စင်ကာပူမှာ ပြီးခဲ့တဲ့ (၂)လအတွင်း တေလာဆွစ်ဖ်ရဲ့ဖျော်ဖြေပွဲ လက်မှတ်လိမ်လည်မှုကြောင့် အနည်းဆုံး စင်ကာပူဒေါ်လာ ၂၁၃,၀၀၀ ထိ ဆုံးရှုံးနစ်နာမှုများရှိနေ
ရောင်နီ (NSS) - မတ် ၂
စင်ကာပူမှာ ပြီးခဲ့တဲ့ ၂ လအတွင်း တေလာဆွစ်ဖ်ရဲ့ဖျော် ဖြေပွဲလက်မှတ် လိမ်လည်မှုတွေကြောင့် အနည်းဆုံး စင်ကာပူဒေါ်လာ ၂၁၃,၀၀၀ (အမေရိကန်ဒေါလာ ၁၅၈,၀၀၀ ) ထိ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း အဲဒီလို လိမ်လည်ခံရသူ လူပေါင်း ၃၃၀ ကျော်ထိရှိတယ်လို့ စင်ကာပူရဲတပ်ဖွဲ့က သော ကြာနေ့ (မတ်လ ၁ ရက်)မှာ ပြောကြားခဲ့ပါတယ်။ တေလာဟာ လက်ရှိ စင်ကာပူမှာ ဖျော်ဖြေရေးအတွက် ရောက်ရှိနေပါတယ်။ တေလာဟာ လူကြိုက်များရေပန်းစားတဲ့ အဆိုတော်တစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့ဖျော်ဖြေပွဲကို တက်ရောက်ချင်သူတွေ အများအပြားရှိပါတယ်။ အဲဒါကို အခွင့်ကောင်းယူပြီး scammer တွေက ငွေကြေးလိမ်လည်မှုတွေ ပြုလုပ်ခဲ့တာပါ။ ဒါကြောင့် အထူးသဖြင့် လာမယ့် Taylor Swift ရဲ့ ဖျော်ဖြေပွဲတွေမှာ ပြင်ပက ရောင်းချသူတွေဆီကနေသာ ဖျော်ဖြေပွဲလက်မှတ်တွေဝယ်ဖို့နဲ့ အွန်လိုင်းပေါ်က အလိမ်အညာတွေကို ပိုင်းခြားသိ မြင်တတ်ဖို့ ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။ ရှိုးပွဲလက်မှတ်အဓိက ရောင်းချသူ Carousell ကတော့ Taylor Swift ရဲ့ ပွဲလက်မှတ်တွေ ရောင်းချခြင်းကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် scammer တွေဟာ Telegram နဲ့ အခြားပလက်ဖောင်းများမှ လိမ်လည်မှုတွေ ပြုလုပ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။
Scammar တွေရဲ့ လိမ်လည်မှုမှာ အရင်ဆုံး ၎င်းတို့က လက်မှတ်အတွက် PayNow၊ ဘဏ်ငွေလွှဲမှုများ သို့မဟုတ် iTunes ကတ်များစတဲ့ virtual credits များမှတစ်ဆင့် ငွေပေးချေဖို့ အရင်ပြောမှာဖြစ်ပြီး ငွေးပေးချေပြီးနောက်မှာတော့ လက်မှတ်လည်းမရသလို ၎င်းတို့ကိုလည်း ဆက်သွယ်ခွင့်ရမှာ မဟုတ်ပါဘူး။ ဒီလိုနည်းနဲ့ ၎င်းတို့က လိမ်လည်ကြတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စီးပွားရေးပျက်ကပ်ကြားကပင် အီရန်၌ ပါလီမန်ရွေးကောက်ပွဲကို ကျင်းပခဲ့
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ