၂၀၁၉ ခုနှစ်ဆန္ဒပြပွဲအတွင်း ဟောင်ကောင်ဥပဒေပြုကောင်စီကို ဝင်ရောက်စီးနင်းခဲ့သည့် တရားခံ ၁၂ ဦးအား ပြစ်ဒဏ်ချမှတ်
ALynn (NSS) - မတ် ၁၈
အစိုးရဆန့်ကျင် ဆန္ဒပြပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း ဟောင်ကောင်ဥပဒေပြုကောင်စီအဆောက်အဦးကို ဝင်ရောက်စီးနင်းခဲ့သည့် လူ ၁၂ ဦးကို တရားရုံးက မတ်လ ၁၆ ရက် (စနေနေ့) တွင် ထောင်ဒဏ် ချမှတ်ခဲ့သည်။
ရာနှင့်ချီသော ဆန္ဒပြသူများသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁ ရက်၊ ညအချိန်တွင် ကောင်စီသို့ ဝိုင်းအုံလာကာ ဓာတ်ပုံများ နှင့် ပရိဘောဂများကို ဖျက်ဆီးခဲ့သည်။ ခန်းမနံရံပေါ်တွင် မှုတ်ဆေးများဖြင့် ဆောင်ပုဒ်များကို ရေးခြစ်ခြင်း ဆောင်ရွက်ခဲ့ပြီး လုံထိန်းရဲများက မျက်ရည်ယိုဗုံးများဖြင့် ဝင်ရောက်ရှင်းလင်းရေး လုပ်ခဲ့ရသည်။ ၎င်း အဓိကရုဏ်း အတွင်း ပါဝင်ခဲ့သော ကျောင်းသားခေါင်းဆောင်ဟောင်း Althea Suen၊ မင်းသား Gregory Wong၊ တက်ကြွ လှုပ်ရှားသူ Ventus Lau နှင့် Owen Chow အပါအဝင် တရားခံ ၁၂ ဦးကို ရုန်းရင်းဆန်ခတ်မှုဖြင့် ဖမ်းဆီးခဲ့သည်။ ၎င်းတို့ထဲမှ အချို့သည် အခြားဆက်စပ် စွဲချက်များဖြင့် အပြစ်ရှိကြောင်း တွေ့ရှိရသည်။
တရားသူကြီး Li Chi-ho သည် အဓိကရုဏ်းအတွင်း ၎င်းတို့၏ ပါဝင်ပတ်သက်မှုပေါ်မူတည်၍ ၄ နှစ်ခွဲ၊ ၆ နှစ်နှင့် ၁၀ လ စသဖြင့် အသီးသီး ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
၎င်းအမှုတွင် သတင်းထောက်နှစ်ဦးလည်း ပါ၀င်ပြီး ကောင်စီထဲသို့ ဥပဒေမဲ့ ဝင်ရောက်မှုအတွက် ငွေဒဏ်ချမှတ် ခံခဲ့ရပါသည်။ တစ်ဦးကို ဟောင်ကောင်ဒေါ်လာ ၁,၅၀၀ (၁၉၂ ဒေါ်လာ) နှင့် အခြားတစ်ဦးကိုမူ ဟောင်ကောင် ဒေါ်လာ ၁,၀၀၀ (၁၂၈ ဒေါ်လာ) ဒဏ်ရိုက်ခဲ့ကြောင်း တရားသူကြီးလီက ပြောကြားခဲ့သည်။ စီရင်ချက်ချပြီးနောက် တွင် တရားခံထောက်ခံသူအချို့က တရားခွင်အတွင်း အော်ဟစ်ခဲ့ပြီး တရားခံများကို လက်ပြနှုတ်ဆက်ခဲ့ကြသည်။ တရားခံတစ်ဦးဖြစ်သည့် Lau က ဆန္ဒပြပွဲအတွင်း ဒဏ်ရာရသူအရေအတွက် လျှော့ချရန်မျှော်လင့်ချက်ဖြင့် ဥပဒေပြုကောင်စီသို့ ဝင်ရောက်ခဲ့ကြောင်း ကြားနာမှုတစ်ခုတွင် ပြောကြားခဲ့ပြီး ၎င်းအနေဖြင့် အကြိမ်တစ်ရာ ရွေးပိုင် ခွင့်ရှိလျှင်တောင် ထိုအပြုအမူမျိုးကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြားနာခဲ့သည်။
အလားတူပင် တရားခံ Chow က ကြားနာမှုတွင် ၎င်းတို့၏ လမ်းကြောင်းကို ပိတ်ဆို့သည့်လုပ်ရပ်များကြောင့် ယခုကဲ့သို့အပြုအမူများကို မဖြစ်မနေလုပ်ဆောင်ရကြောင်းဝန်ခံခဲ့သည်။ Lau နှင့် Chow နှစ်ဦးစလုံးသည် တရုတ်က ပြဌာန်းထားသော အမျိုးသားလုံခြုံရေးဥပဒေအရ ၂၀၂၁ ခုနှစ်တွင် အဖျက်အမှောင့်လုပ်မှုဖြင့် တရားစွဲဆို ခံခဲ့ရသော ၄၇ ဦးတွင် ပါဝင်ခဲ့သည်။
၂၀၁၉ ဆန္ဒပြပွဲများကဲ့သို့ ဖြစ်ရပ်များကြောင့် အဆိုပါဥပဒေကို အတည်ပြုခြင်းကသာ မြို့တော်တည်ငြိမ်ရေးကို အထောက်အကူဖြစ်စေကြောင်း ဟောင်ကောင်အစိုးရက ပြောကြား ခဲ့သည်။ ယခုအခါ မြို့တော်၏ ထိပ်တန်း တက်ကြွလှုပ်ရှားသူ အများအပြားကို ဥပဒေအရ ဖမ်းဆီးထားပြီး အချို့မှာ ပြည်ပသို့ ထွက်ပြေးသွားကြပြီဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ မတ်လ ၁၈ ရက်အတွင်း ဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ