မော်စကိုရှိ ပြဇာတ်ရုံကိုတိုက်ခိုက်ခဲ့သော သေနတ်သမားများကို အနောက်အုပ်စု၏ အထူးဝန်ဆောင်မှုအဖွဲ့များက အကူအညီများပေးခဲ့ဟု ရုရှားအစိုးရပြော
Pika (NSS) - မတ် ၂၇
ပြီးခဲ့သည့်သီတင်းပတ်တွင် မော်စကိုမြို့ရှိ ပြဇာတ်ရုံကို တိုက်ခိုက်ခဲ့သော သေနတ်သမားများကို အနောက်အုပ်စုနှင့်ယူကရိန်းတို့၏ အထူးဝန်ဆောင်မှုအဖွဲ့များက အကူအညီပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ရုရှား၏ဖက်ဒရယ်လုံခြုံရေးဝန်ဆောင်မှုအေဂျင်စီ အကြီးအကဲက မတ်လ (၂၆)ရက်တွင် စွပ်စွဲပြောဆိုခဲ့သည်။
မတ်လ(၂၂)ရက်က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုတွင် ယူကရိန်းက တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်နေကြောင်း ရုရှားဖက်က အကြိမ်ကြိမ်စွပ်စွဲပြောဆိုခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကို အစွန်းရောက်အစ္စလာမ်မစ်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ရုရှားသမ္မတပူတင်က မှတ်ချက်ပြုပြောဆိုခဲ့သည်။ ရုရှား၏ဖက်ဒရယ်လုံခြုံရေးဝန်ဆောင်မှုအေဂျင်စီ အကြီး အကဲ အလက်ဇန်းဒါးဘော့တ်နီကို့ဗ်က 'ဒီလုပ်ရပ်ကို အစွန်းရောက်အစ္စလာမ်မစ်တွေက ကိုယ်တိုင်ပြင်ဆင်ထားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် အနောက်အုပ်စုရဲ့ အထူးဝန် ဆောင်မှုအဖွဲ့တွေက အကူအညီတွေပေးအပ်ခဲ့ပြီး ယူကရိန်းရဲ့ အထူးဝန်ဆောင်မှုအဖွဲ့တွေက တိုက်ရိုက်ပါဝင်ပတ်သက်နေတာမျိုးလည်းဖြစ်နိုင်ပါတယ်'ဟုပြောဆိုခဲ့သည်။
ထို့ပြင် တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သော သေနတ်သမားများသည် ယူကရိန်းနယ်စပ်ဖြတ်ကျော်ကာ ထွက်ပြေးရန်ကြိုးပမ်းခဲ့ကြောင်း အလက်ဇန်းဒါးဘော့တ်နီကို့ဗ်က ပြောကြားခဲ့သည်။ ၎င်းက 'အခြားတစ်ဖက်မှာတော့ သူတို့ကို သူရဲကောင်းတွေအဖြစ် သတ်မှတ်ကြမှာပါ။ ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ဖို့ အမိန့်ပေးတဲ့သူကို လက်ရှိအချိန်အထိတော့ ဖော်ထုတ်နိုင်ခြင်းမျိုးမရှိသေးပါဘူး'ဟု ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖားကန့်မြို့နယ်တွင် ကြက်ဥအရွယ်အစားထက်ကြီးမားသည့် မိုးသီးကြွေ၍ အိမ်ခေါင်မိုးများပေါက်ပြဲသည့်အတွက် အိမ်မိုးသွပ်များဝယ်လိုအားမြင့်တက်နေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ