မြန်မာနိုင်ငံတစ်ဝန်းတွင် နေရပ်စွန့်ခွာရသူ ၂ ဒသမ ၈ သန်းကျော်အထိ ရှိလာကြောင်း UNOCHA ထုတ်ပြန်
ယွန်း (NSS) - မတ် ၂၀
မြန်မာနိုင်ငံတစ်ဝန်းတွင် နေရပ်စွန့်ခွာထွက်ပြေးသူ ၂ ဒသမ ၈ သန်းကျော်အထိ ရှိလာကြောင်း မြန်မာနိုင်ငံရှိ The UN Office for the Coordination of Humanitarian Affairs(OCHA) မှ ယနေ့(မတ်လ ၂၀ ရက်)တွင် အသိပေး ထုတ်ပြန်ထားသည်။
တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်မှုများနှင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များဆက်လက် ဖြစ်ပေါ်နေပြီး စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးမြို့နှင့် ကနီမြို့နယ်တို့၌ တိုက်ပွဲများပြင်းထန်လာမှုကြောင့် လူပေါင်း(၂၄၀၀၀)ခန့် အိုးအိမ်မဲ့ခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်းမြို့နယ်တွင် တပ်မတော်နှင့် KNDF အဖွဲ့ကြား ဖြစ်ပေါ်နေသည့် တိုက်ပွဲများကြောင့် ကျေးရွာ ၁၇ ရွာရှိ လူပေါင်း(၁၀၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေလျက်ရှိကြောင်း ထုတ်ပြန်စာအရ သိရသည်။
လက်ရှိတွင် နိုင်ငံတစ်ဝန်းအိုးအိမ်စွန့်ခွာထွက်ပြေးသူဦးရေသည် ၂ ဒသမ ၈ သန်းကျော်အထိရှိလာပြီး လူသားချင်း စာနာမှုဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ကယ်ဆယ်ရေးအကူအညီများ ဆက်လက်ဆောင်ရွက်နေသော်လည်း ရန်ပုံငွေကြပ်တည်းမှုများနှင့်ကြုံတွေ့နေရကြောင်း သိရသည်။
လူဦးရေ ၂ ဒသမ ၄ သန်းနီးပါးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နိုင်ငံရေးဖြစ်စဥ်အပြီးတွင် ဖြစ်ပေါ်လာသည့် ပဋိပက္ခ နှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာသူများဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၀၂၃ ခုနှစ်တွင် လူပေါင်း (၃၀ဝ)နှင့် အိပ်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည့် ဩစတြေးလျ Only Fans ကြယ်ပွင့် အန်နီနိုက်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း