မုံရွာမြို့ရှိ စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံး (၁၇)လုံးခန့်ဖြင့် PDF အဖွဲ့က ပစ်ခတ်မှုဖြစ်ပွား
Pearl (NSS) - မတ် ၆
မုံရွာမြို့ရှိ စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံး (၁၇)လုံးခန့်ဖြင့် PDF အဖွဲ့ကပစ်ခတ်ခဲ့သော်လည်း ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့် နီးစပ်သူထံမှ သိရသည်။
PDF ပူးပေါင်းအဖွဲ့က မတ်လ (၅) ရက်၊ နေ့လည် (၁၂) နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် အနောက် မြောက်တိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
"နမခ ရုံးချုပ်ကို ပစ်တာ။ ၁၂ လောက်က စပစ်တာ။ နောက်မှ လိုက်ရှင်းရတာ။ တပ်ထိန်း ၇၆၇ ထဲမှာက(၂)လုံး၊ အားကစားကွင်းနား (၂)လုံး၊ နမခတိုင်းရုံး ငါးကန်ထဲမှာက (၁)လုံး၊ အစွန်အဖျားကျတာတွေရော၊ ပြီးတော့ လမ်းပေါ်မှာကျတာ များတယ်။ အဆောက်အဦးတွေပေါ်တော့ မကျဘူး။ အကုန်လုံးပေါင်းက (၁၇)လုံးကျတာ” ဟု လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသော်လည်း ထိခိုက်ပျက်စီးမှုများ မရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် တပ်မတော်လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သောလုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။
အဆိုပါပစ်ခက်တိုက်ခိုက်မှုကို Daung New Generation - KANI PDF အဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သွင်းကုန်တင်သွင်းမှုကို ယခင်အတိုင်း (၁၆)ဘီလျံသာ တင်သွင်းခွင့်ပေးထားကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန အတည်ပြု
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ