ဂါဇာစစ်ပွဲကို အနိုင်ရရှိရန်အတွက် ခြေတစ်လှမ်းလောက်သာလိုတော့ကြောင်း အစ္စရေးဝန်ကြီးချုပ်ပြော
Pika (NSS) - ဧပြီ ၈
အစ္စရေးနိုင်ငံသည် ဂါဇာကမ်းမြောင်ဒေသတွင်ဖြစ်ပွားနေသော စစ်ပွဲကို အနိုင်ရရှိရန်အတွက် ခြေလှမ်းတစ်လှမ်းလောက်သာလိုတော့ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ဧပြီလ(၇)ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့ပြင် ဟားမက်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားသော ဓါးစာခံအားလုံးကို လွှတ်မပေးသရွေ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရှိလာမည်မဟုတ်ကြောင်း နေတန်ရာဟုက ကတိပြုပြောဆိုခဲ့သည်။ နေတန်ရာဟုသည် အစ္စရေး-ဟားမက်စစ်ပွဲဖြစ်ပွားမှု (၆)လပြည့်သည့်နေ့တွင် ကျင်းပသော အစိုးရအဖွဲ့အစည်းအဝေးတွင် ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ နေတန်ရာဟုက 'ကျွန်တော်တို့ အောင်ပွဲကိုရရှိဖို့ ခြေတစ်လှမ်းလောက်ပဲ လိုပါတော့တယ်။ ဒါပေမဲ့ ပေးဆပ်ခဲ့ရတာတွေက တကယ်ကို ဝမ်းနည်းဖို့ကောင်းပါတယ်' ဟုပြော ဆိုခဲ့သည်။ ထို့ပြင် နိုင်ငံတကာကြားဝင်စေ့စပ်သူများနှင့် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် အပစ်အ ခတ်ရပ်စဲရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန် မျှော်လင့်ထားခြင်းရှိ/မရှိဆိုသည့်အချက်ကို နေတန်ရာဟုက တုံ့ပြန်ပြောဆိုခဲ့ကြောင်းလည်းသိရသည်။
နေတန်ရာဟုက 'ဟားမက်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားတဲ့ ဓါးစာခံတွေအားလုံးကို လွှတ်မပေးမချင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဆိုတာ ရှိလာမှာမဟုတ်ပါဘူး။ ဓါးစာခံတွေအားလုံးကို လွှတ်ပေးမှသာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရှိလာမှာပါ။' ဟုပြောဆိုခဲ့သည်။ အစ္စရေးသည် အကျဉ်းသားလဲလှယ်ရေးသဘောတူညီချက်အတွက် အဆင်သင့်ရှိနေသော်လည်း လက်နက်ချသွားမည်မဟုတ်ကြောင်း နေတန်ရာဟုက ထပ်မံပြောဆိုခဲ့သည်။ ၎င်းက 'နိုင်ငံတကာအသိုင်းအဝိုင်းဟာ အစ္စရေးကို ဖိအားပေးနေမယ့်အစား ဟားမက်လက်နက်ကိုင်အဖွဲ့ကို ဖိအားပေးသင့်ပါတယ်။ ဒါက ဖမ်းဆီးခံထားရတဲ့ ဓါးစာခံတွေလွတ်မြောက်ဖို့အတွက် အကူအညီတစ်ခုဖြစ်လာပါလိမ့်မယ်' ဟု ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရားမဝင်ဖွင့်လှစ်ထားသည့် အလှအပဆိုင်ရာဆေးခန်းများကြောင့် ပြည်သူများတွင် နစ်နာမှုများရှိနေပြီး စိစစ်အရေးယူမှုများ ဆောင်ရွက်နေ
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း