အကူအညီများမရရှိခြင်းကြောင့် ယူကရိန်းက ရှုံးနိမ့်မှုများကို ကြုံတွေ့နေရခြင်းဖြစ်ကြောင်း အမေရိကန်အထက်လွှတ်တော်ခေါင်းဆောင်ပြော
Pika (NSS) - ဧပြီ ၉
အမေရိကန်၏ အကူအညီများ မရရှိခြင်းကြောင့် ယူကရိန်းနိုင်ငံသည် စစ်မြေပြင်တွင် ရှုံးနိမ့်မှုများကို ကြုံတွေ့နေရခြင်းဖြစ်ကြောင်း အမေရိကန်အထက်လွှတ်တော်ခေါင်းဆောင် Chuck Schumer က ဧပြီလ(၈)ရက်နေ့တွင် ပြောကြားခဲ့သည်။
အောက်လွှတ်တော် ရီပတ်ဘလစ်ကန်အမတ်များအနေဖြင့် ယူကရိန်းအတွက် အမေရိကန်ဒေါ်လာ(၆၁)ဘီလျံ အကူအညီပေးရေး ဥပဒေမူကြမ်းကို အမြန်ဆုံးအတည်ပြုပေးရန် Chuck Schumer က တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။ အမေရိကန်အထက်လွှတ်တော်သည် ယူကရိန်းအတွက် အကူအညီပေးရေးအစီအစဉ်အသစ်ကို ပြီးခဲ့သည့်ဖေဖော်ဝါရီလလယ်တွင် အတည်ပြုပေးခဲ့သော်လည်း ရီပတ်ဘလစ်ကန်များကြီးစိုးထားသည့် အောက်လွှတ်တော်သည် အဆိုပါဥပဒေမူကြမ်းကို လက်ရှိအချိန်အထိ အတည်ပြုပေးခြင်းမျိုးမရှိသေးကြောင်းသိရသည်။ Chuck Schumer က 'ယူကရိန်းရဲ့ အခြေအနေတွေက အရမ်းဆိုးရွားနေပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေက ကူညီထောက်ပံ့ပေးမှုတွေမရှိဘဲ စစ်မြေပြင်မှာ တိုက်ခိုက်ရင်းသေဆုံးနေကြတဲ့အချိန်မှာ အမေရိကန်ရဲ့အကူအညီပေးရေး ဥပဒေမူကြမ်းက အောက်လွှတ်တော်မှာ ရပ်တန့်နေတာ (၅၅)ရက်ရှိပါပြီ။ နေ့ရက်တိုင်း ကုန်ဆုံးလာတာနဲ့အမျှ ယူကရိန်းဟာ တပ်ဖွဲ့ဝင်တွေ၊ခဲယမ်းမီးကျည်တွေနဲ့ မျှော်လင့်ချက်တွေကိုလည်း ဆုံးရှုံးနေရပါတယ်'ဟု ပြောဆိုခဲ့သည်။
အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်သည် အကူအညီပေးရေးအစီအစဉ်အသစ်ကို အတည်ပြုပေးခြင်းဖြင့် ယူကရိန်း၊ အမေရိကန် နှင့် ဒီမိုကရေစီတို့အတွက် မှန်ကန်သည့်အရာကို လုပ်ဆောင်မည်ဟု မျှော်လင့်မိကြောင်း Chuck Schumer ကထပ်မံပြောဆိုခဲ့သည်။ Chuck Schumer သည် ပြီးခဲ့သည့်ဖေဖော်ဝါရီလတွင် ယူကရိန်းနိုင်ငံသို့ သွားရောက်လည် ပတ်စဉ်အချိန်အတွင်း အလားတူပြောဆိုချက်များကို ပြောဆိုခဲ့ဖူးကြောင်းသိရသည်။ ၎င်းက 'ယူကရိန်းကသာ အကူအညီတွေကို ရရှိမယ်ဆိုရင် ရုရှားကိုတိုက်ခိုက်ပြီး စစ်ပွဲကို အနိုင်ယူနိုင်ပါလိမ့်မယ်'ဟု ပြောဆိုခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးဈေးချိုတော်တွင် ရုတ်တရက်မူးလဲသည့်အမျိုးသမီးတစ်ဦး ဆေးရုံအရောက်တွင် သေဆုံး
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ