မန္တလေးတွင် လေးပြင်းတိုက်ခက်မှုများဖြစ်ပွားခဲ့ပြီး အဖွားအိုတစ်ဦး သေဆုံးကာ အဆောက် အဦးတစ်ချို့ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်
သန့်ဇင်(NSS) - ဧပြီ ၈
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင် လေးပြင်းတိုက်ခတ်မှုကြောင့် လမ်းဖြတ်မုဒ်ဦးတစ်ခုပြိုကျသွားခဲ့ရာ ကားတစ်စီးထိခိုက် ပျက်စီးသွားခဲ့ကြောင်း နန်းတော်ရှေ့လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဥ်မှာ ယမန်နေ့(ဧပြီလ ၇ရက်)၊ ည ၇နာရီဝန်းကျင်အချိန်ခန့်တွင် အောင်မြေသာစံမြို့နယ်၊ ၂၆လမ်းနှင့် ၇၃လမ်းကြား၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“မနေ့က လေပြင်းတိုက်ပြီးတော့ အဲဒီမုဒ်ဦး တစ်ခြမ်းစောင်းပြီး ပြိုကျတာပါ။ လေကထင်သလောက်ကြီးလည်း အရမ်းမပြင်းပေမယ့် မုဒ်ဦးကကိုမခိုင်လို့ပြုကျတာပါ။ အဲဒီမုဒ်ဦးက အရင်ကတည်းက ပြည်ထောင်စုနေ့တို့နဲ့ အခြားနေ့တွေမှာ လုပ်တဲ့လမ်းဖြတ်မုဒ်ဦးပါ။ အခုမှ မခိုင်လို့ပြုတ်ကျတာပါ”ဟု နန်းတော်ရှေ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ မုဒ်ဦးပြိုကျမှုဖြစ်စဉ်တွင် လူ(၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အိမ်စီးကား(၂)စီးသည်လည်း ထိခိုက်ပျက်စီးမှုများရရှိခဲ့ကြောင်း သိရသည်။ အလားတူ အဆိုပါနေ့တွင် မတ္တရာမြို့နယ်၊ မင်းကန်ကျေးရွာတွင်လည်း လေပြင်းတိုက်ခက်မှုကြောင့် အမြင့်ပေ(၄၀)၊ အနံ(၁၀)ပေခန့်ရှိ လက်ပံပင်တစ်ပင်လဲပြိုခဲ့ရာ အသက်(၆၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
“လေတိုက်ပြီး လက်ပံပင် ပိတဲ့အဖွားကတော့ ခေါင်းထိပြီးဆုံးသွားတယ်။ အဖွားက အဲဒီလက်ပံပင်အောက်မှာ တဲထိုးပြီးနေတာ။ အဲဒီဘက်မှာပဲ တဲ(၃)လုံး ပြိုပြီး ကျားတစ်ဦးနဲ့ မတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့သေးတယ်။ နောက်ပြီး ပြည်ကြီးတံခွန်ဘက်က ထရမ်စဖာလည်း ပြုတ်ကျတယ်လို့ကြားမိတယ်။ မနေ့လေက နည်းနည်းတော့ ကြမ်းသွားတယ်”ဟု လှိုင်းမေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရန်နှင့်ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအားလုံးကို ကိုင်တွယ်ဖြေရှင်းရန် အဆင်သင့်ရှိကြောင်း အစ္စရေးစစ်ဘက်ပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ