ယူကရိန်းကို နေတိုးတပ်ဖွဲ့ဝင်များစေလွှတ်မယ်ဆိုရင် နျူကလီးယားစစ်ပွဲဖြစ်လာစေဖို့ အလားလာများနေဟု ရုရှားသမ္မတ သတိပေး
ဂျန်ဇက် (NSS) - မတ် ၁
အမေရိကန်ဦးဆောင်တဲ့နေတိုးအုပ်စုအနေနဲ့ ယူကရိန်းကို တပ်ဖွဲ့ဝင်များ စေလွှတ်လာမယ်ဆိုရင် နျူကလီးယား စစ်ပွဲဖြစ်လာမယ့်အန္တရာယ်ဖြစ်နိုင်ချေ ပိုမိုများပြားလာဖွယ်ရှိတယ်လို့ ရုရှားသမ္မတပူတင်က ပြောပါတယ်။ ပြင်သစ် သမ္မတမက်ခရွန်က ရုရှားကိုဟန့်တားနိုင်ဖို့ ယူကရိန်းစစ်ပွဲကို နေတိုးတပ်ဖွဲ့ဝင်များ စေလွှတ်သွားသင့်တယ်လို့ မကြာသေးမီက ထုတ်ဖော်ပြောဆိုခဲ့ရာ အငြင်းပွားမှုတွေ ပိုမိုဖြစ်လာခဲ့ပါတယ်။
ယူကရိန်းကို နေတိုးအဖွဲ့ဝင် တပ်ဖွဲ့ဝင်များ စေလွှတ်ခြင်းနဲ့ပတ်သက်ပြီး နေတိုးအဖွဲ့ဝင်နိုင်ငံများကြား သဘောထား ကွဲလွဲမှုတွေဖြစ်လာခဲ့ကြောင်း သိရပါတယ်။ ဖင်လန်နဲ့ ဆွီဒင်နိုင်ငံတို့ဟာ နေတိုးအုပ်စုအဖွဲ့ဝင်နိုင်ငံများအဖြစ် ပါဝင်မယ်လို့ ဝန်ခံပြောဆိုခဲ့ပြီးနောက်ပိုင်း ရုရှားအစိုးရဟာ နိုင်ငံအနောက်ပိုင်းရှိ ရုရှားတပ်ဖွဲ့ဝင်များကို ပိုမိုအင်အား ကောင်းမွန်တောင့်တင်းစေဖို့ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
အမေရိကန်နိုင်ငံ နဲ့ ဥရောပတိုက်ရှိ ထိပ်သီးနိုင်ငံအချို့ကလည်း ယူကရိန်းကို နေတိုးတပ်ဖွဲ့ဝင်များ စေလွှတ်မယ့် အစီအစဉ်မရှိကြောင်း အသီးသီးတုံ့ပြန်ထားပါတယ်။ ရုရှားသမ္မတပူတင်က ယူကရိန်းအတွက် နေတိုးတပ်ဖွဲ့ဝင်များ စေလွှတ်ဖြန့်ကြတ်ချထားမယ်ဆိုရင် နျူကလီးယားစစ်ပွဲ ပိုမိုဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ ရုရှားလွှတ်တော် ပါလီမန်မှာ ပြောခဲ့တာဖြစ်ပါတယ်။
ရုရှားဟာ ကမ္ဘာနိုင်ငံတွေထဲမှာ နျူကလီးယားလက်နက်အများဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံတွေထဲမှာ ထိပ်ဆုံးနိုင်ငံ အဖြစ် ပါဝင်နေပြီး အမေရိကန်နိုင်ငံနဲ့ နျူကလီးယားလက်နက်ပိုင်ဆိုင်မှုအရေအတွက် အပြိုင်အဆိုင်ဖြစ်နေ ကြောင်း သိရပါတယ်။ နေတိုးအုပ်စုဟာ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ရုရှားကို တစ်ဖက်သတ်ပိတ်ပင်ပြီး ယူကရိန်းကို စစ်ရေးအကူအညီများပေးခဲ့တဲ့အတွက် နေတိုးနဲ့ ရုရှားနိုင်ငံကြား တင်းမာမှု အရှိန်မြင့်တက်နေရာ နေတိုးတပ်ဖွဲ့ဝင်တွေသာ ယူကရိန်းကို စေလွှတ်ခဲ့မယ်ဆိုရင် အခြေအနေတွေ ပိုမိုဆိုးရွား လာဖွယ်ရှိတယ်လို့ နိုင်ငံတကာကျွမ်းကျင်ပညာရှင်များက သုံးသပ်နေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားမှာ မိခင်ကို လုံခြုံရေးဖိနပ်နဲ့ တူ အသုံးပြု ရိုက်နှက်ခြင်းကြောင့် အမျိုးသားတစ်ဦး ဖမ်းဆီး တရားစွဲခံရ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ