ယူကရိန်းကို ကူညီရန်အတွက် ဒရုန်းညွန့်ပေါင်းတပ်ဖွဲ့တွင် ပူးပေါင်းပါဝင်သွားမည်ဟု ဩစတြေးလျအစိုးရပြော
Pika (NSS) - မတ် ၂၁
ဗြိတိန်နှင့်လတ်ဗီးယားနိုင်ငံတို့ကဲ့သို့သော မိတ်ဖက်နိုင်ငံများနှင့် ပေါင်းစည်းကာ ယူကရိန်းစစ်ပွဲအတွက် အကူအညီပေးရန် နိုင်ငံတကာဒရုန်းညွန့်ပေါင်းတပ်ဖွဲ့တွင် ပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း ဩစတြေးလျအစိုးရက မတ်လ(၂၁)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
ဩစတြေးလျကာကွယ်ရေးဝန်ကြီး Richard Marles က 'ယူကရိန်းက ဒီစစ်ပွဲကို ကိုယ်တိုင်ဖြေရှင်းပြီး တည်ငြိမ်တဲ့လမ်းကြောင်းပေါ်မှာ ဆက်ရှိနေဖို့အတွက် ကြိုးပမ်းရာမှာ ကျွန်တော်တို့ရဲ့ ကူညီပံ့ပိုးမှုတွေက အရေးကြီးတဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်'ဟု ပြောဆိုခဲ့သည်။ ရုရှား၏ကျူးကျော်တိုက် ခိုက်မှုများကို ရင်ဆိုင်နေသော ယူကရိန်းသည် အမြောက်ကျည်ဆန်ပြတ် လပ်မှုများကြောင့် ဒရုန်းများအသုံးပြုမှုအပေါ် မှီခိုနေရပြီဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
ရုရှား-ယူကရိန်း စစ်ပွဲအတွင်း ကီလိုမီတာရာချီအဝေးတွင်ရှိသော ပစ်မှတ်များကို တိုက်ခိုက်ခြင်း၊ ထောက်လှမ်းခြင်း နှင့် အနီးရှိရန်သူများကို တိုက် ခိုက်ခြင်းတို့ကဲ့သို့သော မစ်ရှင်များအတွက် ထောင်ပေါင်းများစွာသော ဒရုန်းများကို နှစ်ဖက်လုံးက အသုံးပြုခဲ့ကြကြောင်းသိရသည်။ ထို့ပြင် ယခုနှစ်အ တွင်း ဒရုန်းအစင်းရေ(၁)သန်းထုတ်လုပ်သွားမည်ဟု ယူကရိန်းသမ္မတဇီလန်စကီးက ကတိပြုခဲ့ကြောင်းလည်း သိရသည်။
ယူကရိန်းတပ်ဖွဲ့များသည် တစ်လလျှင် ဒရုန်းအစင်းရေ(၁)သိန်းမှ (၁)သိန်း(၂)သောင်း ကြားလိုအပ်ကြောင်းလည်း ယူကရိန်းအရာရှိများကပြောကြားခဲ့သည်။ ဩစတြေးလျနိုင်ငံသို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂရန့်ရှပ် ရောက်ရှိနေစဉ်အချိန်အတွင်း ဩစတြေးလျအစိုးရက ယခုကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ ယူကရိန်းသို့ ဒရုန်းအစင်းရေ ထောင် ပေါင်းများစွာပေးပို့ရန် ရည်ရွယ်သည့် ဒရုန်းညွန့်ပေါင်းတပ်ဖွဲ့ကို ဦးဆောင်ရန် ဗြိတိန်နှင့်လတ်ဗီးယားတို့က ပြီးခဲ့သည့်လတွင် သဘောတူညီခဲ့ကြကြောင်းသိရသည်။ ရုရှား-ယူကရိန်း စစ်ပွဲစတင်ဖြစ်ပွားခဲ့သည့်အချိန်တွင် ဒရုန်းများသည် အရေးပါသော အခန်းကဏ္ဍတွင် မပါဝင်ခဲ့သော်လည်း လက်ရှိအချိန်တွင် အရေးပါသောအခန်းကဏ္ဍမှ သိသိသာသာပါဝင်လာပြီဖြစ် ကြောင်း ဂရန့်ရှပ်က ပြောကြားခဲ့သည်။ ဩစတြေးလျအစိုးရသည် ဒရုန်းညွန့်ပေါင်းတပ်ဖွဲ့တွင် ပူးပေါင်းပါဝင်မည်ဆိုသည့် ၎င်း၏ပြောဆိုချက်များနှင့်ပတ်သက်ပြီး နောက်ထပ်အသေးစိတ်အချက်အလက်များကို လာမည့်သီတင်းပတ်များအတွင်း လူသိရှင်ကြားထုတ်ပြန်နိုင်ဖွယ် ရှိနေကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်ကမ်းလွန်ပင်လယ်ပြင်တွင် တောင်ကိုရီးယားဓါတုပစ္စည်းတင်သင်္ဘောတိမ်းမှောက်ခဲ့ပြီး လူ(၈)ဦးသေဆုံး
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း