ် မတပ်ဆင်သည့် မော်တော်ယာဉ်များကို အရေးယူမည်

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved