Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနိုင်ငံနဲ့ဆက်နွယ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ ကမ္ဘာကျော်ကြေးစားတပ်ဖွဲ့တွေအကြောင်း တစေ့ တစောင်း (ဘာသာပြန်ဆောင်းပါး)

ဂျန်ဇက် (NSS) – မတ် ၂ဝ

မြန်မာနိုင်ငံမှာ အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက် နစကဟာ ရုရှားနိုင်ငံနဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်လာ စေဖို့ ကြိုးပမ်းလာခဲ့ရာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံနဲ့ ရုရှားရဲ့နာမည်ကျော်ကြေးစားအဖွဲ့တွေ ဆက်နွယ်မှုရှိနေ တယ်လို့ အိန္ဒိယအခြေစိုက် The Economice Times သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။ 

အိန္ဒိယ သတင်းဌာနဟာ  Myanmar reduces overdependence on China & expands strategic ties with Russia amid fighting with insurgents အမည်ရှိ ဆောင်းပါးကို ရေးသားဖော်ပြခဲ့ပြီး၊ အဲဒီဆောင်းပါးထဲမှာ ရုရှားဟာ ရုရှားအခြေစိုက် နာမည်ကျော်ကြား ကြေးစားတပ်ဖွဲ့ ဝဂ္ဂနာအုပ်စုနဲ့ ဗီဂါမဟာဗျူဟာ ဝန်ဆောင်မှု အဖွဲ့တို့ကတစ်ဆင့် မြန်မာနိုင်ငံကို စနိုက်ပါတွေနဲ့ဒရုန်းတွေ လေ့ကျင့်သင်ကြားပေးနေပြီး အဲဒီကြေးစား စစ်သား အုပ်စုတွေရဲ့အထူးတပ်ဖွဲ့တွေဟာ မြန်မာနိုင်ငံရဲ့စစ်မြေပြင်တွေမှာ ရှိနေတယ်လို့ ရေးသားထားပါတယ်။ 


အိန္ဒိယသတင်းဌာနရဲ့ဖော်ပြချက်အတိုင်း မြန်မာနိုင်ငံမှာ ကမ္ဘာကျော်ကြေးစားတပ်ဖွဲ့ဖြစ်တဲ့ ဝဂ္ဂနာ အုပ်စုနဲ့ ဗီဂါ မဟာဗျူဟာဝန်ဆောင်မှုအဖွဲ့တို့ရဲ့တပ်ဖွဲ့ဝင်တွေ အမှန်တကယ်ရှိနေသလားဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါ တယ်။ အဲဒီဝဂ္ဂနာကြေးစားအုပ်စုကို ရုရှားသမ္မတပူတင်နဲ့ ပုဂ္ဂိုလ်ရေးရင်းနှီးတဲ့ ပရီဂိုဇင် ပိုင်ဆိုင်ပြီး ၂၀၁၄ ခုနှစ်မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပါတယ်။ 

ဝဂ္ဂနာအုပ်စုဟာ ပုဂ္ဂလိကစစ်ဘက်ဆိုင်ရာ ကန်ထရိုက်တာ (တစ်နည်းအားဖြင့်) အရပ်ဘက်ကြေးစားလုံခြုံရေး ကုမ္ပဏီ PMC (private Military Contractor အဖွဲ့အစည်းဖြစ်ပြီး စတင်ဖွဲ့စည်းချိန်က တပ်ဖွဲ့ဝင်အရေအတွက် ၁၀ဝ၀ ကျော်သာရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ကြေးစားတပ်ဖွဲ့ဝင်အရေအတွက် အနည်းဆုံး (၅)သောင်း ကျော်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီဝဂ္ဂနာကြေးစားအဖွဲ့မှာ ရုရှားစစ်ပြန်ဟောင်းတွေအများစုပါဝင်နေပြီး ရုရှားစစ်တပ်ကနေ အနားယူထားတဲ့ အသက် ၃၅ နှစ်နဲ့ ၅၅ နှစ်ကြားရှိ စစ်သားတွေနဲ့အဓိကထား ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဝဂ္ဂနာအုပ်စုဟာ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲမှာ ယူကရိန်းပိုင်နက်တွေကို သိမ်းပိုက် နိုင်အောင် ပါဝင်ကူညီ ပေးခဲ့ဖူးပြီး ကမ္ဘာ့နိုင်ငံအချို့မှာ လုပ်ငန်းတွေကို လုပ်ကိုင်နေဆဲဖြစ်ပါတယ်။ ဝဂ္ဂနာအုပ်စုဟာ ရုရှား၊ ဘီလာရုစ်၊ ယူကရိန်း၊ ဆီးရီးယား၊ ဆူဒန်၊ မိုဇမ်ဘစ်၊ ဗဟိုအာဖရိကနိုင်ငံ၊ မာလီ၊ လစ်ဗျား၊ ဗင်နီဇွဲလား၊ မာဒါဂက်စကာ အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ လုပ်ငန်းတွေလုပ်ကိုင်နေပြီး တခြားနိုင်ငံတွေမှာလည်း လုပ်ငန်းလုပ်ကိုင်တာတွေရှိနေတယ်လို့ ဆိုပါတယ်။ 

ဝဂ္ဂနာအုပ်စုဝင်တွေဟာ စစ်လက်နက်ပစ္စည်းတွေကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ပြီး စစ်ရေးနည်းပရိယာယ် နဲ့ တိုက်ခိုက်ရေးစွမ်းရည်ကောင်းမွန်သူတွေဖြစ်ပါတယ်။ ဝဂ္ဂနာအုပ်စုဟာ စစ်ပွဲတွေမှာ လက်သံပြောင်လွန်းတာ ကြောင့် ရုရှားစစ်တပ်အတွက် အားကိုးရတဲ့ ကြေးစားလက်နက်ကိုင်အဖွဲ့ဖြစ်လာခဲ့ပါတယ်။ ဝဂ္ဂနာအုပ်စုဝင်တွေ ဟာ စစ်ပြန်ဟောင်းတွေဖြစ်တဲ့အတွက် ဘီလာရုစ်အပါအဝင် နိုင်ငံအချို့မှာ တပ်ဖွဲ့ဝင်တွေနဲ့လက်နက်ကိုင် အဖွဲ့အစည်းတွေကို စစ်ရေးလေ့ကျင့်ခန်းတွေလုပ်ဆောင်ပေးတာ၊ စစ်လက်နက် ပစ္စည်းတွေလေ့ကျင်သင်ကြား ပေးတာတွေကို အဓိကထားလုပ်ဆောင်ပေးတာတွေရှိခဲ့သလို တိုက်ပွဲတွေမှာ  ကိုယ်တိုင်ပါဝင်တိုက်ခိုက်တာတွေ လည်း ရှိခဲ့ပါတယ်။ ဝဂ္ဂနာအုပ်စုဟာ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား ၂၀၁၄ ခုနှစ်က စတင်ဖြစ်ပွားတဲ့ ခရိုင်းမီးယား ကျွန်းဆွယ်စစ်ပွဲမှာပါဝင်လာခဲ့ပြီးနောက်ပိုင်း နိုင်ငံအချို့ ရဲ့ပြည်တွင်း ပဋိပက္ခတွေမှာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။


ဝဂ္ဂနာအုပ်စုခေါင်းဆောင်ပရီဂိုဇင် ကွယ်လွန်သွားခဲ့ပေမယ့် ဝဂ္ဂနာအုပ်စုဟာ ဆက်လက်ရှင်သန်နေဆဲဖြစ်ပြီး အာဖရိကတိုက်ရှိ နိုင်ငံအချို့မှာပါဝင်ဆက်နွယ်နေဆဲဖြစ်တယ်လို့ နိုင်ငံတကာမီဒီယာတွေကဖော်ပြထားပါတယ်။ ဝဂ္ဂနာအုပ်စုခေါင်းဆောင်ပရီဂိုဇင်ဟာ ယူကရိန်းစစ်ပွဲနဲ့ဆက်နွှယ်ပြီး ရုရှားကာကွယ်ရေး ဝန်ကြီးနဲ့ ထိပ်တိုက် တွေ့ဆုံမှုတွေဖြစ်လာခဲ့ပြီးနောက် မကြာမီလေယာဉ်ပျက်ကျကာ သေဆုံးခဲ့ပါတယ်။ ပရီဂိုဇင် သေဆုံးခဲ့ပြီးနောက် ဝဂ္ဂနာအုပ်စု ပြိုလဲပျက်စီးဖွယ်ရှိတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ယူကရိန်းစစ်ပွဲမှာ အဓိက ဦးဆောင်ခဲ့သူ တွေနဲ့ ဝဂ္ဂနာအုပ်စုကို ဆက်လက် ရှင်သန်ခဲ့ပါတယ်။ ဝဂ္ဂနာအုပ်စုတွေဟာ ယူကရိန်း စစ်ပွဲမှာ ရုရှားအစိုးရဘက်က ပါဝင်တိုက်ခိုက်ခဲ့သလို ဘီလာရုစ်အစိုးရ၊ ဆီးရီးယားအစိုးရ၊ ဆူဒန်၊ လစ်ဗျား၊ တို့အပါအဝင် နိုင်ငံအစိုးရအဖွဲ့တွေနဲ့ ဆက်ဆံမှုတွေရှိနေပြီး အဲဒီနိုင်ငံတွေရဲ့စစ်သားတွေကို စစ်ရေးနည်းစနစ်တွေနဲ့ စစ်ရေးလေ့ကျင့်ပေးတာ၊ စစ်လက်နက်ပစ္စည်းတွေအသုံးပြုပုံ သင်ကြားပေးတာတွေ  နဲ့ ကိုယ်တိုင်ပါဝင်တိုက်ခိုက်ပေးတာတွေကို လုပ်ဆောင် တယ်လို့ ဆိုပါတယ်။ ဝဂ္ဂနာအုပ်စုတွေမှာအဓိကအဖွဲ့ အစည်းနှစ်ဖွဲ့ရှိနေပြီး  Rusich unit tzGJUeJY  Serb unit အဖွဲ့တို့ရှိနေပြီး ကြေးစားတပ်ဖွဲ့ဝင်တွေဟာ တစ်လကို အမေရိကန်ဒေါ်လာ ၆၆၇ ဒေါ်လာနဲ့ ၂၀၈၂ ဒေါ်လာ ရရှိပြီး တချို့တပ်မှူးတွေဟာ အမေရိကန်ဒေါ်လာ ၂၅၀ဝ အထိ လစာငွေကြေးတွေရရှိပါတယ်။ ဝဂ္ဂနာအုပ်စုတွေဟာ ကမ္ဘာတစ်ဝန်းရှိနိုင်ငံတွေနဲ့ ဆက်ဆံဖို့ကြိုးပမ်း နေပေမယ့် အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေ ကတော့ ပစ်မှတ်ထား ပိတ်ဆို့မှုတွေ ချမှတ်ခံထားရပါတယ်။ ဝဂ္ဂနာအုပ်စုဟာ  ဒွန်းဘက်စ်မြို့ စစ်ပွဲမှာ ၂၀၁၄ ခုနှစ် ဇွန်လကနေ ၂၀၁၅ ခုနှစ်အောက်တိုဘာ လအထိ ပါဝင်ခဲ့ဖူးသလို ဆီးရီးယားပြည်တွင်းစစ်မှာလည်း ၂၀၁၅ ခုနှစ် စက်တင်ဘာလကနေ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအထိ ပါဝင်ပတ်သက်ခဲ့ဖူးပါတယ်။ ဗဟိုအာဖရိကနိုင်ငံ၊ ဆူဒန်တော်လှန်ရေး၊ မိုဇမ်ဘစ်နိုင်ငံ၊ ဆူဒန်ပြည်တွင်း စစ်ပွဲ၊ လစ်ဗျားပြည်တွင်းစစ်ပွဲ၊ မာလီပြည်တွင်းစစ်တို့အပြင် ရုရှားနဲ့ယူကရိန်းကြား ဖြစ်ပွားတဲ့ စစ်ပွဲတွေမှာ ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့ဖူးပြီး အဲဒီစစ်ပွဲအားလုံးမှာ ပါဝင် တိုက်ခိုက်မှုကြောင့် ဝဂ္ဂနာတပ်ဖွဲ့ဝင် (၁)သောင်းကျော်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

The Economice Times သတင်းဌာနကဖော်ပြတဲ့ဆောင်းပါးထဲမှာ ဝဂ္ဂနာအုပ်စုအပြင် ဗီဂါ မဟာဗျူဟာ လုံခြုံရေး ဝန်ဆောင်မှုအဖွဲ့ကုမ္ပဏီဟာလည်း မြန်မာနိုင်ငံမှာ ပါဝင်ဆက်နွှယ်နေတယ်လို့ ဖော်ပြထားရာ ဗီဂါပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုအဖွဲ့ဟာလည်း စိတ်ဝင်စားဖွယ်ကောင်းတဲ့ ကြေးစားအဖွဲ့ ဖြစ်နေပါတယ်။ ဗီဂါမဟာဗျူဟာ လုံခြုံရေးဝန်ဆောင်မှုအဖွဲ့ကုမ္ပဏီဟာလည်း ရုရှားနဲ့ယူကရိန်းစစ်သားတွေ ပူးပေါင်းပြီး ၂၀၁၁ ခုနှစ်မှာတည်ထောင် ထားတဲ့ ကြေးစားအဖွဲ့ အစည်းတစ်ခုဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ရေးသားထားပါတယ်။ အဲဒီအဖွဲ့ကို တည်ထောင်သူဟာ ယူကရိန်းနိုင်ငံသားတစ်ဦးဖြစ်ပြီး နောက်ပိုင်းမှာ ဆိုက်ပရက်စ်နိုင်ငံကို ကုမ္ပဏီရုံးချုပ် ပြောင်းရွှေ့ခဲ့တဲ့ အရပ်ဘက်ကြေးစားလုံခြုံရေးကုမ္ပဏီ PMC   (private Military Contractor) ဖြစ်တယ်လို့ ဆိုပါတယ်။ ဗီဂါမဟာဗျူဟာ လုံခြုံရေးဝန်ဆောင်မှုအဖွဲ့ကုမ္ပဏီကို တည်ထောင်သူဖြစ်တဲ့ အနာတိုလီဆိုမိုလင်ဟာ ရုရှားရေတပ်တပ်ဖွဲ့ဝင်ဟောင်းဖြစ်သလို ရုရှားထောက်လှမ်းရေးအဖွဲ့ဖြစ်ကာ နောက်ပိုင်းမှာ ယူကရိန်းပြည်ထဲရေး ဝန်ကြီးဌာနကို ပြောင်းရွှေ့ခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။ ရု ရှားအစိုးရဟာ ဗီဂါ မဟာဗျူဟာ လုံခြုံရေးဝန်ဆောင်မှု အဖွဲ့ထက်စာရင် ဝဂ္ဂနာအဖွဲ့ကို ပိုမိုအခွင့်ရေးပေးခဲ့တဲ့အတွက် ဆိုက်ပရက်စ်နိုင်ငံကိုပြောင်းရွှေ့သွားခဲ့တာမျိုး ဖြစ်ပါတယ်။ ဗီဂါမဟာဗျူဟာ လုံခြုံရေးဝန်ဆောင်မှုအဖွဲ့ဟာ ဆိုက်ပရက်စ်နိုင်ငံအပြင် ယူကရိန်း၊ ရုရှား ၊ ဆီးရီးယား၊ သိရိလင်္ကာနဲ့ အီဂျစ်နိုင်ငံတို့မှာ ရုံးခွဲတွေ ရှိနေတယ် လို့ နိုင်ငံတကာသတင်းမီဒီယာတွေက ဖော်ပြထား ပါတယ်။ ဗီဂါအဖွဲ့ဟာ ဆီးရီးယားစစ်ပွဲမှာ ပါဝင်ခဲ့ဖူး သလို ပါလက်စတိုင်းလူငယ်တွေကို စစ်ပညာနဲ့ ပတ်သက်ပြီး လေ့ကျင့်သင်ကြားပေးခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဗီဂါ မဟာဗျူဟာ လုံခြုံရေးဝန်ဆောင်မှုအဖွဲ့ ကုမ္ပဏီကို တည်ထောင်သူဖြစ်တဲ့ အနာတိုလီဆိုမို လင်ဟာ ဆီးရီးယားနိုင်ငံရှိ လီဝါအယ်ကွဒ်အဖွဲ့ဝင်တွေကို ကိုယ်တိုင် စစ်ပညာသင်ကြားလေ့ကျင့်ပေးတာတွေ ရှိခဲ့တယ်လို့ Conflict Intelligence Team (CIT) အဖွဲ့က ဖော်ပြခဲ့ဖူးပါတယ်။ ဗီဂါမဟာဗျူဟာ လုံခြုံရေး ဝန်ဆောင်မှုအဖွဲ့ကုမ္ပဏီဟာ ဆီးရီးယားသမ္မတအာဆက်ဒ်ကို လိုလားထောက်ခံတဲ့အဖွဲ့တွေကို စစ်ရေးနည်း လမ်းတွေ သင်ကြားပေးခဲ့တာမျိုး ဖြစ်တယ်လို့ (CIT) အဖွဲ့က ဖော်ပြထားပါတယ်။ ဗီဂါ မဟာဗျူဟာ လုံခြုံရေး ဝန်ဆောင်မှုအဖွဲ့ဟာ ရုရှား အစိုးရနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိနေတဲ့အဖွဲ့ စည်းဖြစ်ပြီး ရုရှားလူမျိုးတွေကို အဓိကထားအခြေခံဖွဲ့စည်းထားတာဖြစ်ပါတယ်။ အဆိုပါအဖွဲ့ဟာ  အရပ်ဘက် ကြေးစားလုံခြုံရေး ကုမ္ပဏီ အပြင် ဘဏ်လုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်းနဲ့ တခြားစီးပွားရေးလုပ်ငန်း တွေကိုလည်း လုပ်ကိုင်ခဲ့တယ်လို့ ဆိုပါ တယ်။ ဗီဂါမဟာဗျူဟာ လုံခြုံရေးဝန်ဆောင်မှုအဖွဲ့မှာ ပါဝင်လို သူတွေဟာ စစ်မှုထမ်းဖူးတဲ့အတွေ့ကြုံရှိရမယ့်အပြင် ပြည်တွင်းနဲ့ နိုင်ငံခြားထုတ်လက်နက်ငယ်တွေကို ကျွမ်းကျင်စွာ အသုံးပြုတတ်ဖို့ လိုအပ်ပါတယ်။  


ဒါ့ပြင် အထူးစစ်ဆင်ရေးတွေမှာပါဝင်ခဲ့ဖူးတဲ့ သမိုင်း ကြောင်းရှိဖို့လိုအပ်သလို အင်္ဂလိပ်စကားနဲ့ မိခင် ဘာသာစကားတွေကို ကျွမ်းကျင်စွာပြောဆိုတတ်သူဖြစ်ဖို့လိုအပ်ပါတယ်။ ဗီဂါမဟာဗျူဟာ လုံခြုံရေးဝန် ဆောင်မှုအဖွဲ့မှာ အထူးတပ်ဖွဲ့တွေလည်းရှိနေပြီး အဲဒီအထူးတပ်ဖွဲ့ထဲပါဝင်လိုသူတွေဟာ ရေတပ် ဒါမှမဟုတ် ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောတွေမှာ အနည်းဆုံး ၂ နှစ် လုပ်ကိုင်ဖူးတဲ့အတွေ့ကြုံလိုအပ်တဲ့ အပြင် တရားဝင် နိုင်ငံကူးလက်မှတ်၊ တရားဝင် သင်္ဘောသား လက်မှတ်တွေရှိဖို့လိုအပ်ပါတယ်။ ဗီဂါမဟာဗျူဟာ လုံခြုံရေး ဝန်ဆောင်မှုအဖွဲ့မှာ ပါဝင်လိုသူတွေဟာ အသက် ၂၅ နှစ်ကနေ  ၄၅ နှစ်အတွင်းဖြစ်ရမှာ ဖြစ်ပြီးစိတ်ပိုင်း ဆိုင် ရာကျန်းမာရေးအပါအဝင် ခန္ဓာကိုယ်ကျန်းမာ သန်စွမ်းရမှာဖြစ်ပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တောင်ကိုရီးယား အဆိုတော်အဲလီ နောက်နှစ်အတွင်း စေ့စပ်တော့မယ့်အကြောင်း အကြောင်းကြားလာ

RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved