ရုရှားဒုံးပျံတစ်စင်းက အီရန်ဂြိုလ်တုကို ကမ္ဘာပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ဟုဆို
Pika (NSS) - မတ် ၁
ဖေဖော်ဝါရီလ(၂၉)ရက်တွင် ရုရှားဒုံးပျံတစ်စင်းသည် အီရန်ဂြိုလ်တုတစ်လုံးကို ကမ္ဘာပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါလွှတ်တင်နိုင်မှုသည် ရုရှားနှင့် အီရန်ကြား နီးကပ်သောပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြင့်လာသည်ကို ပြသနေသည့်ကိစ္စတစ်ခုလည်းဖြစ်သည်။ အီရန်ဂြိုလ်တုကို သယ်ဆောင်ထားသော Soyuz ဒုံးပျံကို ရုရှားနိုင်ငံ အရှေ့ဘက်စွန်းရှိ Vostochny အာကာသယာဉ်လွှတ်တင်ရေးစခန်းမှ လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် Roscosmos ကော်ပိုရေးရှင်းက ပြောကြားခဲ့သည်။
အလေးချိန် (၁၁ဝ) ကီလိုဂရမ်ရှိသော အီရန်ဂြိုလ်တုတွင် သဘာဝပတ်ဝန်းကျင်၊ စိုက်ပျိုးရေး နှင့် အခြားရည်ရွယ် ချက်များအတွက် ဓါတ်ပုံများရိုက်ယူရန် ကင်မရာ(၃)လုံးပါရှိကြောင်း အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားလိုင်းက ပြော ကြားခဲ့သည်။
အဆိုပါဂြိုလ်တုကို မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းရှိ ကမ္ဘာပတ်လမ်းကြောင်းထဲတွင် ထားရှိမည်ဖြစ်ပြီး နေ နှင့်ဆက်စပ်သည့်ပုံသေအနေအထားတစ်ခုတွင် ရှိနေစေရန် လုပ်ဆောင်ထားကြောင်းလည်း သိရသည်။ ထို့နောက် ယင်းဂြိုလ်တု၏ စနစ်များကို ချိန်ညှိမှုများ လုပ်ဆောင်ပြီးပါက အပြည့်အဝ အလုပ်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း လည်း သိရသည်။
ရုရှားအစိုးရသည် ၂ဝ၂၂ ခုနှစ်တွင် အီရန် Khayyam ဂြိုလ်တုကို ကမ္ဘာပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာ လွှတ်တင်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ(၂၉)ရက်တွင် လုပ်ဆောင်ခဲ့သည့်လွှတ်တင်မှု ထပ်မံထွက်ပေါ်လာခြင်းဖြစ် သည်။ အီရန်၏ အာကာသအစီအစဉ်သည် သမ္မတ Ebrahim Raisi လက်ထက်တွင် ဂြိုလ်တုလွှတ်တင်မှု (၁၂)ကြိမ် အပါအဝင် စုစုပေါင်းလွှတ်တင်မှု(၂၃)ကြိမ်ထိ ပြုလုပ်ခဲ့ကြောင်း အီရန်ဆက်သွယ်ရေးဝန်ကြီး Isa Zarepour က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းကို နေတိုးတပ်ဖွဲ့ဝင်များစေလွှတ်မယ်ဆိုရင် နျူကလီးယားစစ်ပွဲဖြစ်လာစေဖို့ အလားလာများနေဟု ရုရှားသမ္မတ သတိပေး
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ