မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက လေထီးတပ်ဖွဲ့၏ စစ်ရေးလေ့ကျင့်မှုများကို ကိုယ်တိုင်ကြီးကြပ်ခဲ့
Pika (NSS) - မတ် ၁၆
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည် ရန်သူ၏ နယ်မြေများကို လေကြောင်းမှတစ်ဆင့်သိမ်းပိုက်ရန်အတွက် ၎င်း၏တပ်သားများ စွမ်းရည်ကို ပြသရန် ရည်ရွယ်ထားသည့် လေထီးတပ်ဖွဲ့၏ စစ်ရေးလေ့ကျင့်မှုများကို ကိုယ်တိုင်ကြီးကြပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က မတ်လ(၁၆)ရက်တွင် ရေး သားဖော်ပြခဲ့သည်။
တောင်ကိုရီးယား နှင့် အမေရိကန်တို့သည် နှစ်စဉ်စစ်ရေးလေ့ ကျင့်မှုများကို မကြာသေးမီအချိန်က လုပ်ဆောင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ ကင်ဂျုံအန်းကိုယ်တိုင်ကြီးကြပ်မှုများထွက်ပေါ်လာခြင်းဖြစ်သည်။ ကင်ဂျုံအန်းကိုယ်တိုင်ကြီးကြပ်ခဲ့သော လေထီးတပ်ဖွဲ့၏ စစ်ရေးလေ့ကျင့်မှုများသည် စစ်ပွဲအ တွင်း မည်သည့်အခြေအနေများတွင်မဆို လေထီးတပ်သားများ၏ အဆင်သင့်ဖြစ်မှုကို စစ်ဆေးရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း KCNA က ရေးသားဖော်ပြခဲ့သည်။
ထို့ပြင် လေထီးတပ်သားများသည် အမိန့်ထုတ်ပြန်ပြီးသည်နှင့်တစ်ပြိုင်နက် ရန်သူ၏နယ်မြေများကို သိမ်းပိုက်ရန်အတွက် ၎င်းတို့၏ပြီးပြည့်စုံသော တိုက်ခိုက်ရေးစွမ်းရည်ကို သရုပ်ပြနိုင်ခဲ့ကြောင်းလည်း ရေးသားဖော်ပြထားသည်။ ကင်ဂျုံအန်း၏ သမီးဖြစ်သူ ကင်ဂျူအေးသည် ၎င်း၏ဖခင်နှင့် စစ်ဘက်ဆိုင်ရာ အကြီးတန်းအရာရှိများအနားတွင် ရပ်နေကာ လေ့ကျင့်မှုကို မှန်ပြောင်းဖြင့် ကြည့်ရှုနေသည့် ဓါတ်ပုံကို မြောက်ကိုရီးယား၏တရားဝင်သတင်းစာ Rodong Sinmun က ထုတ်ပြန်ပြသခဲ့သည်။
ကင်ဂျုံအန်းသည် မြောက်ကိုရီးယား၏ တိုက်ပွဲဝင်တင့်ကားအသစ်ကို မောင်းနှင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ စစ်ရေးလေ့ကျင်မှုကို ကိုယ်တိုင်ကြီးကြပ်မှုများထွက်ပေါ်လာခြင်းဖြစ်သည်။ တောင်ကိုရီးယား နှင့် မြောက်ကိုရီးယားတို့သည် နှစ်နိုင်ငံကြား စာချုပ်ချုပ်ဆိုထားသော တင်းမာမှုလျှော့ချရေး သဘောတူညီချက်များကို ဖျက် သိမ်းခဲ့ကြပြီး နယ်စပ်တစ်လျှောက်လုံခြုံရေးများကို ပိုမိုမြှင့်တင်ကာ စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့ကြပြီးနောက် နှစ်နိုင်ငံကြား တင်းမာမှုများမှာ ပြီးခဲ့သည့်လများအတွင်း ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းရှိ ရာဖဲလ်မြို့အား တိုက်ခိုက်မည့် အစီအစဉ်ကို အစ္စရေးအစိုးရအတည်ပြု
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း