အမေရိကန်တွင် အစ္စရေးထောက်ခံသည့်လော်ဘီအုပ်စုကို ဆန့်ကျင်သော “Reject AIPAC” ညွန့်ပေါင်းကို ဖွဲ့စည်း
ALynn (NSS) - မတ် ၁၂
အမေရိကန်ပြည်ထောင်စုရှိ ထင်ရှားသောအဖွဲ့အစည်းများသည် နိုင်ငံ၏ အာဏာအရှိဆုံး အစ္စရေး လိုလားသော လော်ဘီအဖွဲ့ဖြစ်သည့် အမေရိကန်-အစ္စရေးပြည်သူ့ရေးရာကော်မတီ (AIPAC) ၏ နိုင်ငံရေးနှင့် ရွေးကောက်ပွဲ ဆိုင်ရာလွှမ်းမိုးမှုများကို ဆန့်ကျင်တွန်းလှန်ရန် အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ဂါဇာစစ်ပွဲတွင် အစ္စရေးအပေါ် ဆန့်ကျင်ခြင်းနှင့်ပတ်သက်၍ ကွန်ဂရက်စ်တွင် သဘောထားကွဲပြားနေမှုများ ချုပ်ငြိမ်းရန်ရည်ရွယ်၍ AIPAC ၏ လှုပ်ရှားမှုကို ဆန့်ကျင်သည့် “Reject AIPAC” ဟု အမည်ပေးထားသော အဖွဲ့ ၂ဝ ကျော် ပါဝင်သည့် တရားဝင် ညွန့်ပေါင်းအဖွဲ့ကို မတ်လ ၁၁ ရက် (တနင်္လာနေ့) တွင် စတင်ဖွဲ့စည်းခဲ့သည်။
ညွန့်ပေါင်းအဖွဲ့၏ ဖော်ပြချက်အရ AIPAC သည် AIPAC PAC နှင့် the United Democracy Project (UDP) တို့မှ တစ်ဆင့် အမေရိကန်ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်နိုင်ရန် ဒေါ်လာသန်း ၁၀၀ သုံး၍ လက်တံများ ဖြန့်ကျက်ထားကြောင်း သိရသည်။
Reject AIPAC ညွန့်ပေါင်းအဖွဲ့တွင် Justice Democrats နှင့် Working Families Party ကဲ့သို့သော ပင်မ လက်ဝဲယိမ်းအဖွဲ့များအပြင် US Campaign for Palestinian Rights Action၊ Jewish Voice for Peace (JVP) Action နှင့် IfNotNow Movement အဖွဲ့များအပြင် ပါလက်စတိုင်းအခွင့်အရေးအပေါ် အာရုံစိုက်သည့် အခြားသော အဖွဲ့အစည်းများလည်း ပါဝင်သည်။
AIPAC သည် ပါတီစွဲကင်းသောအဖွဲ့ဖြစ်ပြီး၊ အမေရိကန်၏ ခြွင်းချက်မရှိ အစ္စရေးအပေါ်ထောက်ခံ မှုကို လိုလားကာ အစ္စရေးအစိုးရအပေါ်စွပ်စွဲပြစ်တင်ခြင်းများကို ဆန့်ကျင်သည်။ AIPAC ဆန့်ကျင်သည့် ညွန့်ပေါင်းအဖွဲ့သည် ကွန်ဂရက်စ်တွင် ၎င်းအဖွဲ့၏အစီအစဉ်များကို ဆန့်ကျင်သည့်အုပ်စုများကို ကျောထောက်နောက်ခံပြုပေးသည်။ ထို့ပြင် ၎င်းအဖွဲ့သည် နိုင်ငံရေးသမားများ အနေဖြင့် AIPAC ထံမှ အထောက်အပံ့မယူဖို့ လက်မှတ်ထိုးကြရန် တိုက်တွန်းထားသည်။
အမေရိကန်တွင် ကာလရှည်ကြာ အထူးအကျိုးစီးပွားအုပ်စုအဖြစ်ရပ်တည်နေသော AIPAC သည် ၂၀၂၂ ခုနှစ်ထိ တိုင်အောင် ရွေးကောက်ပွဲတွင် တိုက်ရိုက် ပါဝင်ပတ်သက်ခြင်းမရှိခဲ့သော်လည်း Political Action Committee (PAC) အနေဖြင့် တရားဝင်ပေါ်ပေါက်လာသည့်အခါတွင်မူ အစ္စရေးအပေါ် ဝေဖန်မှုများအား ဖယ်ရှားရန်ကြိုးပမ်း လာတော့သည်။
AIPAC PAC နှင့် UDP တို့သည် လစ်ဘရယ်ယိမ်းသောခရိုင်များရှိ ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ကျော ထောက်နောက်ခံပေးလေ့ရှိသည်။ AIPAC သည် အမေရိကန်နိုင်ငံတစ်ဝန်းရှိ ပါတီကိုယ်စားလှယ်အကြို ရွေးကောက်ပွဲများတွင် ဒေါ်လာသန်းချီသုံး၍ ရွေးကောက်ပွဲအပေါ် လွှမ်းမိုးနိုင်ရန် ကြိုးစားလေ့ရှိကြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နျူကလီးယားထိပ်ဖူးပေါင်းများစွာ သယ်ဆောင်နိုင်သောပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း အိန္ဒိယအစိုးရပြော
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း