မဟာအောင်မြေမြို့နယ်ရှိ လဝကရုံး လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ၍ (၂)ဦး သေဆုံးကာ (၉)ဦးထက်မနည်းဒဏ်ရာရ
မြူနစ် (NSS) - ဧပြီ ၆
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ လဝကရုံးကို PDF အဖွဲ့က လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ (၂)ဦးသေဆုံးခဲ့ပြီး (၉)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
NUG လက်အောက်ခံ PDF အဖွဲ့ဝင် (၂)ဦးသည် ဧပြီ ၅ ရက် မွန်းလွဲပိုင်းတွင် ဆိုင်ကယ်တစ်စီးဖြင့် မဟာအောင်မြေမြို့နယ်၊ ကျွဲဆည်ကန် (၁)လမ်းနှင့် ရန်ကုန်-မန္တလေးလမ်းထောင့်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးသို့ လာရောက်ကာ လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ထိုသို့ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း နစကမှ ဆိုသည်။
ထို့ပြင် ၎င်းဖြစ်စဉ်အတွင်း ဝန်ထမ်း (၄)ဦးနှင့် ဒေသခံပြည်သူ (၅)ဦး စုစုပေါင်း (၉)ဦးသည်လည်း ဗုံးစထိမှန်ဒဏ်ရာများ ရရှိ ခဲ့ပြီး လက်ရှိတွင် ၎င်းတို့အား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ တိုက်ခိုက်ခဲ့သည့် PDF အဖွဲ့ဝင်များကို အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်နေကြောင်းလည်း နစကမှ သတင်းထုတ်ပြန်ထားသည်။
လက်ရှိနစကအစိုးရလက်ထက်တွင် လဝကရုံးများ ဗုံးခွဲတိုက်ခိုက်ခံရသည့်ဖြစ်စဉ်များ ရှိနေသကဲ့သို့ မီးရှို့ဖျက်ဆီးခြင်း၊ ဝန်ထမ်းများ အကြမ်းဖက်သတ်ဖြတ်ခံရခြင်းစသည့်ဖြစ်စဉ်များ ဖြစ်ပွားနေလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ဂျီးရီးယားနိုင်ငံတွင် သေနတ်သမား(၁၀၀)ခန့်က အနည်းဆုံးလူ(၂၁)ဦးကို သေနတ်ဖြင့်ပစ်သတ်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ