Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
သင်္ကြန်ပိတ်ရက် ခရီးထွက်အပန်းဖြေသူများအနေဖြင့် ကမ်းခြေမှ ‌ပင်လယ်သတ္တဝါများအား အလွယ်တကူကိုင်ခြင်းကို ရှောင်းရှားသင့်ပြီး ဂျပ်မြွေကိုလည်း သတိထားရန်လိုဟုဆို

စော (NSS) - ဧပြီ ၇

သင်္ကြန်ပိတ်ရက် ခရီးထွက်အပန်းဖြေသူများအနေဖြင့် ကမ်းခြေမှ ‌ပင်လယ်သတ္တဝါများအား အလွယ်တကူကိုင်ခြင်းကို ရှောင်းရှားသင့်ပြီး ဂျပ်မြွေကိုလည်း သတိထားရန်လိုကြောင်း ပင်လယ်သတ္တဝါနှင့် သားရဲတိရစ္ဆာန် သုတေသန ပညာရှင်တစ်ဦးက  NSS မှတဆင့်အကြုံပြုပြောကြားထားသည်။


ယခုအခါ မြန်မာနှစ်ကူးသင်္ကြန်ပိတ်ရက်တွင် ခရီးသွားပြည်သူများအနေဖြင့်  ကမ်းခြေများသို့ အများဆုံးအပန်းဖြေခရီးထွက်ရန် စီစဉ်နေကြရာ ကမ်းခြေသို့ ရောက်လျှင် ပင်လယ်သတ္တဝါများကို အလွယ်တကူထိတွေ့ရာတွင်  အန္တရာယ်ရှိနိုင်သည့်အတွက် ၎င်းက အထက်ပါအတိုင်းအကြံပြုပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့က ဘာတွေအများဆုံးတွေ့ရလဲဆိုတော့ ပင်လယ်ကမ်းခြေကကောင်တွေကို ဘာမျိုးစိတ်လဲဆိုတာမသိဘဲ ကိုင်ကြတာကတော့ တွေ့ရများတယ်။ ကမ်းခြေမှာ တစ်ချို့အဆိပ်ပြင်းအကောင်လေးတွေ၊ ရေဒန်းလို့ခေါ်တဲ့အကောင်လေးတွေရှိတယ်။ အဲဒီအကောင်လေးတွေဆိုရင် အပြာရောင်ဝိုင်းဝိုင်းလေးတွေ၊ အဲဒါကြောင့် လူတွေက ချစ်ဖို့ကောင်းလို့ ကိုင်တတ်ကြတယ်။ သောင်ပြင်မှာ သူတို့က တင်နေတယ်။ လူတွေက ကောက်ကိုင်ကြတယ်။ အဆိပ်ရှိတဲ့အကောင်တွေမျိုးဖြစ်နေမယ်ဆိုရင် ဒီအဆိပ်တွေက လူကိုထိခိုက်စေမယ်ပေါ့။ အဲဒီခါမှာ မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်သွားနိုင်တယ်။ ကျွန်တော်တို့အနေနေဲ့ အကြံပြုချင်တာက ပင်လယ်ကမ်းခြေရောက်တယ်ဆိုရင် လျှောက်ပြီးတော့ မကိုင်ကြဖို့ ၊ ကိုယ်သိတဲ့ အန္တရာယ်ကင်းတယ်လို့ သိတဲ့အ‌ကောင်တွေ ခရုတို့၊ ဂဏန်းတို့ အဲဒီလိုအကောင်တွေက လွဲရင် ကျန်တဲ့ဟာလေးတွေကို မကိုင်ကြဖို့ပေါ့။ ကိုင်ပြီဆိုရင် မြွေတင်မကဘူး တခြား ပင်လယ်ရေခူတွေမှာလည်း အဆိပ်ပြင်းတဲ့ ရေခူမျိုးတွေရှိတယ်။ အဲဒီအခါမှာ လူကိုထိခိုက်စေနိုင်တယ်”ဟု ၎င်းက ပြောသည်။

ပင်လယ်သတ္တဝါများထဲတွင်  ပင်လယ်မြွေ၊ ဂျပ်မြွေ၊ ဂျပ်ပြားမြွေ နှင့် ဂျပ်လုံးမြွေတို့သည် ရေထဲတွင်သာ နေသော်လည်း အစာချက်ရန် ၊ ဥဥရန် နှင့် နေရောင်ခြည်ဓာတ်ကို စုပ်ယူရန် စသည်တို့အတွက် ကမ်းခြေသို့ တက်လာကြကြောင်း သိရသည်။

“ဂျပ်မြွေက လူတွေထင်သလိုမျိုး စွာတဲ့ပုံစံမျိုးတော့မရှိဘူး။ ကိုက်ခဲတယ်။ တော်ယုံတန်ယုံဆို ကိုင်လို့ရတဲ့ထိ ဖြစ်တယ်။ ကိုင်လို့ရတယ်ဆိုပြီး ကိုင်ကြတယ်။ တစ်ချို့ဒေသမှာဆို ဘုရားမြွေပဲ အဆိပ်မရှိဘူးဆိုပြီးတော့‌တွေးကြတယ်။ အဲဒီလိုတော့မဟုတ်ဘူး သူ့ရဲ့အဆိပ်ကပြင်းတယ်။ အဲဒီအဆိပ်က လူတွေရဲ့ အာရုံကြောစနစ်ကိုပျက်စီးစေနိုင်တယ်။ ဂျပ်မြွေအကိုက်ခံရပြီဆိုရင် လူကအိပ်ချင်လာတယ်။ ပြီးရင် အိပ်ချင်လာပြီးတော့ အာရုံကြောကိုတိုက်ခိုက်ခံရတော့ မလှုပ်မရှားနိုင်တွေဖြစ်တယ်။ အဲဒါကြောင့်မို့ နောက်ဆက်တွဲလက္ခဏာတွေဖြစ်တတ်တယ်ပေါ့။ အသက်ရှူစက်ရှိတဲ့ ဆေးရုံကိုသွားပြီးတော့ အမြန်ဆုံးကုသမှုခံယူစေဖို့ လိုအပ်တယ်”ဟု ၎င်းကဆက်လက်ပြောသည်။

ဂျပ်မြွေအကိုက်ခံရပါက နာကျင်ပူလောင်မှုမရှိသော်လည်း ပါးစပ်တွင် ချွဲပျစ်‌‌စေးကပ်လျက် မျက်စိမှုန်ဝေကာ စကားလည်း မပြောနိုင်ဘဲ အိပ်ချင်လာပြီး အိပ်ပျော်သွားရာမှ တဖြည်း ဖြည်း အသက်ရှူရပ်သွားတတ်ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အကူအညီများမရရှိခြင်းကြောင့် ယူကရိန်းက ရှုံးနိမ့်မှုများကို ကြုံတွေ့နေရခြင်းဖြစ်ကြောင်း အမေရိကန်အထက်လွှတ်တော်ခေါင်းဆောင်ပြော

RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved