Apple ကုမ္ပဏီက အိန္ဒိယနိုင်ငံရှိ ၎င်း၏အလုပ်သမားများအတွက် နေအိမ်အလုံးရေ (၇၈၀၀၀) ဝန်းကျင် ဆောက်လုပ်ပေးရန် စီစဉ်နေ
Pika (NSS) - ဧပြီ ၉
Apple ကုမ္ပဏီသည် အိန္ဒိယနိုင်ငံရှိ ၎င်း၏အလုပ်သမားများအတွက် နေအိမ်ပေါင်း (၇၈၀၀၀) ဝန်းကျင်ကို ဆောက်လုပ်ပေးရန်စီစဉ်နေကြောင်း Economic Times သတင်းစာက ဧပြီလ(၈)ရက်နေ့တွင် ရေးသားဖော်ပြခဲ့သည်။
အဆိုပါပရောဂျက်ကို အိန္ဒိယအစိုးရက တစ်စိတ်တစ်ပိုင်း ရန်ပုံငွေထောက်ပံ့ပေးမည်ဖြစ်ပြီး အိန္ဒိယအခြေစိုက် Tata ကုမ္ပဏီ၊ ထိုင်ဝမ်အခြေစိုက် Foxconn ကုမ္ပဏီ နှင့် ဖင်လန်အခြေစိုက် Salcomp ကုမ္ပဏီတို့ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။ ပြီးခဲ့သည့်နှစ်တွင် Apple ကုမ္ပဏီ၏ အကြီးဆုံးထောက်ပံ့ပေးသွင်းသည့် ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သော Foxconn ကုမ္ပဏီသည် Tamil Nadu ပြည်နယ် Sriperumbudur မြို့ရှိ ၎င်း၏စက်ရုံတွင် လုပ်ကိုင်နေသော အလုပ်သမားများအတွက် နေအိမ်(၃၅၀၀၀)နီးပါးဆောက်လုပ်ပေးရန် အဆိုပါပရောဂျက်တွင် အမေရိကန်ဒေါ်လာ(၁ ဒသမ ၅)ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဟု ကတိပြုခဲ့သည်။
Tata ကုမ္ပဏီသည် Apple ကုမ္ပဏီ၏ အလုပ်သမားများအတွက် နေအိမ်အလုံးပေါင်း(၁၁၀၀၀)ကို တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း Economic Times ကဖော်ပြခဲ့သည်။ ထို့ပြင် အိမ်ယာဖွံ့ဖြိုးတိုးတက်မှုသည် လူသစ်စုဆောင်းမှုနှင့် ထုတ်လုပ်မှုကို ပိုမိုတိုးတက်စေမည်ဟု Tata ကုမ္ပဏီက မျှော်လင့်ထားကြောင်းသိရသည်။ လက်ရှိအချိန်တွင် iPhone အများစုကို တရုတ်နိုင်ငံတွင် ထုတ်လုပ်နေသော်လည်း iPhone မော်ဒယ်အဟောင်းများကို အိန္ဒိယနှင့် ဗီယက်နမ်တို့တွင် ထုတ်လုပ်နေဆဲဖြစ်သည်။ Apple ကုမ္ပဏီသည် ၎င်း၏အထင်ကရဖုန်းများကို အိန္ဒိယနိုင်ငံတွင် ပိုမိုထုတ်လုပ်ရန်စီစဉ်နေကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကိုရီးယားနည်းပညာဖြင့် အမှိုက်များမှ မီသိန်းဓာတ်ငွေ့များ စုစည်းသန့်စင်ပြီး လျှပ်စစ်ထုတ်ယူနိုင်ရေး ဆွေးနွေး
RELATED POSTS
18 Sep 2024 | နည်းပညာ,နိုင်ငံတကာ
12 Sep 2024 | နည်းပညာ,နိုင်ငံတကာ
31 Aug 2024 | နည်းပညာ,နိုင်ငံတကာ
29 Aug 2024 | နည်းပညာ,နိုင်ငံတကာ