ယူကရိန်း၏ Mi-8 ရဟတ်ယာဉ်ကို ရုရှားတပ်ဖွဲ့များ ပစ်ချ
Pika (NSS) - မတ် ၁၈
ရုရှားတပ်ဖွဲ့များသည် ယူကရိန်း၏ Mi-8 ရဟတ်ယာဉ်ကို ပစ်ချခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မတ်လ (၁၇)ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။ ယူကရိန်း၏ Mi-8 ရဟတ်ယာဉ်ကို ဖျက်ဆီးခဲ့သည့်ဗီဒီယိုဖိုင်ကို ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက မျှဝေခဲ့ကြောင်းလည်း သိရသည်။
အဆိုပါရဟတ်ယာဉ်သည် ယူကရိန်းနယ်စပ်နှင့် နီးကပ်သော ရုရှားနိုင်ငံ ဘယ်လ်ဂိုရော့ဒေသရှိ ကိုဇင်ကီရွာသို့ ဦးတည်သွားနေခြင်းဖြစ်ကြောင်းလည်း သိရသည်။ ရုရှားစစ်တပ်က ထုတ်ပြန်သည့် ဒရုန်းဗီဒီယိုဖိုင်တွင် မီးလောင် ကျွမ်းနေသည့် ယူကရိန်း Mi-8 ရဟတ်ယာဉ်၏ အပျက်အစီးများကို တွေ့မြင်ခဲ့ရသည်။ ယူကရိန်း၏ Mi-8 ရဟတ်ယာဉ်ကို ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်က Lukashovka ရွာအနီးတွင် ပစ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရုရှား-ယူကရိန်းနယ်စပ်တွင် တိုက်ပွဲများ ပိုမိုအရှိန်မြင့်လာခဲ့ကြောင်းလည်း သိရသည်။ ယူကရိန်းတပ်ဖွဲ့များသည် ရုရှားအပေါ် အမြောက်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုကို ပိုမိုအရှိန်မြှင့် လုပ်ဆောင်ခဲ့ပြီး ကာ့စ်ခ်ဒေသ နှင့် ဘယ်လ်ဂိုရော့ဒေသများကို ထိုးဖောက်ဝင်ရောက်နိုင်ရန်အတွက် ကြိုးပမ်းမှု အများအပြားကို လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ပြီးခဲ့သည့်သီတင်းပတ်အတွင်း ယူကရိန်း၏ ဒရုန်းအများအပြား ကို အောင်မြင်စွာပစ်ချခဲ့ကြောင်း မော်စကိုမြို့၊ Krasnodar မြို့၊ Kaluga မြို့၊ Oryol မြို့၊ Rostov မြို့၊ Yaroslavl မြို့၊ ကာ့စ်ခ်ဒေသနှင့် ဘယ်လ်ဂိုရော့ဒေသများရှိ အာဏာပိုင်များက ထုတ်ပြန်ပြောကြားခဲ့သည်။ သို့သော်လည်း ယူကရိန်း၏တိုက်ခိုက်မှုများအတွင်း လူသေဆုံးမှု (သို့မဟုတ်) ကြီးကြီးမားမားထိခိုက်ပျက်စီးမှုများ မရှိခဲ့ကြောင်း လည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဩစတြေးလျနိုင်ငံတွင် မိုးပျံပူဖောင်းတစ်လုံးပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း