ပါကစ္စတန်တို့က အာဖဂန်နစ္စတန်နယ်မြေထဲသို့ ကျူးကျော်တိုက်ခိုက်မှုများကြောင့် နှစ်နိုင်ငံ တင်းမာမှုများ မြင့်တက်လာ
ALynn (NSS) - မတ် ၂ဝ
တာလီဘန်များက နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများပြုလုပ်ပြီးနောက် မကြာမီမှာပင် ပါကစ္စတန်သည် အာဖဂန် နစ္စတန်အား ညတွင်းချင်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသည်။ ၎င်းညတွင်းချင်း စီးနင်းတိုက်ခိုက်မှုအပြီး မတ်လ ၁၈ ရက် (တနင်္လာနေ့)မှစ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်ကြား တင်းမာမှုများ ပြင်းထန်လာခဲ့သည်။ ပါကစ္စတန်က ၎င်းတိုက်ခိုက်မှုမှာ နယ်စပ်ဒေသတွင် ပုန်းအောင်းနေသည့် လက်နက်ကိုင်အဖွဲ့များကို ပစ်မှတ်ထား လိုခြင်းကြောင့်ဖြစ်သည်ဟု ပြောသည်။
တိုက်ခိုက်မှုအတွင်း အမျိုးသမီးနှင့် ကလေးငယ် ရှစ်ဦး သေဆုံးခဲ့ကြောင်း တာလီဘန်တို့က ပြောကြားခဲ့သည်။ “လက်တုံ့ပြန်တိုက်ခိုက်မှု” သည် နယ်စပ်ဖြတ်ကျော် အကြမ်းဖက်လှုပ်ရှားမှုများကို တာလီဘန်တို့က လုပ်ဆောင် နေသောကြောင့် ၎င်းတို့ ပုန်းအောင်းနေသောစခန်းများကို ပစ်မှတ်ထားသည်ဟု ပါကစ္စတန်စစ်တပ်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန သတင်းရင်းမြစ်များက အယ်လ်ဂျာဇီးယားသို့ အတည်ပြုပြောကြားခဲ့သည်။
မတ်လ ၁၆ ရက် (စနေနေ့) က အသေခံဗုံးခွဲသူအုပ်စုတစ်စုသည် အာဖဂန်နစ္စတန် နှင့် ထိစပ်နေသည့် ပါကစ္စတန် နိုင်ငံ မြောက်ပိုင်း Waziristan ခရိုင်ရှိ စစ်ဘက်စစ်ဆေးရေးစခန်းတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး စစ်သား ခုနှစ်ဦး သေဆုံးခဲ့သည်။ ပါကစ္စတန် ဂျက်တိုက်လေယာဉ်များ၏ ပစ်ခတ်မှုကြောင့် Paktika နှင့် Khost ပြည်နယ် များရှိ အရပ်သားများ၏ အိမ်များကို ထိမှန်ခဲ့ပြီး အနည်းဆုံး လူ ရှစ်ဦး သေဆုံးခဲ့ကြောင်း အာဖဂန်ကြားဖြတ်အစိုးရမှ ပြောကြားခဲ့သည်။
ပါကစ္စတန်အစိုးရပြောရေးဆိုခွင့်ရှိသူက “အာဖဂန်နစ္စတန်၏ နယ်မြေကျူးကျော်မှုလုပ်ရပ်ကို ခွင့်လွှတ်မည်မဟုတ် ကြောင်း” X ဆိုရှယ်မီဒီယာတွင် ရေးသားထုတ်ပြန်ခဲ့သည်။ တာလီဘန်အစိုးရသည် ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်း ပြီးကတည်းက ပါကစ္စတန်နှင့် အာဖဂန်ကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။ ရန်လိုသော လက်နက်ကိုင်အဖွဲ့ များသည် နယ်စပ်တစ်လျှောက် ပုံမှန်တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု ပါကစ္စတန်က အခိုင်အမာ ဆိုသည်။ ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ဘက်တွင် ပါကစ္စတန်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် လူပေါင်း ၄၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံနဲ့ဆက်နွယ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ ကမ္ဘာကျော်ကြေးစားတပ်ဖွဲ့တွေအကြောင်း တစေ့ တစောင်း (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း