Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆီးရီးယားအသင်းမှာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းထက် သာလွန်နေသော်လည်း အကောင်းဆုံးယှဉ်ပြိုင် ကစားသွားမည်ဟု အသင်းခေါင်းဆောင်မောင်မောင်လွင်ပြော

သန့်ဇင် (NSS) - မတ် ၂၀

ဆီးရီးယားအသင်းမှာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းထက် များစွာသာလွန်နေသော်လည်း အကောင်းဆုံးယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း အသင်းခေါင်းဆောင်မောင်မောင်လွင်က ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင်မောင်မောင်လွင်က ယနေ့(မတ်လ ၂၀ ရက်) ညနေ ၆ နာရီအချိန် ခန့်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပပြုလုပ်သော ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။


“ဒီပွဲနဲ့ မတိုင်ခင်ကျွန်တော်တို့အသင်းက Training တွေ အများကြီးလုပ်ထားတာပါ။ အမှန်တိုင်းပြောရရင် ဆီးရီးယားအသင်းက ကျွန်တော်တို့အသင်းထက် အများကြီးပိုကောင်းတဲ့အသင်းဖြစ်ပေမယ့် ကျွန်တော်တို့အသင်း ကလည်း အကောင်းဆုံးတုံ့ပြန်ကစားသွားမှာပါ” ဟု မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင်မောင်မောင်လွင်က ပြောခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည့် ပြီးခဲ့သည့် ပွဲစဉ်များတွင် ဂျပန်အသင်းကို ၅ဂိုး-ဂိုးမရှိ ဆိုသော ရလဒ်၊ မြောက်ကိုရီးယားအသင်းကို ၆ ဂိုး-၁ ဂိုး ဆိုသောရလဒ်များဖြင့် ရှုံးနိမ့်ထားခဲ့ရာ အုပ်စုအတွင်း အမှတ်မရရှိထားသည့် အသင်းလည်းဖြစ်သည်။


မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း လက်ခံယှဉ်ပြိုင်ကစားရမည့် ဆီးရီးယားအသင်းမှာ FIFA အဆင့်(၈၉)တွင် ရှိနေပြီး မြန်မာ့လက်ရွေးစင် အသင်းမှာမူ FIFA အဆင့် (၁၆၂)တွင် ရှိနေသော်လည်း လာမည့်ပွဲစဉ်တွင် ရလဒ် ကောင်းများရရှိရန် မျော်လင့်ထားကြောင်းလည်း မြန်မာ့လက်ရွှေးစင်ဘောလုံးအသင်းနည်းပြချုပ် Michael Feichtenbenir က ထည့်သွင်းပြောဆိုခဲ့သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်အုပ်စုပွဲစဉ်အဖြစ် မနက်ဖြန် (မတ်လ ၂၁ ရက်) ည ၆နာရီအချိန်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းတွင် ဆီးရီးယားအသင်းကို လက်ခံယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

ဆီးရီးယားအသင်းကို လက်ခံယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏ ပဏာမကစားသမားစာရင်းတွင် ပြည်ပထွက်ခွာ ကစားသမား(၁၃)ဦးထိ ပါဝင်လာခဲ့ပြီး အိမ်ရှင်ပရိသတ်များရှေ့တွင် ရလဒ်ကောင်းတစ်ခု စွမ်းဆောင်နိုင်မလား စောင့်ကြည့်ရမည် ဖြစ်သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

Ed Sheeran ရဲ့ မွန်ဘိုင်းဖျော်ဖြေပွဲမှာ အမျိုးသားတစ်ဦး တီရှပ်ပေါ်မှာ dating acc QR ကုဒ်ရိုက်နှိပ်ပြီး ရည်းစား ရှာရင်း ပွဲတက်

RELATED POSTS
RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved