ဘီးလင်းမြို့တွင် ဆိုင်ကယ်စီးလာသည့်အမျိုးသမီးတစ်ဦး ရထားတိုက်ခံရ၍ ပွဲချင်းပြီးသေဆုံး
သန့်ဇင်(NSS) - မတ် ၇
မွန်ပြည်နယ်၊ ဘီးလင်းမြို့တွင် ဆိုင်ကယ်စီးလာသည့်အမျိုးသမီးတစ်ဦး ရထားတိုက်ခံရ၍ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း မိုးကောင်းလူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(မတ်လ ၇ ရက်)၊ မွန်းတည့် ၁၁နာရီ ၄၀မိနစ်အချိန်တွင် ဘီးလင်းမြို့၊ တောင်ကလေး-သဘက်ဆွဲသွားလမ်းပေါ်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“သိရတာတော့ ဆိုင်ကယ်နဲ့ အမြန်ရထားနဲ့တိုက်တာပဲသိရတယ်။ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးကတော့ ပွဲချင်းပြီးဆုံးတယ်။ ခေါင်းပြတ်သွားပြီးတော့ ခြေလက်တွေလည်း ပြတ်သွားတယ်။ ရထားအကြိတ်ခံရတဲ့ ပုံစံပေါ့” ဟု မိုးကောင်းလူမှုကယ် ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြော သည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အသက်(၃၀)နှစ်ဝန်းကျင်အရွယ်ရှိ ဆိုင်ကယ်ယာဉ်မောင်းအမျိုးသမီးသည် ဦးခေါင်းနှင့် ခြေလက် ပြတ်ထွက် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။ သေဆုံးသူအမျိုး သမီး၏ ရုပ်အလောင်းအား မိုးကောင်းလူမှုကယ်ဆယ်ရေးအသင်း နှင့် ရှင်သန်ရေးနှင့်နာရေးကူညီမှုအသင်း -ဘီးလင်းမြို့တို့မှ သယ်ဆောင်ကာ ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ပသို့ပြောင်းတန်ချိန် (၈)သိန်းကျော်တင်ပို့ထားပြီး ပင်လယ်ရေကြောင်းတင်ပို့မှုအများဆုံးဖြစ်လာ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း