မလေးရှားမှာ မိခင်ကို လုံခြုံရေးဖိနပ်နဲ့ တူ အသုံးပြု ရိုက်နှက်ခြင်းကြောင့် အမျိုးသားတစ်ဦး ဖမ်းဆီး တရားစွဲခံရ
ရောင်နီ (NSS) - မတ် ၁
မလေးရှားနိုင်ငံမှာ ဖေဖော်ဝါရီ ၂၈ ရက်က ၎င်းရဲ့မိခင်ကို လုံခြုံရေးဖိနပ်၊ တူ အသုံးပြု ရိုက်နှက်ခဲ့တဲ့ အမျိုးသားတစ်ဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
အခင်းဟာ ဆီလန်ဂေါပြည်နယ်၊ ခါလန်ဆိပ်ကမ်းမြို့ ကမ်ပန်ဂျာဝါရှိ နေအိမ်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး၊ အခင်းဖြစ်ပြီး နာရီအနည်းငယ်အကြာမှာပဲ သံသယရှိသူကို ဖမ်းမိခဲ့ပါတယ်။ ပဏာမ စုံစမ်းစစ်ဆေးမှုအရ အသက် ၃၃ နှစ်အရွယ် အမျိုးသားဟာ ၎င်းရဲ့ ၅၅ နှစ်အရွယ်မိခင်နဲ့ သဘောထားကွဲလွဲရန်ဖြစ်ခဲ့ပြီးနောက် ဒီလုပ်ရပ်ကို ကျူးလွန်ခဲ့ခြင်း ဖြစ်တယ်လို့ ရဲချုပ် မိုဟက်အီရက်ဘဲယ်အိုင်ဘရာဟင်က ပြောကြားခဲ့ပါတယ်။
အမျိုးသားဟာ မိခင်ကို ဒေါသအလျောက် လုံခြုံရေးဖိနပ်၊ သံတူနဲ့ ရိုက်နှက်ခဲ့တယ်လို့ ယူဆရတယ်လို့ ဆိုပါတယ်။ ပဏာမ ဆီးစစ်ချက်အရ အဲဒီအမျိုးသားဟာ စိတ်ကြွဆေး အသုံးပြုထားတာ တွေ့ရှိရပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ မှုခင်းမှတ်တမ်းတွေလည်း ရှိတယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ အဆိုပါအမျိုးသားအား လူသတ်မှုပုဒ်မ ၃၀၂ နဲ့ ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးလျက် ရှိပါတယ်။
ပြစ်ဒဏ်ချမှတ်ခံရသူတွေဟာ သေဒဏ် (သို့မဟုတ်) ထောင်ဒဏ် နှစ် ၃ဝ မှ ၄ဝ ကြား နဲ့ ကြိမ်ဒဏ် ၁၂ ချက် ထက်မနည်း ကျခံရနိုင်တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်း သတင်းများ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ