Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကရင်ပြည်နယ်နယ်ခြား‌စောင့်တပ် (BGF) ကို KNA အဖြစ် အမည်ပြောင်းကာ ပြောင်းလဲရပ်တည်မည်ဟုဆို

မြူနစ် (NSS) - မတ်  ၂ 

ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF)  ကို KNA အဖြစ် အမည်ပြောင်းကာ ပြောင်းလဲရပ်တည်သွားမည်ဖြစ်ကြောင်း သိရသည်။

နယ်ခြားစောင့်တပ် (BGF) ကို ကရင်အမျိုးသားတပ်မတော် (Karen National Army-KNA)အဖြစ် အမည် ပြောင်းကာ ပြောင်းလဲရပ်တည်ရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း အဆိုပါ BGF အသိုင်းအဝိုင်းထံမှ သိရသည်။


“ ဟုတ်တယ်လို့ သိရတယ်။ KIC သတင်း ဌာနတို့၊ ဘာတို့မှာလည်း တရားဝင်ထုတ်ပြောတာတွေ တွေ့ရတယ်။ ပြီးတော့ မြဝတီတောင်တက်လမ်း ထို့ကော်ကိုးလမ်းဘက်ကနေပြီးတော့မှ ထွက်တဲ့တောင်တက်လမ်းမှာ ခရီးသွားလမ်းညွှန် အဲဒီဂိတ်တွေမှာလည်း တရားဝင် ရဲဘော်သစ်လက်ခံတယ်ဆိုတဲ့ဟာလေးတွေလည်း ဘုတ်တင်ထားတာ တွေ့ရတယ်။ တရားဝင်ထုတ်ပြောတာတော့ သိရတယ်”ဟု BGF အဖွဲ့ဝင်ဟောင်းဖြစ်ခဲ့သော သတင်းအရင်းအမြစ်က NSS ကို ပြောသည်။ ကရင် ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF)သည် တပ်မတော်ထံမှ လစာနှင့်ရိက္ခာများကို ရယူခဲ့သော အဖွဲ့အစည်း တစ်ရပ်ဖြစ်ပြီး၎င်းတို့တွင် တပ်ရင်း (၁၃)ရင်းအထိ ရှိကြောင်းလည်း သိရသည်။

“ကျွန်တော့်အထင် ပြောရရင်တော့ သူတို့ က KNA ဖွဲ့စည်းလိုက်တဲ့သဘောကတော့ ကရင်အမျိုးသားချင်းလည်း မတိုက်ချင်တော့ဘူး။ ကရင်လက်နက်ကိုင်အဖွဲ့အစည်းချင်းလည်း စည်းလုံးညီညွတ်ရမယ်ဆိုတဲ့သဘော အဲဒီ သဘောပေါ့နော်။ တပ်မတော်နဲ့လည်း သူ့လမ်းသူသွား၊ ကိုယ့်လမ်း ကိုယ်သွား ကြားနေဝါဒပေါ့နော်။ ဒေသတွင်း ငြိမ်းချမ်းအောင် ဆောင်ရွက်မယ်ဆိုတဲ့သဘော။ နောက်ပြီးတော့ KNU နဲ့လည်း တိုက်တဲ့ခိုက်တဲ့အလုပ် မလုပ်ချင်တော့ဘူးဆိုတဲ့သဘော။ သီးခြားရပ်တည်ပြီးတော့ အလယ်အလတ်လမ်းစဉ်ကို သွားမယ်လို့ မြင်တယ်ဗျ”ဟု အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။

 နယ်ခြားစောင့်တပ် (BGF)ကို တပ်မတော်လက်အောက်မှ ခွဲထွက်ကာ ပြောင်းလဲရပ်တည်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သော ကာလများ၌ BGF အဖွဲ့မှ ဗိုလ်မှူးကြီးစောချစ်သူက မီဒီယာများကို ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ လွန်ခဲ့သောကာလများအတွင်း၌  BGF နှင့်ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ် ချုပ်မှူးကြီးစိုးဝင်းတို့သည် မြဝတီမြို့တွင် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။

 “ကျွန်တော်လည်း သူများပြောပြလို့ ကြား နေရပါတယ်။ စောချစ်သူက သူတို့လည်း ဖြတ်သန်းမှုအများကြီး ရှိနေတဲ့အပေါ်မှာတော့ ဆိုးယုတ်တဲ့အခြေအနေမျိုးတော့ ဆောင်ရွက်လိမ့်မယ် မထင်ဘူး။ ကျွန်တော် မြင်တာပေါ့လေ”ဟု KNU ကော့ကရိတ်ခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက NSS ကို ပြောသည်။

သို့သော် ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်(BGF)သည် KNA အမည်ဖြင့် ပြောင်းလဲ ရပ်တည်မည့် အကြောင်းကို လက်ရှိချိန်ထိ တရားဝင်ထုတ်ပြန်ကြေညာခြင်းမျိုး မရှိသေးပေ။ ထိုသို့ KNAအမည်ဖြင့် တရားဝင်ပြောင်းလဲရပ်တည်မည်ဆိုပါက ကရင်ပြည်နယ်အတွင်း၌ KNU/KNLA၊DKBA၊ KNU/KNLA-PC၊ KNA ဟူ၍ လက်နက်ကိုင်(၄)ဖွဲ့အထိ ရှိလာမည်ဖြစ်သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စင်ကာပူမှာ ပြီးခဲ့တဲ့ (၂)လအတွင်း တေလာဆွစ်ဖ်ရဲ့ဖျော်ဖြေပွဲ လက်မှတ်လိမ်လည်မှုကြောင့် အနည်းဆုံး စင်ကာပူဒေါ်လာ ၂၁၃,၀၀၀ ထိ ဆုံးရှုံးနစ်နာမှုများရှိနေ

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved