ဒေါ်နယ်ထရမ့်က ဘီလျံနာသူဋ္ဌေးကြီး ဂျော့ဆိုးရော့စ်ထက် ပိုမိုချမ်းသာကြောင်း ဘလွန်းဘတ် ဖော်ပြ
Pika (NSS) - ဧပြီ ၅
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် ၏ ဆိုရှယ်မီဒီယာပလက်ဖောင်း Truth Socialonf Nasdaq စတော့ ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း အောင်မြင်စွာ ပွဲဦးထွက်နိုင်ခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်သည် လက်ရှိ အချိန်တွင် ဘီလျံနာ သူဌေးကြီး ဂျော့ဆိုးရော့စ်ထက် ပိုမိုချမ်းသာကြောင်း ဘလွန်းဘတ်ကဖော်ပြခဲ့သည်။
Truth Socialonf Nasdaq စတော့ဈေးကွက်တွင် အောင်မြင်စွာပွဲဦး ထွက်နိုင်ခဲ့မှုနှင့်အတူ ဒေါ်နယ်ထရမ့်၏ ပိုင်ဆိုင်မှုသို့ အမေရိကန်ဒေါ်လာဘီလျံပေါင်းများစွာ ပေါင်းထည့်ပေးနိုင်ခဲ့ကြောင်းသိရသည်။ ဘလွန်းဘတ် ဘီလျံနာ ညွှန်းကိန်းအရ ဒေါ်နယ်ထရမ့်၏ အသားတင်ပိုင်ဆိုင်မှုသည် ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၄ ဘီလျံ ကျော်ထိ မြင့်တက်လာခဲ့ပြီး စုစုပေါင်း အသားတင် ကြွယ်ဝချမ်းသာမှုမှာ အမေရိကန်ဒေါ်လာ (၇ ဒသမ ၈) ဘီလျံထိ ရှိခဲ့ကြောင်း သိရသည်။
မတ်လ ၂၇ ရက်တွင် ဈေးကွက်ပိတ်သိမ်းချိန်အထိ ဘီလျံနာညွှန်းကိန်းစာရင်းတွင် ဒေါ်နယ်ထရမ့်သည် အဆင့် ၃၂၈ တွင်ရှိနေပြီး အသက် (၉၃) နှစ်အရွယ် ဂျော့ဆိုးရော့စ်သည် အသားတင်ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၇ ဒသမ၂ ဘီလျံဖြင့် အဆင့်(၃၇၅)တွင် ရှိနေခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒေါ်နယ်ထရမ့်သည် ဘီလျံနာသူဌေးကြီးများဖြစ်သော မာ့ခ်ကျူဘန် (အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလျံ)၊ Bernie Marcus (အမေရိကန် ဒေါ်လာ ၆ ဒသမ ၉ ဘီလျံ)၊ Gordon Getty (အမေရိကန်ဒေါ်လာ ၆ ဒသမ ၂ ဘီလျံ)နှင့် Reed Hastings (အမေရိကန်ဒေါ်လာ ၅ ဒသမ ၉ ဘီလျံ) တို့ထက် ပိုမိုချမ်းသာလာခဲ့ကြောင်းလည်း သိရသည်။ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် များပြားလှသော တရားစွဲဆိုမှုများနှင့်အတူ တရားရေး စရိတ်နှင့် ပြစ်ဒဏ်အဖြစ် အမေရိကန်ဒေါ်လာသန်းချီကုန်ကျမှုများနှင့် ရင်ဆိုင်နေရ ချိန်တွင် ယခုကဲ့သို့ ဖြစ်ရပ်များ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်အာဖရိကသမ္မတဟောင်း Jacob Zuma မေလ ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်ခြင်းမပြုရန် တားမြစ်ခံရ
RELATED POSTS
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း
12 Sep 2024 | စီးပွားရေး,ပြည်တွင်း