ရှမ်းပြည်နယ်မှ ရန်ကုန်သို့ ပို့ဆောင်မည့် ငွေကျပ်သိန်း ၁၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို လမ်းခုလပ်၌ ဖမ်းဆီးရမိ
Pearl (NSS) - မတ် ၂၈
ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ ပို့ဆောင်မည့် ငွေကျပ်သိန်း ၁၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို လမ်းခုလပ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ယင်းမူးယစ်ဆေးဝါးများကို မတ်လ ၂၀ ရက် ညနေ ၅ နာရီခွဲခန့်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်၊ နမ့်မော်ခေါက်ဆင့်ကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါကျေးရွာအနီးတွင် ခိုလမ်မြို့ဘက်မှ နမ့်စန်မြို့ဘက်သို့ မောင်သန်းရွှေ မောင်းနှင်လာသည့် ALPHARD မော်တော်ယာဉ်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က သတင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်း ဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငလျင်ကြီးမလှုပ်သည်မှာ နှစ်ပေါင်း ၂၅ဝ ကျော်ကြာမြင့်လာပြီဖြစ်သောကြောင့် ရခိုင်ပြည်နယ်၌ ငလျင်နှင့်ပတ်သက်၍ သတိပြုရန် လိုအပ်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ