Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
သင်္ကြန်ပိတ်ရက်များတွင် အထူးရထားခရီးစဉ်များ ပြေးဆွဲမည်

စော (NSS) - ဧပြီ ၉

သင်္ကြန်ပိတ်ရက်များတွင် ရန်ကုန်၊ မန္တလေး၊‌ မော်လမြိုင်၊ ပြည် အထူးရထားခရီးစဉ်များ ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။


အဆိုပါအထူးရထားခရီးစဉ်များမှာ ရန်ကုန်-မန္တလေး-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင်-ရန်ကုန်နှင့်  ရန်ကုန်-ပြည်-ရန်ကုန် ရထားများဖြစ်ကြောင်း သိရသည်။ ပုံမှန်ပြေးဆွဲနေသည့် ရန်ကုန်-မန္တလေး-ရန်ကုန် အမှတ် (၁၁)အဆန်/အမှတ် (၁၂)အစုန် ရထားများကို နံနက် (၅)နာရီအချိန်တွင် ရန်ကုန် ဘူတာမှ စတင်ထွက်ခွာကာ နေ့စဉ်ပြေးဆွဲသွား မည်ဖြစ်ပြီး ရန်ကုန်-မန္တလေး-ရန်ကုန် အစုန် ။အဆန် အထူးရထားများကို  ဧပြီလ ၁၂ရက်၊ ၁၉ ရက် နှင့် ၂၁ရက်များတွင် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

‘အထူးရထားပုံမှန်ထွက်တာက သောကြာ၊ တနင်္ဂနွေပါ။ သောကြာနေ့ ၁၂ ရက်နေ့ ထွက်မယ့်ဟာက ပုံမှန်အတိုင်းထွက်ပြီးတော့ ၁၄ ရက်နေ့ထွက်မယ့် ရထားကို နားလိုက်တာပါ။ သင်္ကြန်ရက်တွင်းဖြစ်နေလို့’ဟု ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ထို့ပြင် ပုံမှန်ပြေးဆွဲနေသည့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် အမှတ် (၈၁) အဆန်/အမှတ် (၈၂)အစုန် ရထားများကို နံနက် (၆)နာရီခွဲအချိန်တွင် ရန်ကုန်မှစတင်ထွက်ခွာကာ နေ့စဉ်ပြေးဆွဲသွားမည်ဖြစ်ပြီး ရန်ကုန်-မော်လမြိုင်-ရန်ကုန် အထူးရထားကို ဧပြီလ ၁၁ ရက်၊ ၁၂ ရက်၊ ၁၃ရက်၊ ၂၀ရက်၊ ၂၁ရက်နှင့် ၂၂ ရက်တို့၌ နံနက် (၇)နာရီ(၄၅)မိနစ်အချိန်တွင် ရန်ကုန်ဘူတာမှ စတင်ထွက်ခွာမည်ဖြစ်ကြောင်း  သိရသည်။

အလားတူ ရန်ကုန်-ပြည်-ရန်ကုန် အထူးရထား အား ဧပြီလ ၁၁ ရက်၊ ၁၂ရက်၊ ၁၃ရက်၊ ၂၀ရက်၊ ၂၁ရက် နှင့် ၂၂ ရက်များ၌ပြေးဆွဲပေးမည်ဖြစ်ပြီး မွန်းလွဲ (၁)နာရီအချိန်တွင် ရန်ကုန်ဘူတာကြီးမှ စတင်ထွက်ခွာမည်ဖြစ် ကြောင်းသိရသည်။

ထို့ပြင် ပုံမှန်ပြေးဆွဲနေသည့် ရန်ကုန်-ပဲခူး-ရန်ကုန် အမှတ် (၁၃)အဆန်/အမှတ် (၁၄)အစုန် ရထားများ၊ မြို့ပတ်ရထားများ၊ ရန်ကုန်-ပြည်-ရန်ကုန် အမှတ် (၇၁)အဆန်/အမှတ် (၇၂)အစုန် ရထားများကို ဧပြီလ ၁၃ ရက်မှ ၁၆ ရက်နေ့အထိ ရပ်နားသွားမည်ဖြစ်ကြောင်း သိရသည်။ အလားတူ ရန်ကုန်-ပုဂံ-ရန်ကုန် ခရီးစဉ်တွင် ဧပြီလ ၁၂ ရက်နေ့၌ ရန်ကုန်မှထွက်ခွာမည့် အမှတ် (၆၁)အဆန်ရထားနှင့်  ဧပြီလ ၁၆ ရက်နေ့၌ ပုဂံမှ ထွက်ခွာမည့် အမှတ် (၆၂)အစုန်ရထားကို ရပ်နား မည်ဖြစ်ကြောင်းသိရသည်။

သင်္ကြန်ကာလအတွက် အထူးရထားလက်မှတ်များကို အထက်တန်းအတွက် (၃)ရက်၊ ရိုးရိုးတန်း အတွက် (၁)ရက်ကြိုတင်၍ ရောင်းချသွားမည်ဖြစ်ပြီး နေပြည်တော်မှ ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် မြန်မာ့မီရထား၊ စီးပွားရေးဌာန၊ ခရီးသည်ဌာနခွဲတို့တွင် လျှောက်လွှာဖြင့် ကြိုတင်ဝယ်ယူနိုင်ကြောင်း မြန်မာ့မီးရထားမှ ဆိုသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နျူကလီးယားစွမ်းရည်ရှိသော ပဲ့ထိန်းဒုံးကျည်မျိုးဆက်သစ်ကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ကြောင်း အိန္ဒိယစစ်ဘက်ပြော

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved