Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဘေလီလမ်း မီးလောင်မှု အလောင်းရှင် မည်သူမည်ဝါဖြစ် ကြောင်း ဒီအင်န်အေအရ စစ်ဆေးဖော်ထုတ်၍ လွှဲပြောင်းပေးရမည်ဟုဆို

Htay Oung (NSS) - မတ် ၂

ယမန်နေ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ဒါကာမြို့ ဘေလီလမ်း မီးလောင်ကျွမ်းမှုမှာ လူပေါင်း ၄၆ ဦးသေဆုံးခဲ့ပြီး ဆေးရုံရောက်ရှိသွားသူများမှာလည်း အသက်ဘေးစိုးရိမ်ရရတဲ့ အခြေအနေရှိပါတယ်။ သေဆုံးသူ ၃၉ ဦးတို့ရဲ့ အမည်နာမများကို အာဏာပိုင်တို့က ဖော်ထုတ်နိုင်ခဲ့ပြီး ၃၅ လောင်းကို သက်ဆိုင်ရာမိသားစုများခံ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ မည်သူမည်ဝါမှန်း မသိရသေးတဲ့ ရုပ်အလောင်း ၆ လောင်းရှိနေပါတယ်။ အဲဒီအထဲ ကိုယ့်ဆွေမျိုးသားချင်း သေဆုံးသွားကြောင်း ခိုင်လုံမှန်ကန်ပြီး ယူကျုံးမရ ဖြစ်ရပေမယ့် ဘယ်အလောင်းလည်းလို့ အတိအကျ မပြောနိုင်ပဲ ရှိနေတယ်လို့ ဒါကာထရိုင်ဗြွန်းက ယနေ့ (မတ်လ ၂ ရက်) မှာ ရေးသားပါတယ်။ 


နာမူးအမည်ရှိ ဘရာ့စ်တက္ကသိုလ် စတုတ္ထနှစ်ကျောင်းသား လူငယ်လေးရဲ့ ရုပ်အလောင်းကို သောကြာနေ့ ရုံးဖွင့်ချိန်အထိ ကျန်ရစ်သူမိသားစုတို့က မျက်ရည်စက်လက်နဲ့ ရှာဖွေနေကြဆဲဖြစ်ပါတယ်။ ကြာသပတေးနေ့ည ဘေလီလမ်း ကာချိဘိုင် ဒန်ပေါက်ဆိုင်မှာ နာမူးကို သူငယ်ချင်း ၃ ယောက်နဲ့အတူ နောက်ဆုံးတွေ့မြင်ခဲ့ရတာပါ။

မနေ့ညတည်းက နာမူးရဲ့အလောင်းကို ရှာဖွေဖို့အတွက် ဆေးရုံတစ်ရုံပြီးတစ်ရုံ ကူးခဲ့ပေမယ့် ဘာသတင်းမှ မရခဲ့လို့ သူဘယ်မှာ ရောက်နေတယ်ဆိုတာ မသိရသေးဘူးလို့ သူ့ရဲ့ ဦးလေးနဲ့ အဒေါ်ဖြစ်သူတို့က မချိတင်ကဲ ပြောရှာပါတယ်။ 

အလားတူ ဆော့ဖ်ဝဲအင်ဂျင်နီယာ မင်ဟာဂျူအီစလမ် အပါအဝင် ပျောက်ဆုံးနေသူတို့ရဲ့ မိသားစု၀င်များကလည်း ဒါကာဆေးဘက်ဆိုင်ရာကောလိပ်ဆေးရုံ ရင်ခွဲရုံမှာ သောကမီးတငြီုးငြီးနဲ့ ထပ်မံရောက်ရှိနေကြောင်း မြင်တွေ့ခဲ့ရပါတယ်။

ရင်ခွဲရုံအပြင်ဘက်မှာ မင်ဟာဂျူးရဲ့ မိခင်၊ ညီမနဲ့ မိသားစု၀င်တို့ကတော့ ဆုံးရှုံးသွားကြောင်း အမှန်ဖြစ်တဲ့ သူတို့ရဲ့ မိသား၀င်ရဲ့ ရုပ်အလောင်းကို ဘယ်သူဘယ်ဝါပါဖြစ်ကြောင်း ဘာ့ကြောင့်များ အတည်မပြုနိုင်တာလည်းလို့ တွေးတောရင်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေရှာပါတယ်။

မနေ့ညတည်းက မင်ဟာဂျူးတစ်ယောက် အိမ်ပြန်ရောက်မလာပဲ ဖုန်းဆက်လို့လည်း မရတော့ပါဘူး၊ နောက်တော့ သူ ကာချိဘိုင်ဒန်ပေါက်ဆိုင်ကို သွားတယ်လို့ သူ့မိတ်ဆွေတစ်ယောက်က အသိပေးပါတယ်။

ရင်ခွဲရုံကို ရောက်ရှိနေတာ မီးလောင်ခံထားရတဲ့ ရုပ်အလောင်းတွေဖြစ်ပြီး တစ်ချို့ဆိုရင် လုံး၀နီးပါး မီးလောင်ပျက်စီးနေကြောင်း၊ ဒါပေမယ့် ဝမ်းဗိုက်ပေါ်က ထူးခြားတဲ့ အမှတ်အသားနဲ့ ဝတ်ဆင်နေကျ လက်ပတ်နာရီကို ကြည့်ရှုပြီး မင်ဟာဂျူးဖြစ်ပါတယ်လို့ ပြောပြထားကြောင်း၊ DNA စစ်ဆေးမှုအတွက် နမူနာယူထားပြီး ရလဒ်ကို စောင့်ဆိုင်းနေတယ်လို့ သူ့ရဲ့ သူငယ်ချင်းတစ်ဦးက ပြောပါတယ်။

ပြင်းထန်စွာ မီးလောင်ခံထားရတဲ့ ရုပ်အလောင်းတွေဟာ အပေါ်ယံအမြင်တစ်ခုတည်းနဲ့ ဘယ်သူဘယ်ဝါပါလို့ တပ်အပ်သေချာ ပြောဆိုရန် ခက်ခဲပါတယ်။ သေဆုံးသူအမှန်ကို ရွေးထုတ်နိုင်ဖို့အတွက် ဘိုင်အိုမက်ထရစ်ဆိုင်ရာ အချက်အလက်တွေကို ကောက်ယူထားကြောင်း တချို့ကိစ္စတွေမှာ လုံခြုံရေးအရလည်း ဆောင် ရွက်နေတယ်လို့ ဆိုပါတယ်၊ အလောင်းအသားစ နမူနာများကို DNA စစ်ဆေးပြီး အထောက်အထားအတည်ပြုချက်အရ သက်ဆိုင်သူဆွေမျိုးသားချင်းများထံ လွှဲပြောင်းပေးအပ်ရန် ဒါကာခရိုင် တွဲဖက်တရားရုံးက အမိန့်ချမှတ်ထားပါတယ်။

(ကမ္ဘာပေါ်မှာ သက်ရှိသတ္တဝါအမျိုးပေါင်း မြောက်များစွာကို တွေ့ရှိရပြီး မျိုးတုန်းပျောက်ကွယ်သွားတဲ့ သက်ရှိတွေကို ဖယ်ထုတ်လိုက်ရင်တောင် လက်ရှိအသက်ရှင်နေဆဲ သတ္တဝါအရေအတွက် သန်းချီရှိနေပါတယ်။ သိပ္ပံပညာဟာ သက်ရှိလောကမှာ သွင်ပြင်လက္ခဏာ တူညီပုံအရ ကျောရိုးရှိ၊ ကျောရိုးမဲ့ အုပ်စုကြီး ခွဲခြားထားပြီး သတ္တဝါ တစ်မျိုးချင်းစီအလိုက် နှစ်လုံးတွဲအမည်ပေးစနစ်နဲ့ အတိအကျသတ်မှတ်ထားပါတယ်။ အဲ့ဒီ အမည်နှစ်ခုပေါင်းစပ်မှသာ ဘာသတ္တဝါဖြစ်ကြောင်း အတိအကျဖော်ထုတ်နိုင်ပါလိမ့်မယ်။

ဥပမာ အိမ်ကြောင်ရဲ့ အမည်ဟာ “ဖိလစ်စ်ဒိုမက်စတီးကား“ ဖြစ်ပြီး ဖိလစ်ဆိုတာ ကျား၊ ခြင်္သေ့၊ ကျားသစ် ကြောင်မျိုးရင်း၀င် လို့ အဓိပ္ပါယ်ရပါတယ်။ သူ့နောက် “ဒိုမက်စတီးကား” “ အိမ်နေ“ ဆိုတာ ပေါင်းလိုက်မှ ကျွန်တော် တို့ အနီးအနားမှာ ရှိတဲ့ “မြောင်“ ဖြစ်သွားပါတယ်။

ဒီနေရာမှာ “ ဘူဖိုရှနိုင်ဒါ (၁၇၉၉)” လို့ ဆိုလိုခြင်းဟာ ၁၇၉၉-ခုနှစ်မှာ ရှနိုင်ဒါအမည်ရှိ သိပ္ပံပညာရှင်က အမည်ပေးခဲ့တဲ့ ဖားပြုပ်တစ်မျိုးဖြစ်ပါတယ်။ ရှနိုင်ဒါဟာ သူတွေ့ရှိခဲ့တဲ့ ဖားပြုတ်ရဲ့ ပြင်ပသွင်ပြင်များသာမက ဖားပေါင်းများစွာအနက် အဲ့ဒီဖားပြုပ်မှာသာ တွေ့ရတဲ့ ထူးခြားချက်များကိုလည်း အသေးစိတ် မှတ်တမ်းတင်ပြီး သူတို့ဆီက တက္ကသိုလ်ကြီးများမှာ ယနေ့တိုင် မပျက်မစီး သိမ်းဆည်းထားပါတယ်။ 

ဂျပန်နိုင်ငံမှာ တွေ့ရတဲ့ ဖားပြုပ်တစ်မျိုးကို သိပ္ပံအမည်ပေးချင်လို့ “ဘူဖိုရှနိုင်ဒါ“ နမူနာကို ကြည့်ရအောင် ခဏငှားပါလို့ အာမခံ ကတိက၀တ်များနဲ့ တိုကျိုတက္ကသိုလ်လိုမျိုးက မေတ္တာရပ်ခံလျှင်တောင် အတော်စဉ်းစားမှာ ဖြစ်ပြီး ရေမီးရှားတက္ကသိုလ်တစ်ခုခုက ဆိုရင်တော့ အမြည်းလုပ်ချင်လို့ ဟုတ် မဟုတ် သံသယဖြစ်ခံရပါလိမ့်မယ်။  

ဘိုင်အို မက်ထရစ်ဆိုတာ လူတစ်ဦးချင်းစီဖြစ်ကြောင်း ခွဲခြားသတ်မှတ်ပေးဖို့အတွက် ထူးခြားတဲ့လက္ခဏာများအရ တိုင်းတာ သို့မဟုတ် တွက်ချက်ရန် အချက်အလက်များဖြစ်ပါတယ်။ အဆိုပြုသူတစ်ဦးနဲ့ ပတ်သက်ပြီး ရုပ်ပိုင်းဆိုင်ရာ ထူးခြားချက်၊ ပုဂ္ဂလိကသွင်ပြင်လက္ခဏာ၊ မျက်နှာပုံပန်းသဏ္ဍာန်၊ (ကမ္ဘာပေါ်မှာ ထပ်တူ နှစ်ယောက် မရှိနိုင်တဲ့ ) လက်ဗွေရာ၊ မျက်၀န်း စကင်ဖတ်ခြင်းနဲ့ (သွေးအုပ်စုတို့လို) ဇီ၀ဆိုင်ရာ နမူနာအချက်အလက်တို့အရ မည်သူမည်ဝါဖြစ်ကြောင်း အတိအကျ ဖော်ထုတ် သို့မဟုတ် စိစစ်ရေးသက်သေခံကတ် ထုတ်ပေးနိုင်ပါတယ်။

မည်သူ မည်ဝါမှန်း အတိအကျ မသိရပဲ သေဆုံးစာရင်း ထည့်သွင်းခြင်းဟာ လူ့အဖွဲ့အစည်းကြီးတစ်ခုမှာ အလွန်ကြောက်စရာ ကောင်းပါတယ်။ ရာဇ၀တ်မှု တစ်ခုခုမှာ အလောင်းဖျောက်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကြွဆေး လက်ကြီးကုန်ကူးမှုကျူးလွန်သူ တရားခံ သူဌေးဦးဖြူနေရာမှာ ဆိုင်ကယ်ကယ်ရီ မောင်ဖြူက အစားထိုး ထောင်ကျခံသွားခြင်း၊ ကျပ်သိန်းပေါင်း သောင်းချီလိမ်လည်ပြီး သေပြီဟု တရား၀င်ဖြစ်စေကာ အခြားနေရာမှာ အမည်သစ်နဲ့ ဘွားကနဲ ပေါ်လာအောင် “လူထုံကူးခြင်း” အတွက်လည်း ဖြစ်နိုင်ပါတယ်။

ဘေလီလမ်း မီးလောင်မှုမှာတော့ သေဆုံးသူတို့ရဲ့ မိဘဆွေမျိုးသားချင်းတို့ဟာ သူတို့ရဲ့ မိသားစု၀င်ဖြစ်သူရဲ့ ရုပ်အလောင်းကို ထုတ်ယူ မရပဲ ဖြစ်နေပါတယ်။ ဒီနေရာမှာ ဒါကာခရိုင်တွဲဘက် မတရားသူကြီး အဲ့လေ တရား သူကြီးက တားဆီးတယ်ဆိုတာ ဥပဒေနည်းလမ်းအရ လုံး၀ မှန်ကန်ပါတယ်။ ဒါပေမယ့် လာဘ်ပေး လာဘ်ယူ အင်မတန် ထူပြောတဲ့ တိုင်းပြည်မှာ “အပိုင်း လေး “ "အပေးလိုင်း" ကဏ္ဍကလည်း သေတဲ့ကိစ္စတောင် မလွတ်နိုင်ပဲ ဖြစ်စရာ ရှိပါတယ်။

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနိုင်ငံတို့ရဲ့ လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားမှုတွေဟာ အလွန်ကမ္ဘာကျော်ပါတယ်။ ဘယ်လောက်ဆိုးသလဲဆို ရေမီးရှားနဲ့ အဆင့်မီလောက်နီးနီး ဆိုးရွားပါတယ်။  ။သတင်းဘာသာပြန်သူ၏ သုံးသပ်ချက်ဖြစ် သည်။)

(Dhaka Tribune., 1 March 2024,” Bailey Road fire: Grief-stricken family members forced to wait for DNA identification” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယနေ့ မတ်လ ၂ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ

RELATED POSTS
RECENT POSTS
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved