စက္ကူစက်ရုံဝင်းအတွင်း၌ ပုံထားသည့် ကတ်ထူစက္ကူပုံအဟောင်းမှ မီးလောင်မှုဖြစ်စဉ် ရွှေပြည်သာတွင် ဖြစ်ပွား
သန့်ဇင် (NSS) - မတ် ၅
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ စက္ကူစက်ရုံဝင်းအတွင်း၌ ပုံထားသည့် ကတ်ထူစက္ကူပုံအဟောင်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မေတ္တာအလင်းလူမှုကူညီရေးအသင်းထံမှ သိရသည်။
မီးလောင်မှုသည် ယနေ့(မတ်လ ၅ ရက်)၊ မွန်လွဲ ၁၂ နာရီ ၂၉ မိနစ်အချိန်တွင် ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်အတွင်းရှိ စက္ကူစက်ရုံဝင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မီးလောင်တာက ကတ်ထူတွေပုံထားတဲ့ အပုံကမီးထလောင်တာ။ ကတ်ထူပုံကြီးတော့ မီးလောင်တာများတာပါ။ အဲဒီကတ်ထူပုံအတွင်းထဲ ကနေ စလောင်တာ”ဟု မေတ္တာအလင်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး မီးငြှိမ်းသတ်နေစဉ် ခြေထောက်အဆစ် လွဲဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ခုရာသီက ခြောက်သွေ့ရာသီဆိုတော့ မီးက ဂရုစိုက်ရတယ်။ ဆေးလိပ်သောက်ပြီးရင်တောင် မီးသေချာငြှိမ်းရ တယ်။ ပြီးတော့ အိမ်မှာဆိုရင်လည်း အပြင်တွေ ထွက်တော့မယ်ဆို Main ချပြီးမှ ထွက်စေချင်တယ်။ အပူလွန်ကဲပြီး လောင်တာတွေလည်း ဖြစ်တော့ ဂရုစိုက်စေချင်ပါတယ်” ဟု ၎င်းက အကြံပြုထားသည်။
ထို့ကြောင့် ၎င်းမီးလောင်မှုဖြစ်စဉ်ကို ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၈)စီး၊ အင်းစိန်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီးနှင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး တို့ဖြင့် ထွက်ခွာမီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း