မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသမီးတစ်ဦး ဦးခေါင်းကားကြိတ်ခံရ၍ ပွဲချင်းပြီး သေဆုံး
သန့်ဇင် (NSS) - မတ် ၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသမီးတစ်ဦး ဦးခေါင်းကားကြိတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မြစ်ကြီးနားထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့ (မတ်လ ၆ ရက်)၊ နံနက် ၇ နာရီ ၃ဝ မိနစ်အချိန်တွင် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ရွှေလမ်းမပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သိတဲ့လူတွေပြောကြတာတော့ သူက မနက်အလုပ်သွားရင်းနဲ့ အရင်ဆုံး တစ်ခုခုနဲ့ တိုက်မိတာမှာ ကားက ဝင်ကြိတ်သွားတယ်လို့ သိရတယ်။ ဘယ်ကားက ဝင်ကြိတ်သွားလည်းတော့ ကျွန်တော်တို့လည်း သေချာမသိပါဘူး။ အမျိုးသမီးကတော့ ခေါင်းကြေသွားတာပေါ့” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မြစ်ကြီးနားမှ တာဝန်ရှိသူ တစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင် မြစ်ကြီးနားမြို့တွင်နေထိုင်သည့် အသက်(၃၀)နှစ်ဝန်းကျင် အမျိုးသမီးမှာ ကားကြိတ်ခံရသည့်ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
“အဲဒီအမျိုးသမီးက ဆိုင်ကယ်ဦးထုတ် ဆောင်းမထားဘူး။ တစ်ခုခုနဲ့တိုက်ပြီးလဲနေတဲ့အချိန် ကားက ခေါင်းကို ဖြတ်ကြိတ်မိတဲ့ ပုံစံပေါ့။ ကြိတ်သွားတဲ့ကားက ဘယ်လိုကားလည်း မသိတော့ နောက်ဆက်တွဲဖြစ်စဉ်တွေကို မသိရ သေးပါဘူး။ အဲဒီ တပ်ကုန်းရပ်ကွက်က ကားကြီးကွင်းရှိတော မကြာခဏ ယာဉ်တိုက်မှုတွေဖြစ်တယ်” ဟု ၎င်းက ဆက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသမီး၏ ရုပ်အလောင်းကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မြစ်ကြီးနားက သယ်ဆောင်၍ မြစ်ကြီးနားမြို့နယ် ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနှင့် သီရိလင်္ကာနိုင်ငံကြား အပြန်အလှန်ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြှင့်ရေး ဆွေးနွေး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ