ပါကစ္စတန်နိုင်ငံမှာ အလီဇာဒါရီကို သမ္မတအဖြစ် ဒုတိယအကြိမ်မြောက်ရွေးကောက်တင်မြှောက်
ဂျန်ဇက် (NSS) - မတ် ၁ဝ
ပါကစ္စတန်နိုင်ငံရဲ့ ပထမဆုံးအမျိုးသမီးခေါင်းဆောင်ဖြစ်သူ ဘီနာဇာဘူတိုရဲ့ခင်ပွန်းဖြစ်သူ အလီဇာဒါရီကို ပါကစ္စတန်နိုင်ငံရဲ့သမ္မတအဖြစ် ဒုတိယအကြိမ်ရွေးချယ်ခန့်အပ်လိုက်ကြောင်း သိရပါတယ်။
ပါကစ္စတန်နိုင်ငံမှာ ရွေးကောက်ပွဲကျင်းပခဲ့ပြီးနောက်ပိုင်း ပြိုင်ဘက်ပါတီများကြား အပြတ်အသတ်အနိုင်ရခြင်း မရှိ ဘဲ နိုင်ငံရေးအခြေအနေအခက်အခဲရှိနေချိန်မှာ ဇာဒါရီကို ပါကစ္စတန်နိုင်ငံရဲ့သမ္မတအဖြစ် ရွေးချယ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ပါကစ္စတန်ရွေးကောက်ပွဲကော်ရှင်က လွှတ်တော်အတွင်းသမ္မတ ရွေးချယ်ရာမှာ ဇာဒါရီဟာ ထောက်ခံမဲ ၄၁၁ မဲရရှိ ခဲ့ပြီး ကန့်ကွက်မဲ ၁၈၁မဲ ရရှိခဲ့ကြောင်း ပြောပါတယ်။ ဇာဒါရီရဲ့ပါတီဖြစ်တဲ့ ပါကစ္စတန်ပြည်သူပါတီရဲ့လွှတ်တော် ကိုယ်စားလှယ်တွေ နဲ့ (PML-N) ပါတီကိုယ်စားလှယ်တွေဟာ ဇာဒါရီကို သမ္မတအဖြစ် တစ်ကျော့ပြန် တာဝန်ယူခွင့် ရရှိစေဖို့ မဲပေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ ပါကစ္စတန်ပြည်သူပါတီ နဲ့ (PML-N) ပါတီတို့ဟာ ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ဖို့ ပူးပေါင်းခဲ့ပြီး သမ္မတ ရွေးချယ်ပွဲမှာ မဲပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ (PML-N) ပါတီရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ရှိဘတ် ရှာရစ်ဟာ မတ်လ ၁၁ ရက်မှာ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုမှာဖြစ်ကြောင်း သိရပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီရန်ခန်းဟာ ရွေးကောက်ပွဲမှာ ပြည်သူထောက်ခံမှုရရှိခဲ့ပေမယ့် အပြတ်အသတ် အနိုင်ရခြင်းမျိုးမရှိဘဲ အဆိုပါနှစ်ပါတီနဲ့လည်း မဟာမိတ်အဖြစ် ပူးပေါင်းခဲ့တာမျိုးမရှိကြောင်း သိရပါတယ်။ အီရန်ခန်းဟာ လက်ရှိအချိန်မှာ အကျင့်ပျက်လာဘ်စားမှု အပါအဝင် အခြားစွဲချက်တွေနဲ့ ထောင်ဒဏ်ကျခံနေရပြီး ၎င်းပါတီဝင်တွေဟာလည်း ဖမ်းဆီးခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။
အီရန်ခန်းရဲ့ပါတီက ရွေးကောက်ပွဲရလဒ်တွေကို စိတ်ဆိုးဒေါသဖြစ်နေကာ ဝေဖန်ပြစ်တင်နေကြောင်း သိရပါတယ်။ အီရန်ခန်းရဲ့ (PTI) ပါတီက ရွေးကောက်ပွဲကျင်းပတဲ့နေ့က အင်တာနက်လိုင်းများ မကောင်းခဲ့ကြောင်း၊ ရလဒ် ထုတ်ပြန်ဖို့နှောင့်နှေးခဲ့ပြီး၊ ၎င်းတို့ပါတီအနိုင်ရဖို့ အတားအဆီးများ ရင်ဆိုင်ခဲ့ရကြောင်း ပြောပါတယ်။ ရွေးကောက်ပွဲဟာ အနှောင့်အယှက်တွေ ရှိခဲ့ကြောင်း၊ (PTI) ပါတီက ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လစ်လပ်နေသည့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဆရာတော်အဖြစ် သန်လျင်မင်းကျောင်းဆရာတော်ကြီးအား ရွေးချယ်တင်မြှောက်
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း