အိန္ဒိယမှာ အကပါတီအတွင်း မြွေအဆိပ်နဲ့ အဆိပ်ရှိမြွေတွေ ယူဆောင်လာသူ Youtuber ဖမ်းဆီးခံရ
ရောင်နီ (NSS) - မတ် ၁၉
အိန္ဒိယနိုင်ငံ အတ္တာပရာဒက်ရှ်ပြည်နယ်ရဲ့အကပါတီတစ်ခုကို အဆိပ်ရှိမြွေတွေနဲ့ မြွေအဆိပ် ယူဆောင်လာခဲ့တဲ့ အိန္ဒိယ YouTuber တစ်ဦး မတ် ၁၇ ရက်က ဖမ်းဆီးခံခဲ့ရပါတယ်။
Indian reality show Bigg Boss Over-The-Top Season 2 မှာ winner ဖြစ်ခဲ့သူ အသက် ၂၆ နှစ်အရွယ် YouTuber အဲလ်ဗစ်ရှ်ရာဒက်ဗ် အဆိုပါပစ်မှုအတွက် ၁၄ ရက်ကြာ ထိန်းသိမ်းခံခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက ဖြစ်ခဲ့တာပါ။ ၎င်းက အဆိုပါအဆိပ်ကို opioids မူးယစ်ဆေးလုပ်ဖို့ အသုံးပြုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ၎င်းယူဆောင်လာတဲ့အဆိပ်ဟာ လူကို သေစေနိုင်လောက်အောင် ပြင်းထန်ပါ တယ်။
အဆိုပါ ပါတီပွဲကျင်းပတဲ့ခန်းမတစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းစဉ်မှာ မြွေအဆိပ် ၂၀ မီလီမီတာနဲ့ မြွေဟောက်ငါးကောင် အပါအဝင် မြွေ ၉ ကောင်တွေ့ရှိ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပါတီမှာ အဆိုပါ အဆိပ်ကြောင့် လူထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စင်ကာပူမှာ အဆိုတော် တေလာဆွဖ်ရဲ့ဖျော်ဖြေပွဲကို ခိုးဝင်ရောက်ခဲ့တဲ့ အမျိုးသား ထောင်ဒဏ် ၂ ပတ် ချမှတ်ခံရ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ