Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အင်ဒို-ပစိဖိတ်မဟာဗျူဟာအတွင်းက အိန္ဒိယ-ပြင်သစ် ဆက်ဆံရေးနှစ်နိုင်ငံခေါင်းဆောင်များ အပြန်အလှန်လည်ပတ် (ဘာသာပြန်ဆောင်းပါး)

သန်းထိုက်စိုး (NSS) - ဖေဖော်ဝါရီ ၂၉

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ( ၇၅) နှစ်မြောက်  အိန္ဒိယသမ္မတ နိုင်ငံနေ့ အခမ်းအနားသို့ အထူးဧည့်သည်တော်အနေဖြင့် တက်ရောက်လာခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များအား နယူးဒေလီမြို့ ၏ လမ်းတစ်လျှောက်တွင် စစ်အခမ်းအနားများဖြင့် ကြိုဆိုခဲ့သည်။ ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် အိန္ဒိယဝန်ကြီးချုပ်မိုဒီ ပြင်သစ်သို့ လာရောက်ခဲ့စဉ်ကလည်း သမ္မတမက်ခရွန်က အလားတူ စစ်အခမ်းအနားဖြင့် တခမ်းတနားကြိုဆိုခဲ့သည်။ အမေရိကန်နှင့်အနောက်နိုင်ငံများသည် တရုတ်နိုင်ငံကို စစ်ရေးအရလည်း ကောင်း၊ စီးပွားရေးအရလည်းကောင်း ဟန်ချက်ညှိရန်အတွက် အိန္ဒိယနိုင်ငံနှင့် ပိုမိုနီးကပ်သည့်ဆက်ဆံရေး တစ်ရပ်တည် ဆောက်နိုင်ရန် ကြိုးပမ်းနေကြရာ မက်ခရွန်၏အန္ဒိယခရီးစဉ်မှာ တစ်ခုအပါအဝင်ဖြစ်သည်။ အာရှ-ပစိဖိတ် အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်သည့်  ပြင်သစ်နိုင်ငံသည်လည်း ဒေသတွင်း ၎င်း၏ အကျိုးစီး ပွားများကို ကာကွယ်ထိန်းသိမ်းနိုင်ရေး အိန္ဒိယနိုင်ငံနှင့် နီးကပ်သည့်ဆက်ဆံရေးရရှိရန် ကြိုးပမ်းခြင်းဖြစ်သည်။ 

သမ္မတမက်ခရွန် အိန္ဒိယနိုင်ငံသို့ မသွားရောက်မီအတွင်းမှာပင် အိန္ဒိယနိုင်ငံသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကိုထိန်းသိမ်းရာတွင် အရေး ကြီးသည့်မိတ်ဖက်နိုင်ငံဖြစ်သည်ဟု ပြင်သစ် သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့သည်။ အိန္ဒိယနိုင်ငံကလည်း ၎င်း၏ နိုင်ငံခြားရေးမူဝါဒကို ထိန်းသိမ်းရန်အတွက် ပြင်သစ်ပါဝင်သည့်အနောက်ဘက်ဝင်ရိုးတန်းဘက်ကို ပိုမိုအလေး ထားလာခြင်းဖြစ်သည်။ ပြင်သစ်နိုင်ငံ သည် ဥရောပတွင် အိန္ဒိယ ၏ အကြီးဆုံး မဟာဗျူဟာ မိတ်ဖက်နိုင်ငံဖြစ်ပြီး ဒုတိယမြောက် လက်နက်တင် ပို့ရောင်းချပေးသည့် နိုင်ငံလည်းဖြစ်သည်။


ကာကွယ်ရေးကဏ္ဍတွင် ပိုမိုပူးပေါင်း 

နှစ်နိုင်ငံလုံးသည် လုံခြုံရေးအရ အမေရိကန်အပေါ် မှီခိုနေရမှုကို ရှောင်ရှားနိုင်ရန် ကြိုးပမ်း နေကြခြင်းဖြစ်သည်။ အိန္ဒိယအစိုးရသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် အိန္ဒိယရေတပ်အတွက် အမေရိကန်ဒေါ်လာ ၆ ဘီလျံ တန်ဖိုးရှိ  26 Rafale Marine တိုက်လေယာဉ်များ ဝယ်ယူလိုကြောင်း ပြင်သစ်နိုင်ငံထံ တရားဝင်ကမ်းလှမ်းခဲ့သည်။ အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ ၎င်း၏ ကာကွယ်ရေးစွမ်းအားကို မြှင်တင်ရန် ရည်ရွယ်ခြင်းဖြစ်ပုံရသည်။ အိန္ဒိယနှင့် ပြင်သစ်တို့သည် အင်ဒိုပစိဖိတ်ဒေသတွင် မျှဝေရှိနေ သည့် ပထဝီနိုင်ငံရေးဆိုင်ရာဦးတည်ချက်များ အ ကောင်အထည်ဖော်ရန် ၎င်းတို့၏ ဆက်ဆံရေးအဝန်း အဝိုင်းကို ချဲ့ထွင်းနေကြခြင်းလည်း ဖြစ်သည်။ 


ဒေသဆိုင်ရာ လုံးခြုံရေးဝန်းကျင် မရေရာ မသေချာ ဖြစ်လာသည့်အချိန်တွင် ကျွန်းနိုင်ငံများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ အင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှု သည် ရေကြောင်းနယ်ပယ်တွင် ဆက်ရှိနေရာ ကျွန်းနိုင်ငံများနှင့်သံတမန်ဆက်ဆံရေးမှာလည်း ခိုင်မာ သည့် ဆက်ဆံရေးဖြစ်စေရန်အတွက် အရေးပါသည့် အကြောင်းအချက်ဖြစ်လာသည်။ အိန္ဒိယ-ပြင်သစ် နှစ်နိုင်ငံဆက်ဆံရေးမှာလည်း အလားတူဖြစ်ပြီး Quad  နှင့် AUKUS ကဲ့သို့ သံတမန်မိတ်ဖက်များ အဖြစ်ပါ အလေးပေးဆောင်ရွက်နေခြင်းဖြစ်သည်။ 


အင်ဒိုပစိဖိတ်ဒေသအတွင်း တရုတ်နိုင်ငံ ၏ခြေဆန့်မှု အလှမ်းကျယ်လာခြင်းကလည်း နိုင်ငံအများအပြားကို မလုံခြုံသကဲ့သို့ ခံစားလာရစေသည် ဟုလည်းဆိုသည်။ တရုတ်နိုင်ငံ၏ ရပ်တည်မှုအပေါ်တွင်လည်း အင်အားသုံးမည့်နိုင်ငံအဖြစ် ရှုမြင်ချက် များရှိသည်။ သို့ဖြစ်ရာ အိန္ဒိယနှင့် ပြင်သစ်ကဲ့သို့သော အင်အားအလယ်အလတ်အဆင့်ရှိသည့် နိုင်ငံများ ကြားတွင် ပိုမိုပူးပေါင်းဆောင်ရွက်မှုများသည် ကျွန်းနိုင်ငံများအတွက် အခွင့် အလမ်းတစ်ရပ် ဖြစ်စေနိုင်သည်။ အထူးသဖြင့် ဖွံ့ဖြိုးရေး၊ လုံခြုံရေး၊ ရာသီဥတု ပြောင်းလဲမှုခံနိုင်ရည်ရှိမှုနှင့် သံတမန်ရေးကိစ္စများ အထိ အကျုံးဝင်သည်။ 


အိန္ဒိယနှင့် ပြင်သစ်နိုင်ငံတို့သည် ကာကွယ်ရေးကဏ္ဍတွင် ပိုမိုပူးပေါင်းဆောင်ရွက်လာ သည်။ အထူးသဖြင့် တိုက်လေယာဉ်အင်ဂျင် ဖွံ့ဖြိုး ရေးကဲ့သို့သော လုပ်ငန်းများတွင် အလေးအနက်ပူး ပေါင်း ဆောင်ရွက်နေကြခြင်းဖြစ်သည်။ ပြင်သစ်နိုင်ငံသည် အိန္ဒိယနိုင်ငံသို့ ဒုတိယအကြီးဆုံး ကာကွယ်ရေး ပစ္စည်းတင်ပို့သည့်နိုင်ငံဖြစ်သည်။ ထို့ပြင် ပြင်သစ်နိုင်ငံသည် အိန္ဒိယနိုင်ငံအတွက် ပြည်တွင်းကာကွယ် ရေးပစ္စည်း ထုတ်လုပ်မှု၊ နည်းပညာမျှဝေမှုနှင့် သုတေသနလုပ်ငန်းအတွက်လည်း အရေးကြီးမိတ်ဖက်နိုင်ငံ ဖြစ်နိုင်ပါသည်။ အိန္ဒိယနိုင်ငံ၏ ဒေသတွင်းရည်မှန်းချက်မှာ ရေကြောင်းကိစ္စရပ်များအပေါ် ရေရှည်အာရုံ စိုက်နိုင်ရေးဖြစ် သည်။ ပြင်သစ်နိုင်ငံ၏ အင်ဒို-ပစိဖိတ်မဟာဗျူဟာမှာ ယခင်အတိုင်းနယ်မြေအချုပ် အခြာကာကွယ်ရေးနှင့် အများနှင့်ဆိုင်သည့် ရေကြောင်းပိုင်နက်များကို အသုံးပြုနိုင်ရေးပင်ဖြစ်သည်။ ပြင်သစ်နိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာနှင့်အိန္ဒိယ သမုဒ္ဒရာနှစ်ခုရှိ နယ်မြေများကို ထိန်းသိမ်းစောင့်ရှောက်ရန် အမေရိကန်-တရုတ် အားပြိုင်မှုကြား ဟန်ချက်ညှိ ပေးသူအဖြစ် သူ့ကိုယ်သူ သဘော ထားနေခြင်း ဖြစ်သည်။ အင်ဒို-ပစိဖိတ်ဒေသတွင် ပြင်သစ်နိုင်ငံ၏ ပါဝင်မှုမှာ တရုတ်နိုင်ငံ၏ ခြိမ်းခြောက်နိုင်စွမ်းရှိမှုကို အသိအ မှတ်ပြုပြီး အမေရိကန်နှင့် နီးစပ်မှုရှိရေးကို ထိန်းသိမ်းရန်မှာ မဖြစ်မနေလိုအပ်သည်။ အိန္ဒိယနှင့် ပြင်သစ်နိုင်ငံတို့သည် ကျွန်းနိုင်ငံများနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရေး နည်းလမ်းရှာဖွေနေပြီး ရာသီဥတု ပြောင်းလဲရေးကိုလည်း အရေးကြီးသော စိန်ခေါ်မှု တစ်ရပ်အဖြစ် လက်ခံထားကြသည်။ နှစ်နိုင်ငံလုံး သည် အိန္ဒိယသမုဒ္ဒရာအတွင်း ပူးပေါင်းဆောင်ရွက်ခဲ့ ကြဖူးသည့် သမိုင်း ကြောင်းလည်းရှိခဲ့သည်။ အထူးသဖြင့် သမားရိုးကျမဟုတ်သည့် လုံခြုံရေးကိစ္စရပ်များ၊ အခြေခံအဆောက်အအုံနှင့် ဘေးအန္တရာယ် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် ခဲ့ကြသည်။ နှစ်နိုင်ငံလုံးသည် Indian Ocean Com­­­mission နှင့်  Indian Ocean Rim Asso­ciation တို့တွင်လည်း ပါဝင်ခဲ့ကြပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးနှင့် အိန္ဒိယသမုဒ္ဒရာ ကျွန်းနိုင်ငံများ၏ ရေ ကြောင်းလုံခြုံရေးကို အာရုံစိုက် ဆောင်ရွက်နေကြခြင်း ဖြစ်သည်။ အိန္ဒိယနှင့် ပြင်သစ်နိုင်ငံတို့သည် လွန်ခဲ့ သည့်နှစ်အတော်ကြာကပင် နည်းပညာကဏ္ဍတွင်လည်း စတင်ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ အထူးသဖြင့် ဥာဏ်ရည်တုနည်းပညာ(AI) နှင့် စက်ဖြင့်လေ့လာခြင်း machine learning (ML) တို့တွင်ဖြစ် သည်။ အိန္ဒိယ၊ အမေရိကန်နှင့် ပြင်သစ် သုံးနိုင်ငံတို့ သည် AI, ML စသည့် ကိစ္စရပ်များနှင့်ပတ်သက်သော အရေးကြီးပလက်ဖောင်းတစ်ခုအနေဖြင့်လည်း ပေါ် ထွက်လာခဲ့ခြင်း ဖြစ်သည်။

 

ကိုလိုနီဝါဒကို ဆန့်ကျင်သူနှင့် ကိုလိုနီပြုခဲ့သူတို့၏ မိတ်ဖက်ဆက်ဆံရေး 

အိန္ဒိယနှင့် ပြင်သစ်နိုင်ငံတို့သည် ၂၀၁၈ ခုနှစ်တွင် အိန္ဒိယသမုဒ္ဒရာအတွက် မဟာဗျူဟာ မျှော်မှန်းချက်တစ်ရပ် ချမှတ်ခဲ့ကြသည်။ နှစ်နိုင်ငံတို့ သည် မဟာဗျူဟာကိစ္စရပ်များအပေါ်တွင် အမြင်ချင်း တူကြသည်။ အိန္ဒိယနိုင်ငံသည် ကိုလိုနီဝါဒကို ကာလ ကြာရှည်ကတည်းက ဆန့်ကျင်ခဲ့သည့်နိုင်ငံဖြစ်ပြီး ပြင်သစ်နိုင်ငံသည် ကိုလိုနီပြုခဲ့သည့် အင်အားကြီး နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့သည်။ သို့သော် လက်ရှိအချိန်တွင် ၎င်းတို့နှစ်နိုင်ငံသည် ကျွန်းနိုင်ငံများရှိ ခေါင်းဆောင် များနှင့်ပူးပေါင်းပြီး မဟာဗျူဟာမျှော်မှန်းချက်ကို ဦးစားပေးဆောင်ရွက်ရမည်ဆိုသည့် သဘောထားအပေါ်တွင် တိုက်ဆိုင်မှုရှိကြသည်။ အိန္ဒိယသမုဒ္ဒရာသည် ပူးပေါင်းဆောင် ရွက်ရေးအတွက်သာမက ဩဇာလွှမ်းမိုးမှုယှဉ်ပြိုင်ရေးအတွက်လည်း စင်မြင့် တစ်ခုဖြစ်နိုင်သည်။ နှစ်နိုင်ငံကြား ပွင့်လင်းမြင်သာ သည့်ဆွေးနွေးမှုများ၊ Track 1.5 နှင့်Track 2 အဆင့်ဆွေးနွေးပွဲများ မကြာခဏပြုလုပ်ခြင်းသည် လည်း နှစ်နိုင်ငံကြားတွင်ရှိနေနိုင်သည့်စိုးရိမ်မှုများ လျော့ပါးသက်သာစေရေးအတွက်လည်း အထောက် အကူဖြစ်စေနိုင်သည်။ 


အိန္ဒိယနှင့် ပြင်သစ်နိုင်ငံတို့သည် အင်ဒို-ပစိဖိတ် လမ်းပြမြေ ပုံအောက်တွင် ရေကြောင်းအရင်းအမြစ်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးနှင့် သတင်းအချက်အလက်မျှဝေရေးအတွက် အခြေခံအ ဆောက်အအုံပိုင်းအတွက်လည်း အစီအမံများ ရေးဆွဲထားကြပြီးဖြစ်သည်။ နျူးကလီးယားလက်နက်ပိုင်ရှင်များ လည်းဖြစ်၊ ကာကွယ်ရေးဘတ်ဂျက် အများအပြား အသုံးပြုသည့်နိုင်ငံများလည်းဖြစ်ကြသည့် နှစ်နိုင်ငံလုံးသည် အမေရိကန်ဦးဆောင်သည့် လုံခြုံ ရေးကွန် ရက်များနှင့် ချိတ်ဆက်ဆောင်ရွက်နေသကဲ့သို့ အင်ဒို-ပစိဖိတ်ဒေသရှိ ကျွန်းနိုင်ငံများနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးတစ်ရပ် ထူထောင်နိုင်ရန် ကြိုးပမ်းနေသည့်နိုင်ငံများလည်း ဖြစ်နေပြန်သည်။ အိန္ဒိယ-ပြင်သစ် မိတ်ဖက်ဖြစ်မှုသည် အင်ဒို-ပစိ ဖိတ် လုံခြုံရေးဗိသုကာကို ပိုမိုခိုင်မာစေနိုင်သည်ဟု လည်း နှစ်နိုင်ငံလုံးက ယူဆထားကြသည်။ 


အိန္ဒိယ၏ မျှော်လင့်ချက်နှင့် စည်းမျဉ်းအခြေပြု ဒေသဆိုင်ရာ အစီအမံ 

တရုတ်နိုင်ငံသည် အမေရိကန်နှင့် ဥရောပပြီးလျှင် ပြင်သစ်၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သည်။ သို့ဖြစ်ရာ ပြင်သစ်သည် နေတိုးအဖွဲ့ ဝင်လည်းဖြစ်နေပြန်ရာ အနောက်နှင့်အရှေ့ကြားတွင် ကြားညပ်နေသကဲ့သို့ ခံစားနေရသည်။ ပြင်သစ်နိုင်ငံ သည် အိန္ဒိယနိုင်ငံ၏ အနာဂတ်အာဖရိက ဗျူဟာအ တွက်လည်း အရေးကြီးသည်။ ပြင်သစ်နိုင်ငံသည် အာဖရိကရှိ ပြင်သစ်စကားပြောနိုင်ငံများအပေါ် ဩဇာကြီးမားသည့်နိုင်ငံလည်းဖြစ်သည်။ အဆိုပါနိုင်ငံ များတွင် ရဝမ်ဒါ၊ နိုင်ဂျာ၊ ဘာကီနာဖာဆို၊ အိုက်ဗရီ ကို့စ်၊ ဆီနီဂေါ၊ ကင်မရွန်း၊ မက်ဒါဂါစကာ၊ ကွန်ဂိုနှင့် အယ်ဂျီးရီးယားနိုင်ငံတို့လည်း ပါဝင်သည်။ ထို့ပြင် အိန္ဒိယနိုင်ငံ၏ ပြင်သစ်နှင့် နှစ်နိုင်ငံဆက်ဆံရေး ချဉ်းကပ်မှုမှာလည်း အီးယူတွင် ゞင်း၏အနာဂတ် ခိုင်မာစေ ရေးအတွက်လည်း အရေးကြီးသည်။ အိန္ဒိယနှင့် အီးယူတို့သည် လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်(FTA) လက်မှတ်ရေးထိုးနိုင်ရေးဆွေးနွေးမှုများ ပြန်လည်စတင်နေသည်။ သို့ဖြစ်ရာ ပြင်သစ်ကဲ့သို့သော စီးပွားရေးအင်အားကြီး အီးယူ အဖွဲ့ဝင်နိုင်ငံနှင့် အပြုသဘောထိတွေ့ဆက် ဆံခြင်းဖြင့် လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက် (FTA)ဖြစ်စဉ် အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်နိုင်ရေး အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်သည်။ 


အိန္ဒိယ-ပြင်သစ် နှစ်နိုင်ငံကြားခိုင်မာသည့် ပူးပေါင်းဆောင် ရွက်မှုမြှင့်တင်ခြင်းသည် ဒေသတွင်း အခြားစိတ်တူကိုယ်တူ မိတ်ဖက်နိုင်ငံများ၏ သံတမန်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကိုလည်း ခိုင်မာ စေနိုင်သည်။ တစ်ချိန်တည်းမှာပင် ပစိဖိတ်ကျွန်းနိုင်ငံ များနှင့်ပူးပေါင်းပြီး ဖွံ့ဖြိုးရေး၊ လုံခြုံရေးနှင့် ရာသီဥတု ပြောင်းလဲရေးတို့ကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ် သည်။ ပြင်သစ်နိုင်ငံ၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာသည် ဒေသတွင်းဆိုင်ရာ အချုပ်အခြာပိုင်ဆိုင်မှုကို ထိန်းသိမ်းရန်နှင့် အများနှင့်ဆိုင်သည့် ရေလမ်း ကြောင်းများ ပွင့်နေစေရေးပင်ဖြစ်သည်။ မကြာသေးမီ နှစ်များအတွင်းက ပြင်သစ်နိုင်ငံသည် အနောက်နိုင်ငံများနှင့် အခြားသော ဒေသတွင်းဆိုင်ရာ နိုင်ငံများနှင့် ပူးတွဲစစ်ရေးလေ့ကျင့်ခြင်းအပါအဝင် အင်ဒို-ပစိဖိတ် ဒေသတွင်ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုများတွင် လည်း တက်ကြွစွာပါဝင်ခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်မှုအရွေ့များ၏ဗဟိုချက်သည် အနောက်မှ ပစိဖိတ်ဒေသသို့ရောက်ရှိလာရာ ပြင်သစ်နိုင်ငံသည် အဆိုပါအရွေ့ကို လိုက်လျောညီထွေဖြစ်စေရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ အိန္ဒိယနှင့်ပြင်သစ် နှစ်နိုင်ငံလုံးသည် ပင်လယ်ပြင်အတွင်း တရုတ်နိုင်ငံနှင့်ပတ် သက်၍ အမေရိကန်၏ မဟာဗျူဟာနောက်သို့ မလိုက်လိုသောနိုင်ငံများဟု သတ်မှတ်နိုင်သည်။ နှစ် နိုင်ငံလုံး၏ အဓိကဦးတည်ချက်မှာ စည်းမျဉ်းအခြေပြုဒေသဆိုင်ရာအစီအမံကိုထိန်းသိမ်းရန်နှင့် ဒေသတွင်းရှိ အရေးပါသည့်နိုင်ငံများနှင့် ပိုမိုပူးပေါင်းဆောင် ရွက်နိုင်မည့် နည်းလမ်းရှာဖွေရန်ပင် ဖြစ်သည်။ 


ပြင်သစ်နိုင်ငံသည် နေတိုးအဖွဲ့ဝင်ဖြစ် သော်လည်း အမေရိကန်၏ လောင်းရိပ်အောက်တွင် ရှိမနေဘဲ လွတ်လပ်သည့်နိုင်ငံခြားရေးမူဝါဒကို ကျင့် သုံးသည့်နိုင်ငံဖြစ်သည်။ အလားတူ အိန္ဒိယနိုင်ငံ သည်လည်း လွတ်လပ်သည့်နိုင်ငံခြားရေးမူဝါဒ ကျင့် သုံးသည့်  nation-state နိုင်ငံအဖြစ် နာမည်ရသည်။ အင်ဒို-ပစိဖိတ်ဒေသသည် ပထဝီနိုင်ငံရေး၊ ပထဝီစီး ပွားရေး အကျိုးစီးပွားများဖြင့်ရှုပ်ထွေးပြီး ယှဉ်ပြိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ထိပ်တိုက်ရင်ဆိုင် ခြင်းဆိုသည့် နယ်ပယ်များရှိနေကြသည်။ အိန္ဒိယနှင့် ပြင်သစ်တို့သည် ၁၉၉၈ ခုနှစ်ကတည်းက မဟာဗျူ ဟာမိတ်ဖက်အဖြစ်ရှိနေပြီး တည်ငြိမ်သည့်ဆက်ဆံ ရေးကို ထိန်းထားနိုင်ကြသည်။ 


နှစ်နိုင်ငံ အကျိုးစီးပွားဆုံမှတ် 

အင်အားကြီးနိုင်ငံများသည် ဒေသတွင်းတွင် အင်အားပြိုင်ဆိုင်မှုပြင်းထန်လာသည်နှင့်အမျှ အိန္ဒိယနှင့် ပြင်သစ်နိုင်ငံတို့သည်လည်း ငြိမ်းချမ်း သော၊ လွတ်လပ်ပွင့်လင်းပြီး အားလုံးပါဝင်သော အင် ဒို-ပစိဖိတ်ဒေသဖြစ်လာရေးကို အစွမ်းကုန်ကြိုးပမ်း လာကြခြင်းဖြစ်သည်။ အိန္ဒိယနှင့် ပြင်သစ်တို့သည် အင်ဒို-ပစိဖိတ်ဒေသတွင်းရှိ အရေးပါသည့် စီးပွားရေးနှင့် ပထဝီနိုင်ငံ ရေး အကျိုးစီးပွားများရှိနေကြသည့် နိုင်ငံများလည်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အဆိုပါ အင်အားကြီးနှစ်နိုင်ငံသည် ၂၀၁၈ ခုနှစ် က လက်မှတ်ရေးထိုးခဲ့သည့် အိန္ဒိယသမုဒ္ဒရာရှိ အိန္ဒိယ-ပြင်သစ် ပူးပေါင်းဆောင်ရွက်ရေး Joint Strategic Vision အောက်တွင် ၎င်းတို့၏ မိတ်ဖက်ဖြစ်မှုကို ပိုမိုမြှင့်တင်ဆောင်ရွက်နေကြခြင်းဖြစ်သည်။ အိန္ဒိယနှင့် ပစိဖိတ်သမုဒ္ဒရာနှစ်ခုလုံးတွင် ကိုလိုနီနိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှု အသားကျပြီး ဖြစ်သည့် ပြင်သစ်နိုင်ငံသည် အင်ဒို-ပစိဖိတ်ဒေသကို သဘာဝအရင်းအမြစ် (geographical reality) ကြွယ်ဝသည့်ဒေသတစ်ခုအဖြစ် ရှုမြင်ထားသည်။ ပြင်သစ်အထူးစီးပွားရေး သီးသန့်ဇုန်၏ ၉၃ ရာခိုင်နှုန်း သည် အင်ဒို-ပစိဖိတ်ဒေသတွင်တည်ရှိသည်။ ပြင်သစ်တပ်ဖွဲ့ဝင် ၈၃၀ဝ ကိုလည်း ဒေသတွင်းတွင် ဖြန့်ကြက်ချထားသည်။ ယင်းမှာ အင်ဒို-ပစိဖိတ်ဒေသ သည် ပြင်သစ်နိုင်ငံအတွက် မဟာဗျူဟာမြောက် အရေးကြီးကြောင်း သက်သေထူလိုက်ခြင်းပင်ဖြစ် သည်။ ပစိဖိတ်ဒေသရှိ အကျိုးစီးပွားများကို ထိန်း သိမ်းရန်နှင့် တရုတ်နှင့် အမေရိကန်တို့၏ အားပြိုင် မှုကြား ဟန်ချက်ညှိလိုသည့် ပြင်သစ်၊ ပြင်သစ်မှ တစ်ဆင့် အီးယူနှင့် အာဖရိကသို့ထိုးဖောက်ရန် ရည် မှန်းချက်နှင့် ပြင်သစ်ထံကနေ ကာကွယ်ရေးပစ္စည်းများ ဝယ်ယူရန်လိုလားနေသည့်အိန္ဒိယတို့၏ အကျိုးစီးပွား ဆုံမှတ်အဖြစ်တွေ့ကြရာ နှစ်နိုင်ငံခေါင်းဆောင်များ အပြန်အလှန်လည်ပတ်ခြင်းတို့ ဖြစ်လာရသည်ဟု သုံးသပ်ရသည်။                                        


References : The French Connection: India-France Partnership for the Indo-Pacific Zeitgeist, Is France India’s Strategic Choice¿ India- France Relations: New Avenues For Cooperation in the Indo-Pacific 


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နန်ကျောက်သမိုင်း နှင့် ပျူနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခြင်း

RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved